အီရန်တွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်မည့်သဘောတူညီချက်ကို ရုရှားနှင့် အီရန် တို့ လက်မှတ်ရေးထိုး

 266

Pika (NP News) - စက်တင်ဘာ ၂၈
ရုရှားနှင့် အီရန်နိုင်ငံတို့သည် အီရန်တွင် အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးနှင့် ပတ်သက်သည့် နားလည်မှုစာ ချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ရုရှားနိုင်ငံပိုင် နျူကလီးယား ကော်ပိုရေးရှင်း Rosatom က ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါသဘောတူညီချက်ကို Rosatom အကြီးအကဲ Rosatom နှင့် အီရန်နိုင်ငံ၏ ထိပ်တန်းနျူကလီးယား အရာရှိ Alexei Likhachev တို့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်သည့် အစည်းအဝေးပွဲတစ်ခုအတွင်း လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါသဘောတူညီချက်ကို မဟာဗျူဟာ မြောက်ပရောဂျက်တစ်ခုအဖြစ် Rosatom ကုမ္ပဏီက ဖော်ပြပြော ဆိုခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံ သည် (၂၀၂၄)ခုနှစ်မှစတင်၍ (၂၀)ဂီဂါဝပ် နျူကလီး ယားစွမ်းအင်ပမာဏရောက်ရှိရန် ကြိုးပမ်းနေမှုနှင့်အတူ နျူကလီးယားဓာတ်အားပေးစက်ရုံ(၈)ခုကို တည်ဆောက်ရန် စီစဉ်ထားကြောင်း အီရန်ဒုသမ္မတ လည်းဖြစ်သည့် Mohammad Eslami က ယခု သီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ ဝယ်လိုအားများ သောလများအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို ကြုံတွေ့နေရသော အီရန်နိုင်ငံတွင် တောင်ပိုင်းမြို့ Bushehr မှာ လည် ပတ်နေသည့် နျူကလီးယားဓာတ်အားပေးစက်ရုံ တစ်ခုသာရှိကြောင်း သိရသည်။
အဆိုပါနျူကလီးယားဓာတ်အားပေးစက်ရုံကို ရုရှားနိုင်ငံက တည်ဆောက်ထားခြင်းဖြစ်ပြီး (၁)ဂီဂါဝပ်ဝန်း ကျင်သာ ထုတ်ပေးနိုင်စွမ်းရှိကြောင်းလည်းသိရသည်။ ရုရှားသည် အီရန်နိုင်ငံနှင့် နီးကပ်သောဆက်ဆံရေးများရှိပြီး ပြီးခဲ့ သည့်ဇွန်လကဖြစ်ပွားခဲ့သော အီရန်အပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ တိုက်ခိုက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ ကြောင်း သိရသည်။ အီရန်၏နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုများကို လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးနှင့် အမေရိကန်တို့က ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
အီရန္တြင္ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္မည့္သေဘာတူညီခ်က္ကို ႐ုရွားႏွင့္ အီရန္ တို႔ လက္မွတ္ေရးထိုး
Pika (NP News) - စက္တင္ဘာ ၂၈
႐ုရွားႏွင့္ အီရန္ႏိုင္ငံတို႔သည္ အီရန္တြင္ အေသးစားန်ဴကလီးယားဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ေရးႏွင့္ ပတ္သက္သည့္ နားလည္မႈစာ ခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း ႐ုရွားႏိုင္ငံပိုင္ န်ဴကလီးယား ေကာ္ပိုေရးရွင္း Rosatom က ထုတ္ျပန္ေျပာၾကားခဲ့သည္။
အဆိုပါသေဘာတူညီခ်က္ကို Rosatom အႀကီးအကဲ Rosatom ႏွင့္ အီရန္ႏိုင္ငံ၏ ထိပ္တန္းန်ဴကလီးယား အရာရွိ Alexei Likhachev တို႔က ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တြင္ ျပဳလုပ္သည့္ အစည္းအေဝးပြဲတစ္ခုအတြင္း လက္မွတ္ေရး ထိုးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါသေဘာတူညီခ်က္ကို မဟာဗ်ဴဟာ ေျမာက္ပေရာဂ်က္တစ္ခုအျဖစ္ Rosatom ကုမၸဏီက ေဖာ္ျပေျပာ ဆိုခဲ့ေၾကာင္းသိရသည္။ အီရန္ႏိုင္ငံ သည္ (၂၀၂၄)ခုႏွစ္မွစတင္၍ (၂၀)ဂီဂါဝပ္ န်ဴကလီး ယားစြမ္းအင္ပမာဏေရာက္ရွိရန္ ႀကိဳးပမ္းေနမႈႏွင့္အတူ န်ဴကလီးယားဓာတ္အားေပးစက္႐ုံ(၈)ခုကို တည္ေဆာက္ရန္ စီစဥ္ထားေၾကာင္း အီရန္ဒုသမၼတ လည္းျဖစ္သည့္ Mohammad Eslami က ယခု သီတင္းပတ္အေစာပိုင္းတြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဝယ္လိုအားမ်ား ေသာလမ်ားအတြင္း လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈမ်ားကို ႀကဳံေတြ႕ေနရေသာ အီရန္ႏိုင္ငံတြင္ ေတာင္ပိုင္းၿမိဳ႕ Bushehr မွာ လည္ ပတ္ေနသည့္ န်ဴကလီးယားဓာတ္အားေပးစက္႐ုံ တစ္ခုသာရွိေၾကာင္း သိရသည္။
အဆိုပါန်ဴကလီးယားဓာတ္အားေပးစက္႐ုံကို ႐ုရွားႏိုင္ငံက တည္ေဆာက္ထားျခင္းျဖစ္ၿပီး (၁)ဂီဂါဝပ္ဝန္း က်င္သာ ထုတ္ေပးႏိုင္စြမ္းရွိေၾကာင္းလည္းသိရသည္။ ႐ုရွားသည္ အီရန္ႏိုင္ငံႏွင့္ နီးကပ္ေသာဆက္ဆံေရးမ်ားရွိၿပီး ၿပီးခဲ့ သည့္ဇြန္လကျဖစ္ပြားခဲ့ေသာ အီရန္အေပၚ အစၥေရးႏွင့္ အေမရိကန္တို႔၏ တိုက္ခိုက္မႈမ်ားကို ျပစ္တင္ရႈတ္ခ်ခဲ့ ေၾကာင္း သိရသည္။ အီရန္၏န်ဴကလီးယားအစီအစဥ္မ်ားႏွင့္ ပတ္သက္ၿပီး အဆိုပါဗုံးႀကဲတိုက္ခိုက္မႈမ်ားကို လုပ္ ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း အစၥေရးႏွင့္ အေမရိကန္တို႔က ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.