ရုရှားနိုင်ငံက စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦးသေဆုံး

 112

Pika (NP News) - သြဂုတ် ၁၈
ရုရှားနိုင်ငံ Ryazan ဒေသက စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့ပြီး အခြားလူ (၁၃ဝ)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားရဲ့အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မော်စကိုမြို့ အရှေ့တောင်ဘက် (၃၂၀)ကီလိုမီတာအကွာမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ပွားရာနေရာမှာ ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရုရှားရဲ့ အရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီစက်ရုံရဲ့အလုပ်လုပ်ရာနေရာမှာ မီးစတင်လောင်ကျွမ်းခဲ့မှုနဲ့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Ryazan ဒေသအုပ်ချုပ်ရေးမှူး ပါဗယ်လ်မယ်လ်ကို့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေနဲ့ အဲဒီစက်ရုံက ဘာတွေထုတ်လုပ်သလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ သိရပါတယ်။ ယူကရိန်းတပ်ဖွဲ့ရဲ့ဒရုန်းတွေဟာ Ryazanဒေသမှာရှိတဲ့ စစ်ဘက်နဲ့စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦးတွေကို ယခင်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
အဲဒီစက်ရုံက ယမ်းမှုန့်တွေ မီးလောင်ကျွမ်းမှုနဲ့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပုံပေါ်တယ်လို့ ရုရှားမီဒီယာအချို့က ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
႐ုရွားႏိုင္ငံက စက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦးေသဆုံး
Pika (NP News) - ၾသဂုတ္ ၁၈
႐ုရွားႏိုင္ငံ Ryazan ေဒသက စက္႐ုံတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၁)ဦးေသဆုံးခဲ့ၿပီး အျခားလူ (၁၃ဝ)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ႐ုရွားရဲ႕အေရးေပၚဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေမာ္စကိုၿမိဳ႕ အေရွ႕ေတာင္ဘက္ (၃၂၀)ကီလိုမီတာအကြာမွာျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈျဖစ္ပြားရာေနရာမွာ ကယ္ဆယ္ေရးသမားေတြက ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားရဲ႕ အေရးေပၚဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီစက္႐ုံရဲ႕အလုပ္လုပ္ရာေနရာမွာ မီးစတင္ေလာင္ကြၽမ္းခဲ့မႈနဲ႔အတူ ေပါက္ကြဲမႈျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ Ryazan ေဒသအုပ္ခ်ဳပ္ေရးမႉး ပါဗယ္လ္မယ္လ္ကို႔ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားရတဲ့အေၾကာင္းအရင္းေတြနဲ႔ အဲဒီစက္႐ုံက ဘာေတြထုတ္လုပ္သလဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြ ကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ သိရပါတယ္။ ယူကရိန္းတပ္ဖြဲ႕ရဲ႕ဒ႐ုန္းေတြဟာ Ryazanေဒသမွာရွိတဲ့ စစ္ဘက္နဲ႔စီးပြားေရးဆိုင္ရာ အေျခခံအေဆာက္အဦးေတြကို ယခင္က ပစ္မွတ္ထား တိုက္ခိုက္ခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။
အဲဒီစက္႐ုံက ယမ္းမႈန႔္ေတြ မီးေလာင္ကြၽမ္းမႈနဲ႔အတူ ေပါက္ကြဲမႈျဖစ္ပြားခဲ့ပုံေပၚတယ္လို႔ ႐ုရွားမီဒီယာအခ်ိဳ႕က ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.