ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က လေဆိပ်ကုန်တင်ကုန်ချနေရာမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့တာကြောင့် ခရီးစဉ်အချို့ရပ်ဆိုင်း

 134

Pika (NP News) - အောက်တိုဘာ ၂၀
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က လေဆိပ်တစ်ခုရဲ့ ကုန်တင်ကုန်ချနေရာမှာ ကြီးမားတဲ့ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးတာမျိုး ဒါမှမဟုတ် ရပ်ဆိုင်းခဲ့ရတာမျိုးရှိတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
လေဆိပ်ရဲ့ကုန်တင်ကုန်ချနေရာမှာ မီးလောင်ကျွမ်းမှုတွေကိုငြိမ်းသတ်ဖို့အတွက် မီးသတ်ယူနစ်(၃၆)ခုကို စေလွှတ် ခဲ့ရတယ်လို့လည်း မီးသတ်ဌာနနဲ့မြို့ပြကာကွယ်ရေးမီဒီယာဆဲလ်ရဲ့အရာရှိတစ်ဦးဖြစ်သူ Talha Bin Zasim က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့မှုနဲ့အတူ ဒါကာမြို့ရဲ့ Hazrat Shahjalal နိုင်ငံတကာလေဆိပ်မှာ ပြေးဆွဲမှုတွေကို ရပ်ဆိုင်းထားတယ်လို့ လေဆိပ်အရာရှိ Masudul Hasan က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Hazrat Shahjalal နိုင်ငံတကာလေဆိပ်ရဲ့ကုန်တင်ကုန်ချနေရာမှာ မီးလောင်မှု ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းအရင်းတွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။
ဒေလီမြို့ကနေ ဒါကာမြို့ကိုလာတဲ့ IndiGo လေယာဉ်ဟာ Kolkata မြို့ကို လမ်းကြောင်းပြောင်းခဲ့ရပြီး ယူအေအီးနိုင်ငံကလာတဲ့ Air Arabia လေယာဉ်ဟာ Chittagong မြို့ကို လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် Hazrat Shahjalal နိုင်ငံတကာလေဆိပ်ရဲ့ကုန်တင် ကုန်ချနေရာမှာ ဖြစ်ပွားခဲ့တဲ့မီးလောင်ကျွမ်းမှုကို မီးငြိမ်းသတ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်စစ်တပ်၊ ရေတပ်နဲ့ လေတပ် တို့က မီးသတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕က ေလဆိပ္ကုန္တင္ကုန္ခ်ေနရာမွာ မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့တာေၾကာင့္ ခရီးစဥ္အခ်ိဳ႕ရပ္ဆိုင္း
Pika (NP News) - ေအာက္တိုဘာ ၂၀
ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕က ေလဆိပ္တစ္ခုရဲ႕ ကုန္တင္ကုန္ခ်ေနရာမွာ ႀကီးမားတဲ့ မီးေလာင္ကြၽမ္းမႈေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ေလယာဥ္ခရီးစဥ္ေတြ ေႏွာင့္ေႏွးတာမ်ိဳး ဒါမွမဟုတ္ ရပ္ဆိုင္းခဲ့ရတာမ်ိဳးရွိတယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေလဆိပ္ရဲ႕ကုန္တင္ကုန္ခ်ေနရာမွာ မီးေလာင္ကြၽမ္းမႈေတြကိုၿငိမ္းသတ္ဖို႔အတြက္ မီးသတ္ယူနစ္(၃၆)ခုကို ေစလႊတ္ ခဲ့ရတယ္လို႔လည္း မီးသတ္ဌာနနဲ႔ၿမိဳ႕ျပကာကြယ္ေရးမီဒီယာဆဲလ္ရဲ႕အရာရွိတစ္ဦးျဖစ္သူ Talha Bin Zasim က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
မီးေလာင္ကြၽမ္းမႈေတြျဖစ္ပြားခဲ့မႈနဲ႔အတူ ဒါကာၿမိဳ႕ရဲ႕ Hazrat Shahjalal ႏိုင္ငံတကာေလဆိပ္မွာ ေျပးဆြဲမႈေတြကို ရပ္ဆိုင္းထားတယ္လို႔ ေလဆိပ္အရာရွိ Masudul Hasan က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း Hazrat Shahjalal ႏိုင္ငံတကာေလဆိပ္ရဲ႕ကုန္တင္ကုန္ခ်ေနရာမွာ မီးေလာင္မႈ ဘာေၾကာင့္ျဖစ္ပြားရသလဲဆိုတဲ့ အေၾကာင္းအရင္းေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။
ေဒလီၿမိဳ႕ကေန ဒါကာၿမိဳ႕ကိုလာတဲ့ IndiGo ေလယာဥ္ဟာ Kolkata ၿမိဳ႕ကို လမ္းေၾကာင္းေျပာင္းခဲ့ရၿပီး ယူေအအီးႏိုင္ငံကလာတဲ့ Air Arabia ေလယာဥ္ဟာ Chittagong ၿမိဳ႕ကို လမ္းေၾကာင္းေျပာင္းခဲ့ရတယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ Hazrat Shahjalal ႏိုင္ငံတကာေလဆိပ္ရဲ႕ကုန္တင္ ကုန္ခ်ေနရာမွာ ျဖစ္ပြားခဲ့တဲ့မီးေလာင္ကြၽမ္းမႈကို မီးၿငိမ္းသတ္ဖို႔အတြက္ ဘဂၤလားေဒ့ရွ္စစ္တပ္၊ ေရတပ္နဲ႔ ေလတပ္ တို႔က မီးသတ္တပ္ဖြဲ႕ေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.