စိတ်မနှံ့တဲ့အိမ်ခြေယာမဲ့တွေကို သတ်ပစ်သင့်တယ်လို့ပြောကြားခဲ့တဲ့ Fox & Friends အစီအစဉ်တင်ဆက်သူ ပြန်လည်တောင်းပန်

568

ရောင်နီ (NP News) - စက်တင်ဘာ ၁၆
အမေရိကန်နိုင်ငံရဲ့ Fox & Friends Talk Show အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူခဲ့တဲ့ ဘရိုင်ယန် ကယ်လ်မယ်ဒဲက စိတ်မနှံ့တဲ့အိမ်ခြေယာမဲ့တွေကို ဆေးထိုးသတ်သင့်တယ်လို့ ပြောကြားခဲ့မှုအတွက် တနင်္ဂနွေနေ့(စက်တင်ဘာ ၁၄ ရက်) က တောင်းပန်စကားဆိုခဲ့ပါတယ်။
ဘရိုင်ယန်ကယ်လ်မယ်ဒဲရဲ့ အဲဒီမှတ်ချက်ဟာ ပြင်းထန်တဲ့ဝေဖန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ကာရိုလိုင်းနားက ရထားတစ်စီးပေါ်မှာ အိမ်ခြေယာမဲ့တစ်ဦးရဲ့လုပ်ရပ်ကြောင့် ယူကရိန်း အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးခံရကာ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ဘရိုင်ယန်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၀ ရက်) က ပြုလုပ်တဲ့ Fox & Friends Talk Show မှာ တွဲဖက်အစီအစဉ် တင်ဆက်သူက စိတ်မနှံ့တဲ့အိမ်ယာမဲ့တွေဟာ ကုသမှုအစီအစဉ်တွေကို လက်ခံသင့်တယ် ဒါမှမဟုတ် သူတို့ကို ထောင်ချသင့်တယ် လို့ပြောကြားခဲ့ရာမှာ ဘရိုင်ယန်က "ဒါမှမဟုတ် အလိုအလျောက် သေစေမယ့် ဆေးထိုးသတ်ခြင်း စတဲ့ နည်းတစ်ခု ခုသုံးပြီး သတ်လိုက်သင့်တယ်" လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ဘရိုင်ယန်က "အလွန်မိုက်မဲတဲ့ မှတ်ချက်ပေးမိတဲ့အတွက် တောင်းပန်ကြောင်း၊အိမ်ယာမဲ့တွေဟာ စာနာမှုနဲ့ ကရုဏာပေးဖို့ ထိုက်တန်ပါကြောင်း" လို့ ပြန်လည်ပြောကြားကာ တောင်းပန်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
စိတ္မႏွံ႔တဲ့အိမ္ေျခယာမဲ့ေတြကို သတ္ပစ္သင့္တယ္လို႔ေျပာၾကားခဲ့တဲ့ Fox & Friends အစီအစဥ္တင္ဆက္သူ ျပန္လည္ေတာင္းပန္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆
အေမရိကန္ႏိုင္ငံရဲ႕ Fox & Friends Talk Show အစီအစဥ္မွာ အစီအစဥ္တင္ဆက္သူအျဖစ္ တာဝန္ယူခဲ့တဲ့ ဘ႐ိုင္ယန္ ကယ္လ္မယ္ဒဲက စိတ္မႏွံ႔တဲ့အိမ္ေျခယာမဲ့ေတြကို ေဆးထိုးသတ္သင့္တယ္လို႔ ေျပာၾကားခဲ့မႈအတြက္ တနဂၤေႏြေန႔(စက္တင္ဘာ ၁၄ ရက္) က ေတာင္းပန္စကားဆိုခဲ့ပါတယ္။
ဘ႐ိုင္ယန္ကယ္လ္မယ္ဒဲရဲ႕ အဲဒီမွတ္ခ်က္ဟာ ျပင္းထန္တဲ့ေဝဖန္မႈေတြကိုျဖစ္ေပၚေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေျမာက္ကာ႐ိုလိုင္းနားက ရထားတစ္စီးေပၚမွာ အိမ္ေျခယာမဲ့တစ္ဦးရဲ႕လုပ္ရပ္ေၾကာင့္ ယူကရိန္း အမ်ိဳးသမီးတစ္ဦး လည္ပင္းဓားထိုးခံရကာ ေသဆုံးခဲ့မႈနဲ႔ ပတ္သက္ၿပီး ဘ႐ိုင္ယန္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ (စက္တင္ဘာ ၁၀ ရက္) က ျပဳလုပ္တဲ့ Fox & Friends Talk Show မွာ တြဲဖက္အစီအစဥ္ တင္ဆက္သူက စိတ္မႏွံ႔တဲ့အိမ္ယာမဲ့ေတြဟာ ကုသမႈအစီအစဥ္ေတြကို လက္ခံသင့္တယ္ ဒါမွမဟုတ္ သူတို႔ကို ေထာင္ခ်သင့္တယ္ လို႔ေျပာၾကားခဲ့ရာမွာ ဘ႐ိုင္ယန္က "ဒါမွမဟုတ္ အလိုအေလ်ာက္ ေသေစမယ့္ ေဆးထိုးသတ္ျခင္း စတဲ့ နည္းတစ္ခု ခုသုံးၿပီး သတ္လိုက္သင့္တယ္" လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ဘ႐ိုင္ယန္က "အလြန္မိုက္မဲတဲ့ မွတ္ခ်က္ေပးမိတဲ့အတြက္ ေတာင္းပန္ေၾကာင္း၊အိမ္ယာမဲ့ေတြဟာ စာနာမႈနဲ႔ က႐ုဏာေပးဖို႔ ထိုက္တန္ပါေၾကာင္း" လို႔ ျပန္လည္ေျပာၾကားကာ ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။