နမ္မတူမြို့တွင် နေအိမ်နှစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦးဒဏ်ရာရ

595
ကျော်(NP News) - ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့တွင် ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်းက နေအိမ်နှစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယနေ့၊ နံနက်အစောပိုင်းက လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် လက်နက်ကြီးကျည်များသည် နမ္မတူမြို့၊ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၉)တို့ရှိ နေအိမ်နှစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
"လက်နက်ကြီးကျည်ပေါက်ကွဲတဲ့အိမ်တွေက ပျက်စီးတာတွေဖြစ်သွားတယ်။ ရပ်ကွက်(၆)မှာ လက်နက်ကြီးထိတဲ့အိမ်က ကလေးတစ်ယောက်နဲ့အသက်(၂၀)လောက်ကောင်လေးတစ်ယောက် လက်နက်ကြီးကျည်စတွေထိပြီး ဒဏ်ရာရသွားတယ်"ဟု နမ္မတူမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးအား တာဝန်ရှိသူများ၊ကြက်ခြေနီအသင်းဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်နှစ်လုံးအနက် ရပ်ကွက်(၉)ရှိနေအိမ်သည် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တပ်မတော်လုံခြုံရေးစခန်းများကို စတင်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

zawgyi version
နမၼတူၿမိဳ႕တြင္ ေနအိမ္ႏွစ္လုံးေပၚသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္တစ္ဦးအပါအဝင္ (၂)ဦးဒဏ္ရာရ
ေက်ာ္(NP News) - ဒီဇင္ဘာ ၂၃
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ နမၼတူၿမိဳ႕တြင္ ယေန႔ (ဒီဇင္ဘာလ ၂၃ ရက္)၊ နံနက္ပိုင္းက ေနအိမ္ႏွစ္လုံးေပၚသို႔ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ကေလးငယ္တစ္ဦးႏွင့္အမ်ိဳးသားတစ္ဦးတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ယေန႔၊ နံနက္အေစာပိုင္းက လက္နက္ႀကီးပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ လက္နက္ႀကီးက်ည္မ်ားသည္ နမၼတူၿမိဳ႕၊ ရပ္ကြက္ (၆) ႏွင့္ ရပ္ကြက္ (၉)တို႔ရွိ ေနအိမ္ႏွစ္လုံးေပၚသို႔ က်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္း သိရသည္။
"လက္နက္ႀကီးက်ည္ေပါက္ကြဲတဲ့အိမ္ေတြက ပ်က္စီးတာေတြျဖစ္သြားတယ္။ ရပ္ကြက္(၆)မွာ လက္နက္ႀကီးထိတဲ့အိမ္က ကေလးတစ္ေယာက္နဲ႔အသက္(၂၀)ေလာက္ေကာင္ေလးတစ္ေယာက္ လက္နက္ႀကီးက်ည္စေတြထိၿပီး ဒဏ္ရာရသြားတယ္"ဟု နမၼတူၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူႏွစ္ဦးအား တာဝန္ရွိသူမ်ား၊ၾကက္ေျခနီအသင္းဝင္မ်ားႏွင့္လူမႈကူညီေရးအသင္းဝင္မ်ားက ေျမျပင္ကုသမႈမ်ားျပဳလုပ္ေပးၿပီးေနာက္ ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ေနအိမ္ႏွစ္လုံးအနက္ ရပ္ကြက္(၉)ရွိေနအိမ္သည္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရသူမရွိခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၌ ၿပီးခဲ့သည့္ ႏိုဝင္ဘာလမွစတင္ကာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားက တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို စတင္ပစ္ခတ္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ရာမွ တိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေနေၾကာင္း သိရသည္။