(၂)နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန် ကာဇက်စတန် လာရောက်ခြင်းဟု ဗိုလ်ချုပ်မှူးကြီးပြော

 504

သန့်ဇင် (NP News) - စက်တင်ဘာ ၂၈
ကာဇက်စတန်သမ္မတနိုင်ငံသို့ လာရောက်ခြင်းသည် ၂ နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်း ဖလှယ်နိုင်ရန်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ (စက်တင်ဘာ ၂၇ ရက်)၊ မွန်းလွဲပိုင်းက ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်၌ ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Kassym-Jomart Tokayev နှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ကာဇက်စတန်နိုင်ငံသို့ရောက်ရှိစဉ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သာယာလှပမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
မိမိအနေဖြင့် (၂)နိုင်ငံအကြားဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ခုဖြစ်စေလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် မိမိတို့(၂)နိုင်ငံသည် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်သည့်အတွက် (၂) နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ကုန်ပစ္စည်းများသယ်ယူပို့‌ဆောင်ရေး ကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကဏ္ဍတို့အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၂)ႏိုင္ငံအၾကားဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ႏိုင္ရန္၊ အျမင္ခ်င္းဖလွယ္ႏိုင္ရန္ ကာဇက္စတန္ လာေရာက္ျခင္းဟု ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၈
ကာဇက္စတန္သမၼတႏိုင္ငံသို႔ လာေရာက္ျခင္းသည္ (၂)ႏိုင္ငံအၾကားဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ႏိုင္ရန္၊ အျမင္ခ်င္း ဖလွယ္ႏိုင္ရန္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ယမန္ေန႔ (စက္တင္ဘာ ၂၇ ရက္)၊ မြန္းလြဲပိုင္းက ကာဇက္စတန္သမၼတႏိုင္ငံ သမၼတနန္းေတာ္၌ ကာဇက္စတန္သမၼတႏိုင္ငံ သမၼတ H.E. Mr. Kassym-Jomart Tokayev ႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မိမိဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား လႈိက္လွဲေႏြးေထြးစြာႀကိဳဆိုၿပီး ဧည့္ဝတ္ေက်ပြန္မႈမ်ားအတြက္ ေက်းဇူးတင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ကာဇက္စတန္ႏိုင္ငံသို႔ေရာက္ရွိစဥ္ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားႏွင့္ သာယာလွပမႈမ်ားကို မ်က္ဝါးထင္ထင္ေတြ႕ျမင္ရသည့္အတြက္လည္း ဝမ္းေျမာက္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
မိမိအေနျဖင့္ (၂)ႏိုင္ငံအၾကားဆက္ဆံေရးႏွင့္ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ႏိုင္ရန္၊ အျမင္ခ်င္းဖလွယ္ႏိုင္ရန္ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ယခုကဲ့သို႔ ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးကို တိုးျမႇင့္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈမ်ား လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ တြန္းအားတစ္ခုျဖစ္ေစလိမ့္မည္ဟု ယုံၾကည္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ မိမိတို႔(၂)ႏိုင္ငံသည္ ပထဝီအေနအထားအရ အလွမ္းေဝးကြာေသာ္လည္း ခ်စ္ၾကည္ရင္းႏွီးသည့္ ႏိုင္ငံမ်ားျဖစ္သည့္အတြက္ (၂) ႏိုင္ငံအၾကား အက်ိဳးျဖစ္ထြန္းေစမည့္ က႑ေပါင္းစုံတြင္ နီးကပ္စြာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေဆာင္႐ြက္သြားလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ႏွင့္ ကာဇက္စတန္ႏိုင္ငံသမၼတတို႔သည္ ကုန္သြယ္ေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးက႑၊ စိုက္ပ်ိဳးေမြးျမဴေရးက႑၊ ကုန္ပစၥည္းမ်ားသယ္ယူပို႔‌ေဆာင္ေရး က႑၊ ေရနံ၊ သဘာဝဓာတ္ေငြ႕ႏွင့္ သတၱဳတူးေဖာ္ေရးက႑၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈက႑တို႔အပါအဝင္ က႑ေပါင္းစုံ၌ ပူးေပါင္းေဆာင္ ႐ြက္မႈျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာျဖင့္ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Picture

Tha Lwin

28/09/2025 16:08

👍👍👍

Related news

© 2021. All rights reserved.