ထိုင်းနိုင်ငံရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ ရုံးပိတ်ရက်ကို ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာ

2578
စော (NP News) - ဒီဇင်ဘာ ၆
ထိုင်းနိုင်ငံရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၏ ရုံးပိတ်ရက်ကို ပြောင်းလဲသတ်မှတ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ယနေ့(ဒီဇင်ဘာ ၆ ရက်) တွင် အသိပေးကြေညာထားသည်။
ထိုင်းနိုင်ငံ၊ စမုစာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်၊ ယာယီအချက် အလက်ကောက်ယူရေးဌာနခွဲ (TDCC) ရုံး၏ ရုံးပိတ်ရက်ကို အပတ်စဉ် တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်လျက်ရှိရာ ရုံးပိတ်ရက်အဖြစ် တနင်္လာနေ့အား ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် (ဒီဇင်ဘာ ၁ဝ ရက်) တွင် TDCC ရုံးဖွင့်လှစ်မည်ဖြစ်ကာ (ဒီဇင်ဘာ ၁၁ ရက်)တွင် ရုံးပိတ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ထို့ကြောင့် အပတ်စဉ် တနင်္လာနေ့တိုင်း၌ ရုံးပိတ်မည်ဖြစ်ကြောင်း အလုပ်သမားသံအရာရရှိရုံးမှ အသိပေးထုတ်ပြန် ထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား သန်းချီရှိနေပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်းစဉ်များတွင် အခက်အခဲဖြစ်ပေါ်မှုများရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံရွိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္၏ ႐ုံးပိတ္ရက္ကို ေျပာင္းလဲသတ္မွတ္ေၾကာင္း ေၾကညာ
ေစာ (NP News) - ဒီဇင္ဘာ ၆
ထိုင္းႏိုင္ငံရွိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္၏ ႐ုံးပိတ္ရက္ကို ေျပာင္းလဲသတ္မွတ္ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးက ယေန႔(ဒီဇင္ဘာ ၆ ရက္) တြင္ အသိေပးေၾကညာထားသည္။
ထိုင္းႏိုင္ငံ၊ စမုစာခြန္ခ႐ိုင္၊ မဟာခ်ိဳင္ၿမိဳ႕ရွိ သာမန္ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရးဌာနစိတ္၊ ယာယီအခ်က္ အလက္ေကာက္ယူေရးဌာနခြဲ (TDCC) ႐ုံး၏ ႐ုံးပိတ္ရက္ကို အပတ္စဥ္ တနဂၤေႏြေန႔အျဖစ္ သတ္မွတ္ေဆာင္႐ြက္ခဲ့ ေၾကာင္း သိရသည္။
ထို႔သို႔ေဆာင္႐ြက္လ်က္ရွိရာ ႐ုံးပိတ္ရက္အျဖစ္ တနလၤာေန႔အား ေျပာင္းလဲသတ္မွတ္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လာမည့္ (ဒီဇင္ဘာ ၁ဝ ရက္) တြင္ TDCC ႐ုံးဖြင့္လွစ္မည္ျဖစ္ကာ (ဒီဇင္ဘာ ၁၁ ရက္)တြင္ ႐ုံးပိတ္မည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
ထို႔ေၾကာင့္ အပတ္စဥ္ တနလၤာေန႔တိုင္း၌ ႐ုံးပိတ္မည္ျဖစ္ေၾကာင္း အလုပ္သမားသံအရာရရွိ႐ုံးမွ အသိေပးထုတ္ျပန္ ထားသည္။
လက္ရွိတြင္ ထိုင္းႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသား သန္းခ်ီရွိေနၿပီး ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးလုပ္ငန္းစဥ္မ်ားတြင္ အခက္အခဲျဖစ္ေပၚမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။