နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာသံအမတ် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆွေးနွေး

317
Pearl (NP News) - သြဂုတ် ၂၁
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာသံအမတ် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ သြဂုတ်လ (၂၀) ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် H.E. Mrs. Eksiri Pintaruchi တို့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် တရားမဝင်ကုန်သွယ်မှုကို လျှော့ချရန်အတွက် ပြီးခဲ့သည့် ဩဂုတ် (၁၈) ရက်မှ စတင်ကာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)ကို မြန်မာအစိုးရဘက်က ယာယီပိတ်ထားကြောင်း သိရသည်။
Zawgyi Version:
ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးအတြက္ ျမန္မာသံအမတ္ ႏွင့္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔ေဆြးေႏြး
Pearl (NP News) - ၾသဂုတ္ ၂၁
ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးအတြက္ ျမန္မာသံအမတ္ ႏွင့္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ ၾသဂုတ္လ (၂၀) ရက္ေန႔က ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဇာ္ေဇာ္စိုး ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ H.E. Mrs. Eksiri Pintaruchi တို႔သည့္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံဆက္ဆံေရးျမႇင့္တင္ရန္ႏွင့္ ႏွစ္ႏိုင္ငံအၾကား အနာဂတ္တြင္ ပူးေပါင္းေဆာင္႐ြက္ရန္ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
အလားတူ နယ္စပ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ နယ္စပ္ကုန္သြယ္ေရးဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္လည္း ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
လက္ရွိတြင္ တရားမဝင္ကုန္သြယ္မႈကို ေလွ်ာ့ခ်ရန္အတြက္ ၿပီးခဲ့သည့္ ဩဂုတ္ (၁၈) ရက္မွ စတင္ကာ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတားအမွတ္ (၂)ကို ျမန္မာအစိုးရဘက္က ယာယီပိတ္ထားေၾကာင္း သိရသည္။