ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် ဂျပန်သို့သွားရောက်လိုသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေဟု ဂျပန်သံရုံး သတိပေး

 2364

Pearl (NP News) - ဒီဇင်ဘာ ၁ဝ

ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် ဂျပန်သို့သွားရောက်လိုသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဂျပန်သံရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် မိမိကိုယ်‌‌ရေးအချက်အလက် (အမည်၊ မွေးနေ့သက္ကရာဇ်) များကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည်နေထိုင်ခွင့်ကတ်ပြား (Certificate of Eligibility) ကိုင်ဆောင်၍ သံရုံးတွင် ဗီဇာလျှောက်ထားမှုများ တွေ့ရကြောင်း ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။

ထိုသို့ပြောင်းလဲထားသော မှန်ကန်မှုမရှိသည့် ကိုယ်ရေးအချက်အလက်အတုများဖြင့် လျှောက်ထားလာပါက ဗီဇာ ထုတ်ပေး၍ မရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန် ဂျပန်သို့သွားရောက်လိုသူများ နှင့် ပတ်သက်သော ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိသော်လည်း မသမာသော နည်းလမ်းများကို အသုံးပြုနေသည့် ဘာသာစကားသင်တန်းကျောင်းများ နှင့် ပွဲစားများလည်း ရှိကြောင်း သံရုံးက ဆက်လက်အသိပေးထားသည်။

ထို့ကြောင့်အချက်အလက် အစစ်အမှန်မဟုတ်သောစာရွက်စာတမ်းများဖြင့် လျှောက်ထားသူများအား ဗီဇာထုတ် ပေးမည်မဟုတ်သောကြောင့် ဂျပန်နိုင်ငံသို့သွားရောက်လိုသူများအနေဖြင့် ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်း များ နှင့် ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မကြုံတွေ့ရန်အတွက် အထူးသတိပြုရန် မေတ္တာရပ်ခံတိုက်တွန်း ထားသည်။

ထို့အတူ ယုံကြည်ရသောသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဟုတ်/မဟုတ် စုံစမ်းလေ့လာ ပြီးမှသာ ကျောင်းအပ်ခြင်းဆောင်ရွက်ရန် နှင့် COE စသည်တို့၏ လျှောက်လွှာစာရွက်စာတမ်းများအား ကိုယ်စား လှယ်နှင့် ပွဲစားများကို ယုံကြည်အပ်နှံမှုမပြုဘဲ မိမိကိုယ်တိုင်ပြင်ဆင်၍ စစ်ဆေးအတည်ပြုရန် အသိပေးထားသည်။

အလားတူ ထုတ်ယူရရှိထားသော COE သည် မိမိကိုယ်ပိုင်နာမည် ဟုတ် /မဟုတ်၊ အချက်အလက်မှန်ကန်မှုရှိ /မရှိ ကို COE မူရင်း (သို့မဟုတ်) မိတ္တူဖြင့် မပျက်မကွက် စစ်ဆေးအတည်ပြုရန် နှင့် COE ငြင်းဆိုခံရခြင်း (COE reject) ဖြစ်လျှင် နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားသည့်အခါ ကိုယ်ရေးအချက်အလက်များ ပြောင်းလဲပြင်ဆင်၍ လျှောက်ထားခြင်း လုံးဝမပြုရန်လည်း အသိပေးထားသည်။

Zawgyi Version;
႐ိုးေျဖာင့္မႈမရွိေသာ သင္တန္းေက်ာင္းမ်ားႏွင့္ ပြဲစားမ်ားေၾကာင့္ ဂ်ပန္သို႔သြားေရာက္လိုသူမ်ား နစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚေနဟု ဂ်ပန္သံ႐ုံး သတိေပး
Pearl (NP News) - ဒီဇင္ဘာ ၁ဝ

႐ိုးေျဖာင့္မႈမရွိေသာ သင္တန္းေက်ာင္းမ်ားႏွင့္ ပြဲစားမ်ားေၾကာင့္ ဂ်ပန္သို႔သြားေရာက္လိုသူမ်ား နစ္နာဆုံးရႈံးမႈမ်ား ျဖစ္ေပၚေနေၾကာင္း ဂ်ပန္သံ႐ုံးက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ သတိေပးထုတ္ျပန္ထားသည္။

