မန္တလေးမြို့ရှိ ဟိုတယ်တစ်လုံး၏ (၃၁)ထပ်မှ ခုန်ချရန် ကြံစဉ်ခဲ့သည့် စိတ်ဝေဒနာရှင်အမျိုးသားကို ကယ်ဆယ်နိုင်ခဲ့

4587
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၅
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ Grand Park Hotel ၏ (၃၁)ထပ်မှ ခုန်ချရန် ကြံစည်ခဲ့သည့် စိတ်ဝေဒနာရှင် အမျိုးသားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၄ ရက်)၊ ည ၆ နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၈x၃၉ လမ်းကြား၊ မဟာအောင်မြေ အနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၂၄)မင်းစံရပ်ရှိ Grand Park Hotel အပေါ်ဆုံးထပ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရသလောက်တော့ အဲဒီ Hotel အပေါ်ဆုံး (၃၁)ထပ်ကနေ ခုန်ချဖို့လုပ်တာ။ အဲဒါနဲ့ မီးသတ်က တာဝန်ရှိသူတွေက အပေါ်တက်ပြီး ကယ်ဆယ်ရေးလုပ်ခဲ့ကြပါ” ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး NP News ကိုပြောသည်။
အဆိုပါခုန်ချရန်ကြံစည်သည့် အမျိုးသားသည် အသက်(၃၀)ဝန်းကျင်အရွယ်ခန့်ဖြစ်ပြီး စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကာ ရေကူးကန်တွင် ရေးကူးရန် အထက်ပါနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
စိတ်ဝေဒနာရှင်အမျိုးသားအား မီးသတ်တပ်ဖွဲ့ဝင်များက (၁)နာရီခွဲခန့် ပြောဆိုစည်းရုံးကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသဖြင့် ဘေးအန္တရာယ်မရှိဘဲ ဘေးကင်းရာသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။

zawgyi version
မႏၲေလးၿမိဳ႕ရွိ ဟိုတယ္တစ္လုံး၏ (၃၁)ထပ္မွ ခုန္ခ်ရန္ ႀကံစဥ္ခဲ့သည့္ စိတ္ေဝဒနာရွင္အမ်ိဳးသားကို ကယ္ဆယ္ႏိုင္ခဲ့
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၅
မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ Grand Park Hotel ၏ (၃၁)ထပ္မွ ခုန္ခ်ရန္ ႀကံစည္ခဲ့သည့္ စိတ္ေဝဒနာရွင္ အမ်ိဳးသားကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၂၄ ရက္)၊ ည ၆ နာရီအခ်ိန္ခန႔္တြင္ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၈၄ လမ္း၊ ၃၈x၃၉ လမ္းၾကား၊ မဟာေအာင္ေျမ အေနာက္ရပ္ကြက္၊ အကြက္အမွတ္(၅၂၄)မင္းစံရပ္ရွိ Grand Park Hotel အေပၚဆုံးထပ္၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ သိရသေလာက္ေတာ့ အဲဒီ Hotel အေပၚဆုံး (၃၁)ထပ္ကေန ခုန္ခ်ဖို႔လုပ္တာ။ အဲဒါနဲ႔ မီးသတ္က တာဝန္ရွိသူေတြက အေပၚတက္ၿပီး ကယ္ဆယ္ေရးလုပ္ခဲ့ၾကပါ” ဟု မဏီစလလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး NP News ကိုေျပာသည္။
အဆိုပါခုန္ခ်ရန္ႀကံစည္သည့္ အမ်ိဳးသားသည္ အသက္(၃၀)ဝန္းက်င္အ႐ြယ္ခန႔္ျဖစ္ၿပီး စိတ္ေဝဒနာရွင္တစ္ဦးျဖစ္ကာ ေရကူးကန္တြင္ ေရးကူးရန္ အထက္ပါေနရာသို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
စိတ္ေဝဒနာရွင္အမ်ိဳးသားအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားက (၁)နာရီခြဲခန႔္ ေျပာဆိုစည္း႐ုံးကာ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၾကသျဖင့္ ေဘးအႏၲရာယ္မရွိဘဲ ေဘးကင္းရာသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရေၾကာင္း သိရသည္။