ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ပိုက်ကွန်ကြိုးနှင့်ရစ်ပတ်မိ၍ သေဆုံးခဲ့

819
ကျော်(NP News) - ဇန်နဝါရီ ၄
ထိုင်းနိုင်ငံ၊ တရတ်ခရိုင်၊ ခလောက်ယိုင်မြို့နယ်တွင် ထိုင်းငါးဖမ်းသင်္ဘောပေါ်၌အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ပိုက်ကွန်ကြိုးနှင့်ရစ်ပတ်မိ၍သေဆုံးသွားခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

"သေဆုံးတဲ့ရက်ကို ကျွန်တော်တို့မသိပါဘူး။ မနေ့က(ဒီဇင်ဘာလ ၃ ရက်)မှာ တရတ်ခရိုင်မှာအခြေစိုက်တဲ့လူမှုကူညီရေးအသင်းက ငါးဖမ်းပိုက်ကွန်ကြိုးနဲ့ရစ်မိပြီးသေဆုံးနေတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ရှိတယ်ဆိုတာဖုန်းဆက်ပြီး အကြောင်းကြားတာကြောင့် ကူညီပေးဖို့သွားကြည့်ခဲ့ပါတယ်"ဟု မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသည့် ကိုကျော်ကျော်က NP News ကိုပြောသည်။
ငါးဖမ်းပိုက်ကွန်ဖြင့် ရစ်ပတ်မိ၍သေဆုံးသွားသူသည် ကိုအောင်မိုး(၄၂)နှစ်ဖြစ်ကာ ၎င်း၏ရုပ်အလောင်းအားခလောက်ယိုင်မြို့နယ်ရှိ ကန်ပါဟာဆိပ် ကမ်းတွင် တရတ်ခရိုင်လူမှုကူညီရေးအသင်းနှင့်ခလောင်ယိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက လာရောက်သယ်ယူ၍ ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"ကိုအောင်မိုးအလုပ်လုပ်နေတဲ့သင်္ဘောက တန်ချိန် ၆၀ ရှိတဲ့ ငါးဖမ်းစက်လှေတစ်စီးပါ။ စမွတ်စခေါင်မှာအခြေစိုက်တယ်ပြောတယ်။ အလုပ်သမားတွေလည်းအများကြီးအလုပ်လုပ်နေကြတယ်လို့သိရပါတယ်။ သူတို့သင်္ဘောက ထိုင်းပိုင်နက်ပင်လယ်ကွေ့မှာငါးဖမ်းနေရင်း ကိုအောင်မိုးရဲ့ လည်ပင်းနဲ့ခြေထောက်တွေကို ပိုက်ကွန်နဲ့ရစ်ပတ်မိပြီး သေဆုံးသွားတာလို့ သိထားရတယ်။ အသေးစိတ်အချက်အလက်တွေကို တာဝန်ရှိတဲ့လူတွေက စစ်ဆေးနေကြပါတယ်"ဟု ကိုကျော်ကျော်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်၊ နေ့လည် ၃ နာရီခန့်ကလည်း စမွတ်ပရကန်ခရိုင်၊ ဗန်ပူမြို့နယ်၊ ဖရက်စာမိုင်ရပ်တွင် မြန်မာနိုင်ငံသား(၂)ဦးမောင်းနှင်လာသောဆိုင်ကယ်သည် စွန်ထောင်ဝိဖတ်လမ်းတွင် လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်မိခဲ့သဖြင့် (၂) ဦးလုံးအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

zawgyi version
ထိုင္းငါးဖမ္းသေဘၤာေပၚတြင္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသား ပိုက္ကြန္ႀကိဳးႏွင့္ရစ္ပတ္မိ၍ ေသဆုံးခဲ့
ေက်ာ္(NP News) - ဇန္နဝါရီ ၄
ထိုင္းႏိုင္ငံ၊ တရတ္ခ႐ိုင္၊ ခေလာက္ယိုင္ၿမိဳ႕နယ္တြင္ ထိုင္းငါးဖမ္းသေဘၤာေပၚ၌အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားတစ္ဦး ပိုက္ကြန္ႀကိဳးႏွင့္ရစ္ပတ္မိ၍ေသဆုံးသြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။
"ေသဆုံးတဲ့ရက္ကို ကြၽန္ေတာ္တို႔မသိပါဘူး။ မေန႔က(ဒီဇင္ဘာလ ၃ ရက္)မွာ တရတ္ခ႐ိုင္မွာအေျခစိုက္တဲ့လူမႈကူညီေရးအသင္းက ငါးဖမ္းပိုက္ကြန္ႀကိဳးနဲ႔ရစ္မိၿပီးေသဆုံးေနတဲ့ ျမန္မာႏိုင္ငံသား တစ္ေယာက္ရွိတယ္ဆိုတာဖုန္းဆက္ၿပီး အေၾကာင္းၾကားတာေၾကာင့္ ကူညီေပးဖို႔သြားၾကည့္ခဲ့ပါတယ္"ဟု ျမန္မာအလုပ္သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသည့္ ကိုေက်ာ္ေက်ာ္က NP News ကိုေျပာသည္။
ငါးဖမ္းပိုက္ကြန္ျဖင့္ ရစ္ပတ္မိ၍ေသဆုံးသြားသူသည္ ကိုေအာင္မိုး(၄၂)ႏွစ္ျဖစ္ကာ ၎၏႐ုပ္အေလာင္းအားခေလာက္ယိုင္ၿမိဳ႕နယ္ရွိ ကန္ပါဟာဆိပ္ ကမ္းတြင္ တရတ္ခ႐ိုင္လူမႈကူညီေရးအသင္းႏွင့္ခေလာင္ယိုင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ားက လာေရာက္သယ္ယူ၍ ေဆး႐ုံရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။
"ကိုေအာင္မိုးအလုပ္လုပ္ေနတဲ့သေဘၤာက တန္ခ်ိန္ ၆၀ ရွိတဲ့ ငါးဖမ္းစက္ေလွတစ္စီးပါ။ စမြတ္စေခါင္မွာအေျခစိုက္တယ္ေျပာတယ္။ အလုပ္သမားေတြလည္းအမ်ားႀကီးအလုပ္လုပ္ေနၾကတယ္လို႔သိရပါတယ္။ သူတို႔သေဘၤာက ထိုင္းပိုင္နက္ပင္လယ္ေကြ႕မွာငါးဖမ္းေနရင္း ကိုေအာင္မိုးရဲ႕ လည္ပင္းနဲ႔ေျခေထာက္ေတြကို ပိုက္ကြန္နဲ႔ရစ္ပတ္မိၿပီး ေသဆုံးသြားတာလို႔ သိထားရတယ္။ အေသးစိတ္အခ်က္အလက္ေတြကို တာဝန္ရွိတဲ့လူေတြက စစ္ေဆးေနၾကပါတယ္"ဟု ကိုေက်ာ္ေက်ာ္က ေျပာသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂ ရက္၊ ေန႔လည္ ၃ နာရီခန္႔ကလည္း စမြတ္ပရကန္ခ႐ိုင္၊ ဗန္ပူၿမိဳ႕နယ္၊ ဖရက္စာမိုင္ရပ္တြင္ ျမန္မာႏိုင္ငံသား(၂)ဦးေမာင္းႏွင္လာေသာဆိုင္ကယ္သည္ စြန္ေထာင္ဝိဖတ္လမ္းတြင္ လမ္းေဘးရွိဓာတ္တိုင္အား ဝင္တိုက္မိခဲ့သျဖင့္ (၂) ဦးလုံးအခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။