ရန်ကုန်မြို့တွင် ရပ်ထားသည့်သဲကားအား TOWN ACE ကားမှအရှိန်လွန်ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

 2623

သန့်ဇင်(NP News) - ဒီဇင်ဘာ ၈

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ထားသည့် သဲကားတစ်စီးအား TOWN ACE ကားမှအရှိန်လွန်ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၇ ရက်)၊ ည ၁၀ နာရီကျော်အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမပေါ်၊ ချမ်းအေးမှတ်တိုင် နှင့် ဝေဘူးလမှတ်တိုင်ကြားရှိ အဲဗားဆောင်လုပ်ရေးဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါလမ်းပေါ်တွင် ရပ်ထားသည့်သဲကားတစ်စီးအား TOWN ACE ကားကအရှိန်လွန် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်၊

ထိုသို့ ဝင်တိုက်မိမှုကြောင့် TOWN ACE ကားပေါ်မှ အသက်(၃၅)နှစ်ရှိ ဦးနေဇော်ထွေးသည် ကားခေါင်းခန်းအတွင်းညပ်ကာ ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် ဆန်ရေလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ရပ္ထားသည့္သဲကားအား TOWN ACE ကားမွအရွိန္လြန္ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရ

သန႔္ဇင္(NP News) - ဒီဇင္ဘာ ၈

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္တြင္ ရပ္ထားသည့္ သဲကားတစ္စီးအား TOWN ACE ကားမွအရွိန္လြန္ဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း Medical လူငယ္မ်ားလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဒီဇင္ဘာလ ၇ ရက္)၊ ည ၁၀ နာရီေက်ာ္အခ်ိန္ခန႔္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သံသုမာလမ္းမေပၚ၊ ခ်မ္းေအးမွတ္တိုင္ ႏွင့္ ေဝဘူးလမွတ္တိုင္ၾကားရွိ အဲဗားေဆာင္လုပ္ေရးဆိုင္ေရွ႕၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

အဆိုပါလမ္းေပၚတြင္ ရပ္ထားသည့္သဲကားတစ္စီးအား TOWN ACE ကားကအရွိန္လြန္ ဝင္တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္၊

ထိုသို႔ ဝင္တိုက္မိမႈေၾကာင့္ TOWN ACE ကားေပၚမွ အသက္(၃၅)ႏွစ္ရွိ ဦးေနေဇာ္ေထြးသည္ ကားေခါင္းခန္းအတြင္းညပ္ကာ ေျခေထာက္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား ေျမျပင္ေဆးကုသမႈမ်ားျပဳလုပ္ေပးၿပီးေနာက္ ဆန္ေရလူမႈကူညီေရးအသင္းမွ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ စံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.