လက္ရွိတြင္ မိမိကိုယ္‌‌ေရးအခ်က္အလက္ (အမည္၊ ေမြးေန႔သကၠရာဇ္) မ်ားကို အျခားသူတစ္ဦးအျဖစ္ ျပဳျပင္ကာ မသမာေသာနည္းလမ္းျဖင့္ ရယူထားေသာ ကာလရွည္ေနထိုင္ခြင့္ကတ္ျပား (Certificate of Eligibility) ကိုင္ေဆာင္၍ သံ႐ုံးတြင္ ဗီဇာေလွ်ာက္ထားမႈမ်ား ေတြ႕ရေၾကာင္း ဂ်ပန္သံ႐ုံးက ထုတ္ျပန္ထားသည္။

ထိုသို႔ေျပာင္းလဲထားေသာ မွန္ကန္မႈမရွိသည့္ ကိုယ္ေရးအခ်က္အလက္အတုမ်ားျဖင့္ ေလွ်ာက္ထားလာပါက ဗီဇာ ထုတ္ေပး၍ မရႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။


ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးအေနျဖင့္ ေက်ာင္းတက္ရန္၊ အလုပ္လုပ္ရန္ ဂ်ပန္သို႔သြားေရာက္လိုသူမ်ား ႏွင့္ ပတ္သက္ေသာ ဗီဇာဝန္ေဆာင္မႈလုပ္ငန္းမ်ားကို အေလးအနက္ထား ေဆာင္႐ြက္လ်က္ရွိေသာ္လည္း မသမာေသာ နည္းလမ္းမ်ားကို အသုံးျပဳေနသည့္ ဘာသာစကားသင္တန္းေက်ာင္းမ်ား ႏွင့္ ပြဲစားမ်ားလည္း ရွိေၾကာင္း သံ႐ုံးက ဆက္လက္အသိေပးထားသည္။

ထို႔ေၾကာင့္အခ်က္အလက္ အစစ္အမွန္မဟုတ္ေသာစာ႐ြက္စာတမ္းမ်ားျဖင့္ ေလွ်ာက္ထားသူမ်ားအား ဗီဇာထုတ္ ေပးမည္မဟုတ္ေသာေၾကာင့္ ဂ်ပန္ႏိုင္ငံသို႔သြားေရာက္လိုသူမ်ားအေနျဖင့္ ႐ိုးေျဖာင့္မႈမရွိေသာ သင္တန္းေက်ာင္း မ်ား ႏွင့္ ပြဲစားမ်ားေၾကာင့္ နစ္နာဆုံးရႈံးမႈမ်ား မႀကဳံေတြ႕ရန္အတြက္ အထူးသတိျပဳရန္ ေမတၱာရပ္ခံတိုက္တြန္း ထားသည္။

ထို႔အတူ ယုံၾကည္ရေသာသင္တန္းေက်ာင္း၊ ျပည္ပအလုပ္အကိုင္ရွာေဖြေရးေအဂ်င္စီ ဟုတ္/မဟုတ္ စုံစမ္းေလ့လာ ၿပီးမွသာ ေက်ာင္းအပ္ျခင္းေဆာင္႐ြက္ရန္ ႏွင့္ COE စသည္တို႔၏ ေလွ်ာက္လႊာစာ႐ြက္စာတမ္းမ်ားအား ကိုယ္စား လွယ္ႏွင့္ ပြဲစားမ်ားကို ယုံၾကည္အပ္ႏွံမႈမျပဳဘဲ မိမိကိုယ္တိုင္ျပင္ဆင္၍ စစ္ေဆးအတည္ျပဳရန္ အသိေပးထားသည္။

အလားတူ ထုတ္ယူရရွိထားေသာ COE သည္ မိမိကိုယ္ပိုင္နာမည္ ဟုတ္ /မဟုတ္၊ အခ်က္အလက္မွန္ကန္မႈရွိ /မရွိ ကို COE မူရင္း (သို႔မဟုတ္) မိတၱဴျဖင့္ မပ်က္မကြက္ စစ္ေဆးအတည္ျပဳရန္ ႏွင့္ COE ျငင္းဆိုခံရျခင္း (COE reject) ျဖစ္လွ်င္ ေနာက္တစ္ႀကိမ္ ျပန္လည္ေလွ်ာက္ထားသည့္အခါ ကိုယ္ေရးအခ်က္အလက္မ်ား ေျပာင္းလဲျပင္ဆင္၍ ေလွ်ာက္ထားျခင္း လုံးဝမျပဳရန္လည္း အသိေပးထားသည္။

Related news

© 2021. All rights reserved.