တောင်ငူမြို့နယ်တွင် PDF အဖွဲ့က လင်မယား(၂)ဦးအား ဖမ်းဆီး၍ သားသမီးများရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွား

17019
NP News -ဒီဇင်ဘာ ၄
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် PDF အဖွဲ့က လင်မယား(၂)ဦးအား ဖမ်းဆီး၍ သားသမီးများရှိနေသည့် နေအိမ်ရှေ့၌ပင် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်၊ ည ၇နာရီခွဲတွင် တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးဝင်ရွှေ(၅၇)နှစ် နှင့် ဒေါ်ကြည်အေး(၅၃)တို့သည့် ၎င်းတို့နေအိမ်၌ သားသမီး(၃)ဦးနှင့်အတူရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးမှ ရောက်ရှိလာပြီး ဦးဝင်ရွှေနှင့် ဒေါ်ကြည်အေးတို့လင်မယားနှစ်ဦးအား နေအိမ်ရှေ့သို့ဖမ်းဆီးခေါ်ဆောင်ကာ ဒူးထောက်ခိုင်းပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းရွှေတွင် ဦးခေါင်း၊ ဝဲမျက်လုံး၊ ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက် နှင့် ဒေါ်ကြည်အေး၌ မေးအောက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူလင်မယား(၂)ဦး၏ ရုပ်အလောင်းများအား စစ်ဆေးနိုင်ရန်တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်းပေးထားပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းလျက် ရှိကြောင်း သိရသည်။

zawgyi version
ေတာင္ငူၿမိဳ႕နယ္တြင္ PDF အဖြဲ႕က လင္မယား(၂)ဦးအား ဖမ္းဆီး၍ သားသမီးမ်ားေရွ႕၌ပင္ ပစ္ခတ္သတ္ျဖတ္မႈျဖစ္ပြား
NP News -ဒီဇင္ဘာ ၄
ပဲခူးတိုင္း၊ ေတာင္ငူၿမိဳ႕နယ္တြင္ PDF အဖြဲ႕က လင္မယား(၂)ဦးအား ဖမ္းဆီး၍ သားသမီးမ်ားရွိေနသည့္ ေနအိမ္ေရွ႕၌ပင္ ပစ္ခတ္သတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ႏိုဝင္ဘာလ ၃၀ ရက္၊ ည ၇နာရီခြဲတြင္ ေတာင္ငူၿမိဳ႕နယ္၊ ႀကိဳ႕ပင္ဆိပ္ေက်း႐ြာတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ဦးဝင္ေ႐ႊ(၅၇)ႏွစ္ ႏွင့္ ေဒၚၾကည္ေအး(၅၃)တို႔သည့္ ၎တို႔ေနအိမ္၌ သားသမီး(၃)ဦးႏွင့္အတူရွိေနစဥ္ PDF အဖြဲ႕ဝင္(၆)ဦးမွ ေရာက္ရွိလာၿပီး ဦးဝင္ေ႐ႊႏွင့္ ေဒၚၾကည္ေအးတို႔လင္မယားႏွစ္ဦးအား ေနအိမ္ေရွ႕သို႔ဖမ္းဆီးေခၚေဆာင္ကာ ဒူးေထာက္ခိုင္းၿပီး ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။
ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးဝင္းေ႐ႊတြင္ ဦးေခါင္း၊ ဝဲမ်က္လုံး၊ ရင္ဘတ္တို႔၌ က်ည္ေဖာက္ဝင္ဒဏ္ရာ(၃)ခ်က္ ႏွင့္ ေဒၚၾကည္ေအး၌ ေမးေအာက္က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္တို႔ရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူလင္မယား(၂)ဦး၏ ႐ုပ္အေလာင္းမ်ားအား စစ္ေဆးႏိုင္ရန္ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္းေပးထားၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းလ်က္ ရွိေၾကာင္း သိရသည္။