နယ်မြေမတည်ငြိမ်သောဒေသများတွင် ရှားပါးတိရစ္ဆာန်များအတွက် စိုးရိမ်ရသည့်အခြေအနေရှိနေ

443

စော (NP News) - အောက်တိုဘာ ၂၉
နယ်မြေမတည်ငြိမ်သော ဒေသများတွင် ရှားပါးတိရစ္ဆာန်များအတွက် စိုးရိမ်ရသည့်အခြေ အနေတွင် ရှိနေကြောင်း တိရစ္ဆာန်မျိုးစိတ်များကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက NP News ကိုပြောသည်။
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထိန်းသိမ်းရန်သတ်မှတ်ထားသော ကြောင်မျိုးရင်းဝင် အင်းကျားတစ်ကောင် အသတ်ခံခဲ့သည့်ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ယင်းမျိုးစိတ် သည် IUCN အနီရောင်စာရင်း တွင် မျိုးတုံးရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ် ထားခဲ့သည်။
" နယ်မြေအခြေအနေ မတည်ငြိမ်မှုတွေ ကြောင့် မျိုးတုံးမှုအန္တရာယ်ရင်ဆိုင်နေရတဲ့ တိရစ္ဆာန် တွေအတွက် အများကြီးစိုးရိမ်ရပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ လက်နက်သံတွေကြောင့်၊ သူတို့နေထိုင် ကျက်စားတဲ့ Habitat တွေ ပျက်စီးမှု၊ နယ်မြေ မတည်ငြိမ်မှုတွေနဲ့အတူတူ Wild Life Trade တွေက ပိုပြီးတော့မှများပြားလာနိုင်တယ်။ အဲဒီနေရာတွေမှာကျတော့ ဒီလိုမျိုး Wild Life တွေကျတော့ ထိန်းသိမ်းစောင့်ရှောက်မှု အပြည့်အဝ ကာကွယ်မပေးနိုင် တဲ့အတွက်ကြောင့်မို့လို့ နယ်မြေမ တည်ငြိမ်တွေမှာ ရှိနေတယ်"ဟု ၎င်းကဆိုသည်။
ထိုသို့ ထိန်းသိမ်းစောင့်ရှောက်မှု မပြုလုပ် နိုင်သည့် သင်းခွေချပ်၊ ပန်ဒါနီကဲ့သို့သော မျိုးတုံးမှုအန္တရာယ်ကိုရင်ဆိုင်နေရသောမျိုးစိတ်များကို စား သောက်ရန်နှင့် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးရန် ရောင်းချခြင်းခံနေရပြီး တွင်ကျယ်လာကြောင်း ၎င်း ကဆိုသည်။ “အကောင်ကြီးမျိုးစိတ်တွေ နို့တိုက် သတ္တဝါမျိုးစိတ်တွေက ပိုပြီးတော့ စိုးရိမ်ရပါတယ်။ ပြီးရင် နို့တိုက်သတ္တဝါမျိုးစိတ်ပဲလားဆိုတော့ မဟုတ် ဘူး။ ဒီလိုမငြိမ်သက်မှုဖြစ်တဲ့နေရာတွေမှာ သေနတ် သံတွေ ဗုံးတွေကြောင့် အဲဒီနေရာမှာရှိနေတဲ့ မြွေ၊ ဖား လေးတွေ အဲဒီဂေဟစနစ်မှာရှိနေတဲ့ မျိုးစုံ မျိုးကွဲတွေ အတွက်လည်းပဲ သုံးလိုက်တဲ့လက်နက်တွေကြောင့်ပဲ အများကြီးစိုးရိမ်ရပါတယ်။ သူတို့ရဲ့နေထိုင်ကျက်စား တဲ့နေရာတွေ ပျက်စီးသွားတဲ့အတွက်ကြောင့်ပဲလည်း သူတို့တွေ မျိုးဆက်မပွားနိုင်ဘဲ တိုးပွားမှုနှုန်းက လျော့ကျလာနိုင်ပါတယ်”ဟု ၎င်းကဆက်လက်ပြော သည်။ ထို့ပြင် အခြားအကောင်ကြီးမျိုးစိတ်များ နှင့် နို့တိုက်သတ္တဝါမျိုးစိတ်များကလည်း မြေမြှုပ်မိုင်း များ၊ စစ်ကျန်လက်နက်များ ကလည်း မြေမြှုပ်မိုင်းများ၊ စစ်ကျန်လက်နက်များကို တက်နင်းမိနိုင်သောကြောင့် စိုးရိမ်ရကြောင်း ၎င်းက ထောက်ပြထားသည်။

