ထိုင်းနိုင်ငံတွင်အလုပ်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦး စက္ကူစက်ညပ်ပြီး ပွဲချင်းပြီးသေဆုံး

7908

ဂျန်ဇက် / ကျော် (NP News) - ဇန်နဝါရီ ၉
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် Khok Phra Tha အရပ်ဒေသရှိ စက္ကူစက်ရုံတွင် မြန်မာအမျိုးသမီးတစ်ဦး စက္ကူစက်ညပ်ကာ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
Khok Phra Tha အရပ်ဒေသရှိ စက္ကူစက်ရုံတွင် အလုပ်လုပ်နေသည့်မြန်မာအမျိုးသမီးသည် စက္ကူကြိတ်စက်ညပ်ခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် Phanat Nikhom ရဲစခန်းတာဝန်ရှိသူများသည် စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အသက် ၃ဝ အရွယ်ရှိ မြန်မာအမျိုးသမီးသည် စက္ကူစက်ရုံတွင် အသုံးပြုသော စက္ကူကြိတ်စက်ညပ်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမြန်မာအမျိုးသမီးသည် စက်ရုံတွင်အလုပ်နေသည့်အချိန်က တစ်နှစ်နီးပါးသာ ရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေဆုံးသူ၏ သူငယ်ချင်းများက သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် တစ်နေ့တာလုပ်ရမည့်အလုပ်များကို ပြီးစီးအောင်လုပ်ဆောင်ရန်အတွက် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းအစောကြီးကတည်းက စက်ရုံကို သွားရောက်ခဲ့ ကြောင်း၊ ၎င်းတို့စက်ရုံကိုရောက်ရှိချိန်တွင် မြန်မာအမျိုးသမီးကို စက္ကူကြိတ်စက်ညှပ်ကာ သေဆုံးနေသည်ကို တွေ့မြင်ရပြီး စက္ကူစက်အင်ဂျင်လည်း ပိတ်နေခဲ့ကြောင်း ပြောသည်။
"ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်ကတော့ အခင်းဖြစ်တဲ့နေရာ စက်ခန်းကအတွင်းပိုင်းမှာ အလင်းရောင်ကောင်းကောင်းမရှိတာရယ် ပူအိုက်နေတာရယ်ကြောင့် မူးလဲပြီးပြုတ်ကျမိတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားတယ်။ ကျွန်တော်တို့ကတော့ ရဲတပ်ဖွဲ့နဲ့ပေါင်းပြီး လိုအပ်တာတွေလုပ်ဆောင်သွားမယ်။ နောက်ပြီး မနွေးလှိုင်ရဲ့မိသားစုဝင်တွေအတွက် နစ်နာကြေးရအောင်ကူညီပေးသွားမှာပါ"ဟု မြန်မာနိုင်ငံသားများအားကူညီပေးနေသည့် ကိုကျော်ကျော်က NP News ကိုပြောသည်။
အသက်သေဆုံးခဲ့သော မြန်မာအမျိုးသမီးသည် စက်ရုံကို အစောကြီးလာရောက်ကာ အလုပ်လုပ်သူဖြစ်သော်လည်း ဇန်နဝါရီ ၈ ရက်တွင် စက္ကူစက်အင်ဂျင် ပိတ်နေခဲ့ကြောင်း၊ မျှော်လင့်မထားသည့်အမှားအယွင်းဖြစ်ကာ အသက်သေဆုံးခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း စက်ရုံပိုင်ရှင်၏ ညီဖြစ်သူ Mr. Weeraphong Nokcharoen က ပြောသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္အလုပ္လုပ္ေနသည့္ ျမန္မာအမ်ိဳးသမီးတစ္ဦး စကၠဴစက္ညႇပ္ၿပီး ပြဲခ်င္းၿပီးေသဆုံး
