PDF အဖွဲ့၏လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ ပြည်သူ့စစ် အဖွဲ့ဝင်က ပြည်သူပိုင်ပစ္စည်းများလုယက်သည်ဆိုခြင်း မှာ မဟုတ်ကြောင်း မိသားစုဝင်ပြော

 835

သန့်ဇင်(NP News)-စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် ပြည် PDF အဖွဲ့၏လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ပြည်သူ့စစ်အဖွဲ့ဝင် ကိုအေးမင်းထွန်းက ပြည်သူပိုင်ပစ္စည်းများလုယက်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မမှန်ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း သေဆုံးသူ၏ မိသားဝင်တစ်ဦးက NP Newsသို့ ပြောသည်
အသက် (၃၃) နှစ်အရွယ် ကိုအေးမင်းထွန်း အသတ်ခံရသော ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်၊ နံနက် ၇ နာရီက ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရကာ ယာခင်းသို့ သွားရောက်စဉ် ပြည် PDF အမှတ် (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၂) ကလုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူပိုင်ပစ္စည်းများကိုလုယက်သူမဟုတ်ပဲ ကိုယ်ပိုင်ယာလုပ်ငန်းဖြင့်သာ နေထိုင်သူဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ပြည်သူ့စစ် အဖွဲ့အတွင်း ဝင်ရောက်ခဲ့သူဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က သူ့ညီအရင်းပါ။ သူတို့ရေးထားတာလေ ကိုအေးမင်းထွန်းက ပြည်သူတွေကိုညှင်းပန်းနေပါတယ်။ နှိတ်စက်နေလို့ အတင်း အဓမ္မ ငွေကြေးတွေကိုလစဉ်ညှင်းပန်းနေလို့ဆိုတာတွေက မဟုတ်ပါဘူး။ ကျွန်တော်တို့လည်းတကယ်ခံစားရပါတယ်။ ပြည်သူ့စစ်ဆိုတာ မှန်ပါတယ်။ ပြီးခဲသည့် သင်္ကြန်ကာလကမှ ပြည်သူ့စစ်ထဲက ဝင်လိုက်တာပါ။ သူ့အိမ်မှာပဲနေတာပါ။ ညဘက်ဆိုရင်တော့ ရွာကိုလုံခြုံရေးယူရတယ်။ မနက်ကျတော့ သူ့ဝမ်းစာလေးရှာစားဖို့ တောင်ယာတဲလေးကိုသွားတာမှ လုပ်ကြံခံရတာ”ဟု မိသားဝင်တစ်ဦးက ပြောသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ဦးအေးမင်းထွန်းတွင် ဘယ်ဘက်ပေါင်၊ ညာဘက်လက်နှင့် ဘယ်ဘက်နံကြားတွင်ကျည်ထိမှန် ဒဏ်ရာ များနှင့် နောက်ကျောနှင့် ညာဘက်ရင်အုံတို့တွင်ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူရုပ်အလောင်းအား ပန်းသင်းပင်ကျေးရွာသုသာန်သို့ ပြန်လည်ပို့ဆောင်သင်္ဂြိုလ်ခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
PDF အဖြဲ႕၏လုပ္ႀကံသတ္ျဖတ္ျခင္းခံရသူ ျပည္သူ႔စစ္ အဖြဲ႕ဝင္က ျပည္သူပိုင္ပစၥည္းမ်ားလုယက္သည္ဆိုျခင္း မွာ မဟုတ္ေၾကာင္း မိသားစုဝင္ေျပာ
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၅
ပဲခူးတိုင္းေဒသႀကီး၊ ေပါင္းတည္ၿမိဳ႕နယ္တြင္ ျပည္ PDF အဖြဲ႕၏လုပ္ႀကံသတ္ျဖတ္ျခင္းခံရသည့္ ျပည္သူ႔စစ္အဖြဲ႕ဝင္ ကိုေအးမင္းထြန္းက ျပည္သူပိုင္ပစၥည္းမ်ားလုယက္ခဲ့သည္ဆိုျခင္းမွာ မဟုတ္မမွန္ဝါဒျဖန႔္ျခင္းသာျဖစ္ေၾကာင္း ေသဆုံးသူ၏ မိသားဝင္တစ္ဦးက NP Newsသို႔ ေျပာသည္
အသက္ (၃၃) ႏွစ္အ႐ြယ္ ကိုေအးမင္းထြန္း အသတ္ခံရေသာ ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၁ ရက္၊ နံနက္ ၇ နာရီက ေပါင္းတည္ၿမိဳ႕နယ္၊ ပန္းသင္းပင္ေက်း႐ြာအနီးတြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရကာ ယာခင္းသို႔ သြားေရာက္စဥ္ ျပည္ PDF အမွတ္ (၃၆၀၁) တပ္ရင္း၊ တပ္ခြဲ (၂) ကလုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျပည္သူပိုင္ပစၥည္းမ်ားကိုလုယက္သူမဟုတ္ပဲ ကိုယ္ပိုင္ယာလုပ္ငန္းျဖင့္သာ ေနထိုင္သူျဖစ္ၿပီး ၿပီးခဲ့သည့္ ဧၿပီလမွစတင္ကာ ျပည္သူ႔စစ္ အဖြဲ႕အတြင္း ဝင္ေရာက္ခဲ့သူျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္က သူ႔ညီအရင္းပါ။ သူတို႔ေရးထားတာေလ ကိုေအးမင္းထြန္းက ျပည္သူေတြကိုညႇင္းပန္းေနပါတယ္။ ႏွိတ္စက္ေနလို႔ အတင္း အဓမၼ ေငြေၾကးေတြကိုလစဥ္ညႇင္းပန္းေနလို႔ဆိုတာေတြက မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔လည္းတကယ္ခံစားရပါတယ္။ ျပည္သူ႔စစ္ဆိုတာ မွန္ပါတယ္။ ၿပီးခဲသည့္ သၾကၤန္ကာလကမွ ျပည္သူ႔စစ္ထဲက ဝင္လိုက္တာပါ။ သူ႔အိမ္မွာပဲေနတာပါ။ ညဘက္ဆိုရင္ေတာ့ ႐ြာကိုလုံၿခဳံေရးယူရတယ္။ မနက္က်ေတာ့ သူ႔ဝမ္းစာေလးရွာစားဖို႔ ေတာင္ယာတဲေလးကိုသြားတာမွ လုပ္ႀကံခံရတာ”ဟု မိသားဝင္တစ္ဦးက ေျပာသည္။
ထိုသို႔ သတ္ျဖတ္ခံရမႈေၾကာင့္ ဦးေအးမင္းထြန္းတြင္ ဘယ္ဘက္ေပါင္၊ ညာဘက္လက္ႏွင့္ ဘယ္ဘက္နံၾကားတြင္က်ည္ထိမွန္ ဒဏ္ရာ မ်ားႏွင့္ ေနာက္ေက်ာႏွင့္ ညာဘက္ရင္အုံတို႔တြင္ဓားဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူ႐ုပ္အေလာင္းအား ပန္းသင္းပင္ေက်း႐ြာသုသာန္သို႔ ျပန္လည္ပို႔ေဆာင္သၿဂႋဳလ္ခဲ့ၿပီး လက္ရွိတြင္ က်ဴးလြန္သူ မ်ားအား ေဖာ္ထုတ္ဖမ္းအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.