သံတွဲနှင့်ဂွတွင်ဒေသခံများကို AA က ငါးဖမ်းခွင့်ပိတ်ပင်

284

သက်ပိုင်(NP News) - အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်အတွင်းရှိ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်များတွင် ပြည်သူများကို ညအချိန် ငါးဖမ်းခွင့်ပိတ်ပင်လိုက်ကြောင်း AA အဖွဲ့က အောက်တိုဘာလ (၁၉) ရက်က ညပိုင်းက ထုတ်ပြန်ထားသည်။
သံတွဲနှင့်ဂွမြို့နယ်များအနီး ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ညအချိန်တွင် ငါးဖမ်းဆီးခြင်းကို ကြေညာသည့်အချိန်မှစ၍ ရုတ်သိမ်းကြောင်း အမိန့်စာ မထုတ်ပြန်မချင်း လုံးဝ လုပ်ကိုင်ခြင်းမပြုရန် AA အဖွဲ့ က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပင်လယ်ပြင်အနီးရှိ မြို့ရွာများမှ ရေလုပ်ငန်းကို အဓိကအမှီပြု၍ လုပ်ကိုင်စားသောက်နေကြရသော ပြည်သူများအနေဖြင့် သံတွဲနှင့်ဂွမြို့အနီး ပင်လယ်ပြင်တွင် ည(၆)နာရီမှ နံနက်(၆)နာရီ အထိငါးဖမ်းဆီးခွင့်ကို အကန့်သတ်မရှိ ပိတ်ပင်လိုက်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် နေ့အချိန်ငါးဖမ်းဆီးသူများကိုလည်း ကမ်းဝေးတွင်သွားရောက်ဖမ်းဆီးခြင်းမပြုလုပ်ရန်နှင့် တပ်မတော်စစ်သင်္ဘောများတွေ့ရှိပါက ကမ်းသို့ အမြန်ဆုံး ပြန်လာရန်ကိုလည်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံတွဲနှင့်ဂွမြို့အနီးပင်လယ်ပြင်တွင် တပ်မတော်စစ်သင်္ဘောများ သွားလာလှုပ်ရှားမှုကို ပိုမို မြင်တွေ့လာရပြီး ၎င်းမြို့များပေါ်တွင်လည်း တပ်မတော်၏ ကင်းထောက်လေယာဉ်များဖြင့် လှည့်ပတ်ဝဲပျံ ကင်းထောက်မှုများကို ယခုရက်ပိုင်းအတွင်း ခပ်စိတ်စိတ် မြင်တွေ့လာသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် သံတွဲနှင့် ဂွမြို့နယ်မှ ပြည်သူများမှာ အလုပ်အကိုင်ရှားပါးမှုများကြောင့် ရေလုပ်ငန်းကို အဓိကထားကာ ဝမ်းရေးအတွက် ဖြေရှင်းနေရသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်သူများ ပိုမိုကြပ်တည်းလာနိုင်ကြောင်း သံတွဲမြို့မှ စစ်ဘေးရှောင်လာသူများက သုံးသပ်ပြောဆိုကြသည်။

Zawgyi Version:
သံတြဲႏွင့္ဂြတြင္ေဒသခံမ်ားကို AA က ငါးဖမ္းခြင့္ပိတ္ပင္
သက္ပိုင္(NP News) - ေအာက္တိုဘာ ၂၀
ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ခ႐ိုင္အတြင္းရွိ သံတြဲၿမိဳ႕နယ္ႏွင့္ ဂြၿမိဳ႕နယ္မ်ားတြင္ ျပည္သူမ်ားကို ညအခ်ိန္ ငါးဖမ္းခြင့္ပိတ္ပင္လိုက္ေၾကာင္း AA အဖြဲ႕က ေအာက္တိုဘာလ (၁၉) ရက္က ညပိုင္းက ထုတ္ျပန္ထားသည္။
သံတြဲႏွင့္ဂြၿမိဳ႕နယ္မ်ားအနီး ပင္လယ္ျပင္တြင္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္သူမ်ားအေနျဖင့္ ညအခ်ိန္တြင္ ငါးဖမ္းဆီးျခင္းကို ေၾကညာသည့္အခ်ိန္မွစ၍ ႐ုတ္သိမ္းေၾကာင္း အမိန႔္စာ မထုတ္ျပန္မခ်င္း လုံးဝ လုပ္ကိုင္ျခင္းမျပဳရန္ AA အဖြဲ႕ က ထုတ္ျပန္ထားျခင္းျဖစ္သည္။
ပင္လယ္ျပင္အနီးရွိ ၿမိဳ႕႐ြာမ်ားမွ ေရလုပ္ငန္းကို အဓိကအမွီျပဳ၍ လုပ္ကိုင္စားေသာက္ေနၾကရေသာ ျပည္သူမ်ားအေနျဖင့္ သံတြဲႏွင့္ဂြၿမိဳ႕အနီး ပင္လယ္ျပင္တြင္ ည(၆)နာရီမွ နံနက္(၆)နာရီ အထိငါးဖမ္းဆီးခြင့္ကို အကန႔္သတ္မရွိ ပိတ္ပင္လိုက္ေၾကာင္း AA ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔အျပင္ ေန႔အခ်ိန္ငါးဖမ္းဆီးသူမ်ားကိုလည္း ကမ္းေဝးတြင္သြားေရာက္ဖမ္းဆီးျခင္းမျပဳလုပ္ရန္ႏွင့္ တပ္မေတာ္စစ္သေဘၤာမ်ားေတြ႕ရွိပါက ကမ္းသို႔ အျမန္ဆုံး ျပန္လာရန္ကိုလည္း AA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
သံတြဲႏွင့္ဂြၿမိဳ႕အနီးပင္လယ္ျပင္တြင္ တပ္မေတာ္စစ္သေဘၤာမ်ား သြားလာလႈပ္ရွားမႈကို ပိုမို ျမင္ေတြ႕လာရၿပီး ၎ၿမိဳ႕မ်ားေပၚတြင္လည္း တပ္မေတာ္၏ ကင္းေထာက္ေလယာဥ္မ်ားျဖင့္ လွည့္ပတ္ဝဲပ်ံ ကင္းေထာက္မႈမ်ားကို ယခုရက္ပိုင္းအတြင္း ခပ္စိတ္စိတ္ ျမင္ေတြ႕လာသည့္အတြက္ ယခုကဲ့သို႔ ပိတ္ပင္ရျခင္းျဖစ္ေၾကာင္း AA ထုတ္ျပန္ခ်က္အရ သိရသည္။
လက္ရွိတြင္ သံတြဲႏွင့္ ဂြၿမိဳ႕နယ္မွ ျပည္သူမ်ားမွာ အလုပ္အကိုင္ရွားပါးမႈမ်ားေၾကာင့္ ေရလုပ္ငန္းကို အဓိကထားကာ ဝမ္းေရးအတြက္ ေျဖရွင္းေနရသည့္အတြက္ ယခုကဲ့သို႔ ပိတ္ပင္လိုက္ျခင္းေၾကာင့္ ျပည္သူမ်ား ပိုမိုၾကပ္တည္းလာႏိုင္ေၾကာင္း သံတြဲၿမိဳ႕မွ စစ္ေဘးေရွာင္လာသူမ်ားက သုံးသပ္ေျပာဆိုၾကသည္။