ဂ်န္ဇက္ / ကျော် (NP News) - ဇန္နဝါရီ ၉
ထိုင္းႏိုင္ငံ ခြၽန္ဘူရီျပည္နယ္ Khok Phra Tha အရပ္ေဒသရွိ စကၠဴစက္႐ုံတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦး စကၠဴစက္ညႇပ္ကာ ဇန္နဝါရီ ၈ ရက္ နံနက္ပိုင္းက ေသဆုံးသြားခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။
Khok Phra Tha အရပ္ေဒသရွိ စကၠဴစက္႐ုံတြင္ အလုပ္လုပ္ေနသည့္ျမန္မာအမ်ိဳးသမီးသည္ စကၠဴႀကိတ္စက္ညႇပ္ခဲ့ သည္ဆိုေသာသတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ Phanat Nikhom ရဲစခန္းတာဝန္ရွိသူမ်ားသည္ စက္႐ုံသို႔ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။
အသက္ ၃ဝ အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီးသည္ စကၠဴစက္႐ုံတြင္ အသုံးျပဳေသာ စကၠဴႀကိတ္စက္ညႇပ္ကာ ပြဲခ်င္းၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါျမန္မာအမ်ိဳးသမီးသည္ စက္႐ုံတြင္အလုပ္ေနသည့္အခ်ိန္က တစ္ႏွစ္နီးပါးသာ ရွိေသးေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။
ေသဆုံးသူ၏ သူငယ္ခ်င္းမ်ားက ေသဆုံးခဲ့ေသာ ျမန္မာအမ်ိဳးသမီးသည္ တစ္ေန႔တာလုပ္ရမည့္အလုပ္မ်ားကို ၿပီးစီးေအာင္လုပ္ေဆာင္ရန္အတြက္ ဇန္နဝါရီ ၈ ရက္ နံနက္ပိုင္းအေစာႀကီးကတည္းက စက္႐ုံကို သြားေရာက္ခဲ့ ေၾကာင္း၊ ၎တို႔စက္႐ုံကိုေရာက္ရွိခ်ိန္တြင္ ျမန္မာအမ်ိဳးသမီးကို စကၠဴႀကိတ္စက္ညႇပ္ကာ ေသဆုံးေနသည္ကို ေတြ႕ျမင္ရၿပီး စကၠဴစက္အင္ဂ်င္လည္း ပိတ္ေနခဲ့ေၾကာင္း ေျပာသည္။
"ရဲတပ္ဖြဲ႕ရဲ႕စစ္ေဆးခ်က္ကေတာ့ အခင္းျဖစ္တဲ့ေနရာ စက္ခန္းကအတြင္းပိုင္းမွာ အလင္းေရာင္ေကာင္းေကာင္းမရွိတာရယ္ ပူအိုက္ေနတာရယ္ေၾကာင့္ မူးလဲၿပီးျပဳတ္က်မိတာျဖစ္ႏိုင္တယ္လို႔ သုံးသပ္ထားတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ရဲတပ္ဖြဲ႕နဲ႔ေပါင္းၿပီး လိုအပ္တာေတြလုပ္ေဆာင္သြားမယ္။ ေနာက္ၿပီး မေႏြးလႈိင္ရဲ႕မိသားစုဝင္ေတြအတြက္ နစ္နာေၾကးရေအာင္ကူညီေပးသြားမွာပါ"ဟု ျမန္မာႏိုင္ငံသားမ်ားအားကူညီေပးေနသည့္ ကိုေက်ာ္ေက်ာ္က NP News ကိုေျပာသည္။
အသက္ေသဆုံးခဲ့ေသာ ျမန္မာအမ်ိဳးသမီးသည္ စက္႐ုံကို အေစာႀကီးလာေရာက္ကာ အလုပ္လုပ္သူျဖစ္ေသာ္ လည္း ဇန္နဝါရီ ၈ ရက္တြင္ စကၠဴစက္အင္ဂ်င္ ပိတ္ေနခဲ့ေၾကာင္း၊ ေမွ်ာ္လင့္မထားသည့္အမွားအယြင္းျဖစ္ကာ အသက္ေသဆုံးခဲ့ျခင္းျဖစ္ဖြယ္ရွိေနေၾကာင္း စက္႐ုံပိုင္ရွင္၏ ညီျဖစ္သူ Mr. Weeraphong Nokcharoen က ေျပာသည္။