အိန္ဒိယကောင်းကင်မှာ နောက်ဆုံးအကြိမ်ပျံသန်းမှုလုပ်ဆောင်ခဲ့တဲ့ ဂန္တဝင် MiG-21 တိုက်လေယာဉ်

 974

Pika (NP News) - စက်တင်ဘာ ၂၈
အိန္ဒိယလေတပ်ရဲ့ဂန္တဝင် MiG-21 တိုက်လေယာဉ်ဟာ (၆၂)နှစ်ကြာတာဝန်ထမ်း‌ဆောင်မှု ပြီးဆုံးသွားတဲ့ အထိမ်း အမှတ်အနေနဲ့ အိန္ဒိယကောင်းကင်ယံမှာ နောက်ဆုံးအကြိမ်ပျံသန်းမှုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယလေတပ်အတွက် အဓိကအားအထားရဆုံး တိုက်လေယာဉ်အမျိုးအစားဖြစ်ခဲ့တဲ့ MiG-21 တိုက်လေယာဉ်ကို ဆိုဗီယက်ပြည်ထောင်စုရဲ့ Mikoyan-Gurevich ဒီဇိုင်းဗျူရိုက တီထွင်ဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။
MiG-21 တိုက်လေယာဉ်ကို အိန္ဒိယလေတပ်မှာ (၁၉၆၃)ခုနှစ်တုန်းက စတင်မိတ်ဆက်ခဲ့ပြီး အိန္ဒိယရဲ့ပထမဆုံး အသံထက်မြန်တဲ့တိုက်လေယာဉ်ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။ MiG-21 တိုက်လေယာဉ်ဟာ အိန္ဒိယရဲ့ အမှတ်တရတွေနဲ့ ခံစားချက်တွေ နက်နက်ရှိုင်းရှိုင်း ရင်းနှီးမြှုပ်နှံထားတဲ့ တိုက်လေယာဉ်အမျိုးအစားဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singhက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Rajnath Singh က “MiG-21 တိုက်လေယာဉ်အကြောင်းကို အိန္ဒိယမှာရှိတဲ့ ကလေးငယ်တိုင်းက သိကြပါတယ်။ ကျွန်တော်တို့အတွက်တော့ ဒါက တိုက်လေယာဉ်တစ်စင်းတင်မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှုတွေရှိတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် MiG-21 တိုက်လေယာဉ်ဟာ အိန္ဒိယရဲ့မဟာဗျူဟာတွေကို အားကောင်းစေခဲ့ရုံသာမက အိန္ဒိယကို ကမ္ဘာ့စင်မြင့်ပေါ်မှာ ကိုယ်ပိုင်တည်ဆောက်မှုတွေလုပ်ဆောင်နိုင်ဖို့ ကူညီ‌ပေးခဲ့တယ်လို့လည်း Rajnath Singh က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အိႏၵိယေကာင္းကင္မွာ ေနာက္ဆုံးအႀကိမ္ပ်ံသန္းမႈလုပ္ေဆာင္ခဲ့တဲ့ ဂႏၲဝင္ MiG-21 တိုက္ေလယာဥ္
Pika (NP News) - စက္တင္ဘာ ၂၈
အိႏၵိယေလတပ္ရဲ႕ဂႏၲဝင္ MiG-21 တိုက္ေလယာဥ္ဟာ (၆၂)ႏွစ္ၾကာတာဝန္ထမ္း‌ေဆာင္မႈ ၿပီးဆုံးသြားတဲ့ အထိမ္း အမွတ္အေနနဲ႔ အိႏၵိယေကာင္းကင္ယံမွာ ေနာက္ဆုံးအႀကိမ္ပ်ံသန္းမႈကို လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယေလတပ္အတြက္ အဓိကအားအထားရဆုံး တိုက္ေလယာဥ္အမ်ိဳးအစားျဖစ္ခဲ့တဲ့ MiG-21 တိုက္ေလယာဥ္ကို ဆိုဗီယက္ျပည္ေထာင္စုရဲ႕ Mikoyan-Gurevich ဒီဇိုင္းဗ်ဴ႐ိုက တီထြင္ဖန္တီးခဲ့တာလည္းျဖစ္ပါတယ္။
MiG-21 တိုက္ေလယာဥ္ကို အိႏၵိယေလတပ္မွာ (၁၉၆၃)ခုႏွစ္တုန္းက စတင္မိတ္ဆက္ခဲ့ၿပီး အိႏၵိယရဲ႕ပထမဆုံး အသံထက္ျမန္တဲ့တိုက္ေလယာဥ္ျဖစ္လာခဲ့တယ္လို႔လည္း သိရပါတယ္။ MiG-21 တိုက္ေလယာဥ္ဟာ အိႏၵိယရဲ႕ အမွတ္တရေတြနဲ႔ ခံစားခ်က္ေတြ နက္နက္ရႈိင္းရႈိင္း ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ တိုက္ေလယာဥ္အမ်ိဳးအစားျဖစ္တယ္လို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီး Rajnath Singhက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
Rajnath Singh က “MiG-21 တိုက္ေလယာဥ္အေၾကာင္းကို အိႏၵိယမွာရွိတဲ့ ကေလးငယ္တိုင္းက သိၾကပါတယ္။ ကြၽန္ေတာ္တို႔အတြက္ေတာ့ ဒါက တိုက္ေလယာဥ္တစ္စင္းတင္မဟုတ္ဘဲ နက္နက္ရႈိင္းရႈိင္းဆက္ႏြယ္မႈေတြရွိတဲ့ အရာတစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ MiG-21 တိုက္ေလယာဥ္ဟာ အိႏၵိယရဲ႕မဟာဗ်ဴဟာေတြကို အားေကာင္းေစခဲ့႐ုံသာမက အိႏၵိယကို ကမာၻ႔စင္ျမင့္ေပၚမွာ ကိုယ္ပိုင္တည္ေဆာက္မႈေတြလုပ္ေဆာင္ႏိုင္ဖို႔ ကူညီ‌ေပးခဲ့တယ္လို႔လည္း Rajnath Singh က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.