ဘီးလင်းမြို့နယ်တွင် PDF အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

 697

(NP News)-စက်တင်ဘာ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် PDF အဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သတင်းပေးဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ (၆) ရက်၊ ည (၉) နာရီ (၁၅) မိနစ်ခန့်က ဘီးလင်းမြို့နယ်၊ ဖိုးလှကြီးရပ်ကွက်၊ အလူးကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမဘေး၊ ”ကံကောင်းခြင်းရတနာ”အထပ်သားစက်ရုံတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် (၅၉) နှစ်အရွယ် ဦးဆန်းနိုင်သည်အသက် အထက်ပါနေရာ၌ရှိနေစဉ် KNU၊ PDF ပူးပေါင်းအဖွဲ့ဝင် (၆) ဦးရောက်ရှိလာပြီး ”သတင်းပေး” ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့သို့ ပစ်ခတ်ခံရမှုကြောင့် ဦးဆန်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Zawgyi Version:
ဘီးလင္းၿမိဳ႕နယ္တြင္ PDF အဖြဲ႕က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္
(NP News)-စက္တင္ဘာ ၈
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ PDF အဖြဲ႕က ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို သတင္းေပးဟုဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာ (၆) ရက္၊ ည (၉) နာရီ (၁၅) မိနစ္ခန႔္က ဘီးလင္းၿမိဳ႕နယ္၊ ဖိုးလွႀကီးရပ္ကြက္၊ အလူးေက်း႐ြာအနီး ရန္ကုန္-မႏၲေလးကားလမ္းမေဘး၊ ”ကံေကာင္းျခင္းရတနာ”အထပ္သားစက္႐ုံတြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။
အဆိုပါရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ အသက္ (၅၉) ႏွစ္အ႐ြယ္ ဦးဆန္းႏိုင္သည္အသက္ အထက္ပါေနရာ၌ရွိေနစဥ္ KNU၊ PDF ပူးေပါင္းအဖြဲ႕ဝင္ (၆) ဦးေရာက္ရွိလာၿပီး ”သတင္းေပး” ဟုဆိုကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
ထို႔သို႔ ပစ္ခတ္ခံရမႈေၾကာင့္ ဦးဆန္းႏိုင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူခဲ့သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.