Zawgyi Version:
နယ္ေျမမတည္ၿငိမ္ေသာေဒသမ်ားတြင္ ရွားပါးတိရစာၦန္မ်ားအတြက္ စိုးရိမ္ရသည့္အေျခအေနရွိေန
ေစာ (NP News) - ေအာက္တိုဘာ ၂၉
နယ္ေျမမတည္ၿငိမ္ေသာ ေဒသမ်ားတြင္ ရွားပါးတိရစာၦန္မ်ားအတြက္ စိုးရိမ္ရသည့္အေျခ အေနတြင္ ရွိေနေၾကာင္း တိရစာၦန္မ်ိဳးစိတ္မ်ားကို ေစာင့္ၾကည့္ေလ့လာေနသူတစ္ဦးက NP News ကိုေျပာသည္။
မေကြးတိုင္း ၊ ပခုကၠဴခ႐ိုင္ ၊ ေပါက္ၿမိဳ႕နယ္ တြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ထိန္းသိမ္းရန္သတ္မွတ္ထားေသာ ေၾကာင္မ်ိဳးရင္းဝင္ အင္းက်ားတစ္ေကာင္ အသတ္ခံခဲ့သည့္ဓာတ္ပုံမ်ား လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ေနၿပီး ယင္းမ်ိဳးစိတ္ သည္ IUCN အနီေရာင္စာရင္း တြင္ မ်ိဳးတုံးရန္အႏၲရာယ္က်ေရာက္ႏိုင္ေသာ မ်ိဳးစိတ္အျဖစ္ သတ္မွတ္ ထားခဲ့သည္။
" နယ္ေျမအေျခအေန မတည္ၿငိမ္မႈေတြ ေၾကာင့္ မ်ိဳးတုံးမႈအႏၲရာယ္ရင္ဆိုင္ေနရတဲ့ တိရစာၦန္ ေတြအတြက္ အမ်ားႀကီးစိုးရိမ္ရပါတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ လက္နက္သံေတြေၾကာင့္၊ သူတို႔ေနထိုင္ က်က္စားတဲ့ Habitat ေတြ ပ်က္စီးမႈ၊ နယ္ေျမ မတည္ၿငိမ္မႈေတြနဲ႔အတူတူ Wild Life Trade ေတြက ပိုၿပီးေတာ့မွမ်ားျပားလာႏိုင္တယ္။ အဲဒီေနရာေတြမွာက်ေတာ့ ဒီလိုမ်ိဳး Wild Life ေတြက်ေတာ့ ထိန္းသိမ္းေစာင့္ေရွာက္မႈ အျပည့္အဝ ကာကြယ္မေပးႏိုင္ တဲ့အတြက္ေၾကာင့္မို႔လို႔ နယ္ေျမမ တည္ၿငိမ္ေတြမွာ ရွိေနတယ္"ဟု ၎ကဆိုသည္။
ထိုသို႔ ထိန္းသိမ္းေစာင့္ေရွာက္မႈ မျပဳလုပ္ ႏိုင္သည့္ သင္းေခြခ်ပ္၊ ပန္ဒါနီကဲ့သို႔ေသာ မ်ိဳးတုံးမႈအႏၲရာယ္ကိုရင္ဆိုင္ေနရေသာမ်ိဳးစိတ္မ်ားကို စား ေသာက္ရန္ႏွင့္ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးရန္ ေရာင္းခ်ျခင္းခံေနရၿပီး တြင္က်ယ္လာေၾကာင္း ၎ ကဆိုသည္။ “အေကာင္ႀကီးမ်ိဳးစိတ္ေတြ ႏို႔တိုက္ သတၱဝါမ်ိဳးစိတ္ေတြက ပိုၿပီးေတာ့ စိုးရိမ္ရပါတယ္။ ၿပီးရင္ ႏို႔တိုက္သတၱဝါမ်ိဳးစိတ္ပဲလားဆိုေတာ့ မဟုတ္ ဘူး။ ဒီလိုမၿငိမ္သက္မႈျဖစ္တဲ့ေနရာေတြမွာ ေသနတ္ သံေတြ ဗုံးေတြေၾကာင့္ အဲဒီေနရာမွာရွိေနတဲ့ ေႁမြ၊ ဖား ေလးေတြ အဲဒီေဂဟစနစ္မွာရွိေနတဲ့ မ်ိဳးစုံ မ်ိဳးကြဲေတြ အတြက္လည္းပဲ သုံးလိုက္တဲ့လက္နက္ေတြေၾကာင့္ပဲ အမ်ားႀကီးစိုးရိမ္ရပါတယ္။ သူတို႔ရဲ႕ေနထိုင္က်က္စား တဲ့ေနရာေတြ ပ်က္စီးသြားတဲ့အတြက္ေၾကာင့္ပဲလည္း သူတို႔ေတြ မ်ိဳးဆက္မပြားႏိုင္ဘဲ တိုးပြားမႈႏႈန္းက ေလ်ာ့က်လာႏိုင္ပါတယ္”ဟု ၎ကဆက္လက္ေျပာ သည္။ ထို႔ျပင္ အျခားအေကာင္ႀကီးမ်ိဳးစိတ္မ်ား ႏွင့္ ႏို႔တိုက္သတၱဝါမ်ိဳးစိတ္မ်ားကလည္း ေျမျမႇဳပ္မိုင္း မ်ား၊ စစ္က်န္လက္နက္မ်ား ကလည္း ေျမျမႇဳပ္မိုင္းမ်ား၊ စစ္က်န္လက္နက္မ်ားကို တက္နင္းမိႏိုင္ေသာေၾကာင့္ စိုးရိမ္ရေၾကာင္း ၎က ေထာက္ျပထားသည္။