ယခုဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ပံ့ပိုးငွေဖြင့် စာကြည့်တိုက် (၅)တိုက် ဆောက်လုပ်ပေးမည်

 286

Pearl (NP News) -စက်တင်ဘာ ၂၈

ယခုဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ပံ့ပိုးငွေဖြင့် စာကြည့်တိုက် (၅)တိုက် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ပံ့ပိုးငွေဖြင့် ဘားအံမြို့နယ်တွင် စာကြည့်တိုက်(၃)တိုက်၊ လှိုင်းဘွဲမြို့ နယ်တွင်(၂)တိုက် စုစုပေါင်း(၅)တိုက် ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းဘားအံမြို့နယ်၌ စာကြည့်တိုက်တစ်တိုက်သာ တည်ဆောက်ပြီးစီးသေးကြောင်း သိရသည်။

အဆိုပါ တည်ဆောက်ပြီးစီးခဲ့သည့် ဘားအံမြို့နယ်၊ နောင် ကုန်း(ဝဲကရင်)ကျေးရွာအုပ်စုရှိ အလင်းရောင်စာကြည့်တိုက်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏မတည်ငွေကျပ်သိန်း(၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၄၆၈၄၀၀ဝိ/-) တစ်ရာလေးဆယ်ခြောက်သိန်းရှစ်သောင်းလေးထောင်ကျပ်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲကို ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့ကြောင်း လည်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုများကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အလားတူ အနာဂတ်မျိုးဆက်သစ်လူငယ်များ အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်သည့်အလေ့အထများ စွဲမြဲလာအောင် မိမိတို့ဘဝအောင်မြင်တိုးတက်အောင်၊ အမှားအမှန်ခွဲခြားနိုင်အောင်၊ အသိပညာဗဟုသုတများ တိုးပွားအောင် စာကြည့်တိုက်သို့သွားရောက်ပြီး စာပေလေ့လာဖတ်ရှုကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အတြင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕ပံ့ပိုးေငြျဖင့္ စာၾကည့္တိုက္ (၅)တိုက္ ေဆာက္လုပ္ေပးမည္
Pearl (NP News) -စက္တင္ဘာ ၂၈

ယခုဘ႑ာႏွစ္အတြင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕ပံ့ပိုးေငြျဖင့္ စာၾကည့္တိုက္ (၅)တိုက္ ေဆာက္လုပ္ေပးမည္ျဖစ္ေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္တြင္ ကရင္ျပည္နယ္အစိုးရအဖြဲ႕ပံ့ပိုးေငြျဖင့္ ဘားအံၿမိဳ႕နယ္တြင္ စာၾကည့္တိုက္(၃)တိုက္၊ လႈိင္းဘြဲၿမိဳ႕ နယ္တြင္(၂)တိုက္ စုစုေပါင္း(၅)တိုက္ ေဆာက္လုပ္ေပးသြားမည္ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္အတြင္းဘားအံၿမိဳ႕နယ္၌ စာၾကည့္တိုက္တစ္တိုက္သာ တည္ေဆာက္ၿပီးစီးေသးေၾကာင္း သိရသည္။

အဆိုပါ တည္ေဆာက္ၿပီးစီးခဲ့သည့္ ဘားအံၿမိဳ႕နယ္၊ ေနာင္ ကုန္း(ဝဲကရင္)ေက်း႐ြာအုပ္စုရွိ အလင္းေရာင္စာၾကည့္တိုက္ကို ကရင္ျပည္နယ္အစိုးရအဖြဲ႕၏မတည္ေငြက်ပ္သိန္း(၂၀၀)၊ ျပည္သူလူထုထည့္ဝင္ေငြက်ပ္ (၁၄၆၈၄၀၀ဝိ/-) တစ္ရာေလးဆယ္ေျခာက္သိန္းရွစ္ေသာင္းေလးေထာင္က်ပ္ျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ဖြင့္ပြဲကို ၿပီးခဲ့သည့္ ရက္ပိုင္းက က်င္းပခဲ့ေၾကာင္း လည္း သိရသည္။

အဆိုပါအခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေစာျမင့္ဦးက ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ စာဖတ္ရွိန္ ျမႇင့္တင္ေရးလႈပ္ရွားမႈမ်ား၊ စာၾကည့္တိုက္မ်ားရွင္သန္ဖြံ႕ၿဖိဳးေရးလႈပ္ရွားမႈမ်ားကို အထူးအေလးထားေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

အလားတူ အနာဂတ္မ်ိဳးဆက္သစ္လူငယ္မ်ား အစဥ္အၿမဲစာေပဖတ္ရႈေလ့လာႏိုင္ေအာင္ စာဖတ္သည့္အေလ့အထမ်ား စြဲၿမဲလာေအာင္ မိမိတို႔ဘဝေအာင္ျမင္တိုးတက္ေအာင္၊ အမွားအမွန္ခြဲျခားႏိုင္ေအာင္၊ အသိပညာဗဟုသုတမ်ား တိုးပြားေအာင္ စာၾကည့္တိုက္သို႔သြားေရာက္ၿပီး စာေပေလ့လာဖတ္ရႈၾကေစလိုေၾကာင္း တိုက္တြန္းေျပာၾကားသည္။

Related news

© 2021. All rights reserved.