ထိုင်းလယ်သမားတွေက ခရီးသွားတွေကို စွဲဆောင်ဖို့ စပါးပျိုးပင်တွေကို ကြောင်ပုံဖော်ကာ စိုက်ပျိုး

 1254

ရောင်နီ (NP News) - ဒီဇင်ဘာ ၁၉

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မှာ ထိုင်းရိုးရာ စကားပုံတစ်ခုကို သရုပ်ဖော်ကာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ စပါးခင်းတွေမှာ ပျိုးပင်တွေကို ကြောင်ပုံစံ ပုံဖော်ထားတာ တွေ့ရပါတယ်။

လယ်သမား တန်ရာပေါင်ဂျက်ခ်ခမ်းနဲ့ လုပ်သားအဖွဲ့တစ်ဖွဲ့ဟာ ခရီးသွား ကြောင်ချစ်သူတွေကို ဆွဲဆောင်နိုင်ဖို့ ကြောင်ရုပ်တွေကို ပုံဖော်ဖို့အတွက် မြောက်ပိုင်းခရိုင် ချင်းရိုင်ပြည်နယ်ရှိ လယ်ကွင်းအသီးသီးမှာ ပျိုးပင်တွေနဲ့ စိုက်ပျိုးပုံဖော်ခဲ့တယ်လို့ သိရပါတယ်။

"စပါးခင်းတွေထဲက အနုပညာကို ခရီးသွား သောင်းနဲ့ချီပြီး လာကြည့်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” လို့ ၎င်းက ဆိုပါတယ်။

လုပ်ငန်းစဉ်ကတော့ ပျိုးပင်တွေကို ကနဦး ပန်းချီဆရာရဲ့ ပုံကြမ်းမှာ သတ်မှတ်ထားတဲ့အတိုင်း နေရာချပြီး Global Positioning System မှ သြဒိနိတ်တွေကို အားကိုးကာ ပုံဖော်စိုက်ပျိုးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပုံရိပ်ဟာ "ရေထဲမှာ ငါးနဲ့ လယ်ကွင်းတွေရှိတယ်” ဆိုတဲ့ ထိုင်းစကားကို အခြေခံကာ ဖန်တီးထားခြင်းဖြစ်ပြီး အဆိုပါ အနုပညာလက်ရာကို လာရောက်ကြည့်ရှုသူတွေကို ပြသနိုင်ဖို့ အနီးပတ်ဝန်းကျင်မှာ မျှော်စင်တွေ တည်ဆောက်နေတယ်လို့ သိရပါတယ်။

အိန္ဒိယပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ မက်ထရစ်တန်ချိန် ၈ ဒသမ ၅ သန်းထိ ဆန်တင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

Zawgyi Version;
ထိုင္းလယ္သမားေတြက ခရီးသြားေတြကို စြဲေဆာင္ဖို႔ စပါးပ်ိဳးပင္ေတြကို ေၾကာင္ပုံေဖာ္ကာ စိုက္ပ်ိဳး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၉

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း ခ်င္း႐ိုင္မွာ ထိုင္း႐ိုးရာ စကားပုံတစ္ခုကို သ႐ုပ္ေဖာ္ကာ ကမာၻလွည့္ခရီးသြားေတြကို ဆြဲေဆာင္ဖို႔ စပါးခင္းေတြမွာ ပ်ိဳးပင္ေတြကို ေၾကာင္ပုံစံ ပုံေဖာ္ထားတာ ေတြ႕ရပါတယ္။

လယ္သမား တန္ရာေပါင္ဂ်က္ခ္ခမ္းနဲ႔ လုပ္သားအဖြဲ႕တစ္ဖြဲ႕ဟာ ခရီးသြား ေၾကာင္ခ်စ္သူေတြကို ဆြဲေဆာင္ႏိုင္ဖို႔ ေၾကာင္႐ုပ္ေတြကို ပုံေဖာ္ဖို႔အတြက္ ေျမာက္ပိုင္းခ႐ိုင္ ခ်င္း႐ိုင္ျပည္နယ္ရွိ လယ္ကြင္းအသီးသီးမွာ ပ်ိဳးပင္ေတြနဲ႔ စိုက္ပ်ိဳးပုံေဖာ္ခဲ့တယ္လို႔ သိရပါတယ္။

"စပါးခင္းေတြထဲက အႏုပညာကို ခရီးသြား ေသာင္းနဲ႔ခ်ီၿပီး လာၾကည့္ဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ၎က ဆိုပါတယ္။

လုပ္ငန္းစဥ္ကေတာ့ ပ်ိဳးပင္ေတြကို ကနဦး ပန္းခ်ီဆရာရဲ႕ ပုံၾကမ္းမွာ သတ္မွတ္ထားတဲ့အတိုင္း ေနရာခ်ၿပီး Global Positioning System မွ ၾသဒိနိတ္ေတြကို အားကိုးကာ ပုံေဖာ္စိုက္ပ်ိဳးခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါပုံရိပ္ဟာ "ေရထဲမွာ ငါးနဲ႔ လယ္ကြင္းေတြရွိတယ္” ဆိုတဲ့ ထိုင္းစကားကို အေျခခံကာ ဖန္တီးထားျခင္းျဖစ္ၿပီး အဆိုပါ အႏုပညာလက္ရာကို လာေရာက္ၾကည့္ရႈသူေတြကို ျပသႏိုင္ဖို႔ အနီးပတ္ဝန္းက်င္မွာ ေမွ်ာ္စင္ေတြ တည္ေဆာက္ေနတယ္လို႔ သိရပါတယ္။

အိႏၵိယၿပီးရင္ ကမာၻ႔ဒုတိယအႀကီးဆုံး ဆန္တင္ပို႔တဲ့ႏိုင္ငံျဖစ္တဲ့ ထိုင္းႏိုင္ငံဟာ ၂၀၂၃ ခုႏွစ္မွာ မက္ထရစ္တန္ခ်ိန္ ၈ ဒသမ ၅ သန္းထိ ဆန္တင္ပို႔ႏိုင္ဖို႔ ရည္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.