နော်ဝေးအိမ်ရှေ့မင်းသမီးရဲ့သားဖြစ်သူကို အဓမ္မပြုကျင့်မှု(၄)ခုအပြင် အခြားအကြမ်းဖက်မှုတွေနဲ့ တရားစွဲ

 515

Pika (NP News) - သြဂုတ် ၂ဝ
နော်ဝေးအိမ်ရှေ့မင်းသမီးရဲ့သားဖြစ်သူကို အဓမ္မပြုကျင့်မှု(၄)ခု၊ အကြမ်းဖက်မှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု တွေ အပါအဝင် ပြစ်မှု(၃၂)မှုနဲ့ တရားစွဲဆိုထားတယ်လို့ အစိုးရရှေ့နေတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နော်ဝေးအိမ်ရှေ့မင်းသမီးရဲ့သားဖြစ်သူ Marius Borg Hoiby ဟာ ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သံသယတွေနဲ့အတူ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ(၄)ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတာလည်းဖြစ်ပါတယ်။
Marius Borg Hoiby ကို တရားစွဲဆိုထားတဲ့စွဲချက်တွေမှာ အဓမ္မပြုကျင့်မှု(၄)ကြိမ်အပြင် ချစ်သူဟောင်းကို အိမ်တွင်းအကြမ်းဖက်မှု၊ အခြားအကြမ်းဖက်မှုအများအပြား နဲ့ ငြိမ်းချမ်းရေးကို နှောင့်ယှက်မှုတို့ ပါဝင်တယ်လို့ လည်း သိရပါတယ်။ ဒါ့ပြင် သဘောတူညီမှုတွေမရှိဘဲ အမျိုးသမီးအများအပြားကို လိင်ပိုင်းဆိုင်ရာရိုက်ကူးမှုတွေနဲ့ လည်း စွဲချက်တင်ထားတယ်လို့ အစိုးရရှေ့နေ Sturla Henriksbo က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Sturla Henriksbo က “တရားစွဲဆိုထားတဲ့ပြစ်မှုတွေအတွက် အမြင့်ဆုံးပြစ်ဒဏ်ကတော့ ထောင်ဒဏ်(၁၀)နှစ် အထိ ချမှတ်နိုင်ပါတယ်။ ဒီလုပ်ရပ်တွေဟာ ရေရှည်ကျန်ရှိနိုင်တဲ့အမာရွတ်တွေကို ချန်ထားခဲ့နိုင်ပြီး အသက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့အထိ ပြင်းထန်တဲ့လုပ်ရပ်တွေပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေနာ္ေဝးအိမ္ေရွ႕မင္းသမီးရဲ႕သားျဖစ္သူကို အဓမၼျပဳက်င့္မႈ(၄)ခုအျပင္ အျခားအၾကမ္းဖက္မႈေတြနဲ႔ တရားစြဲ
Pika (NP News) - ၾသဂုတ္ ၂ဝ
ေနာ္ေဝးအိမ္ေရွ႕မင္းသမီးရဲ႕သားျဖစ္သူကို အဓမၼျပဳက်င့္မႈ(၄)ခု၊ အၾကမ္းဖက္မႈနဲ႔ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈ ေတြ အပါအဝင္ ျပစ္မႈ(၃၂)မႈနဲ႔ တရားစြဲဆိုထားတယ္လို႔ အစိုးရေရွ႕ေနတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေနာ္ေဝးအိမ္ေရွ႕မင္းသမီးရဲ႕သားျဖစ္သူ Marius Borg Hoiby ဟာ ခ်စ္သူေကာင္မေလးကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈေတြလုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ သံသယေတြနဲ႔အတူ ၿပီးခဲ့တဲ့ႏွစ္ ဩဂုတ္လ(၄)ရက္မွာ ဖမ္းဆီးခံခဲ့ရၿပီး ေနာက္ပိုင္းကတည္းက စုံစမ္းစစ္ေဆးမႈေတြကို ခံေနရတာလည္းျဖစ္ပါတယ္။
Marius Borg Hoiby ကို တရားစြဲဆိုထားတဲ့စြဲခ်က္ေတြမွာ အဓမၼျပဳက်င့္မႈ(၄)ႀကိမ္အျပင္ ခ်စ္သူေဟာင္းကို အိမ္တြင္းအၾကမ္းဖက္မႈ၊ အျခားအၾကမ္းဖက္မႈအမ်ားအျပား နဲ႔ ၿငိမ္းခ်မ္းေရးကို ေႏွာင့္ယွက္မႈတို႔ ပါဝင္တယ္လို႔ လည္း သိရပါတယ္။ ဒါ့ျပင္ သေဘာတူညီမႈေတြမရွိဘဲ အမ်ိဳးသမီးအမ်ားအျပားကို လိင္ပိုင္းဆိုင္ရာ႐ိုက္ကူးမႈေတြနဲ႔ လည္း စြဲခ်က္တင္ထားတယ္လို႔ အစိုးရေရွ႕ေန Sturla Henriksbo က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Sturla Henriksbo က “တရားစြဲဆိုထားတဲ့ျပစ္မႈေတြအတြက္ အျမင့္ဆုံးျပစ္ဒဏ္ကေတာ့ ေထာင္ဒဏ္(၁၀)ႏွစ္ အထိ ခ်မွတ္ႏိုင္ပါတယ္။ ဒီလုပ္ရပ္ေတြဟာ ေရရွည္က်န္ရွိႏိုင္တဲ့အမာ႐ြတ္ေတြကို ခ်န္ထားခဲ့ႏိုင္ၿပီး အသက္ေတြကို ဖ်က္ဆီးပစ္ႏိုင္တဲ့အထိ ျပင္းထန္တဲ့လုပ္ရပ္ေတြပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.