အစ္စရေး နဲ့ ပါလက်စတိုင်း နှစ်နိုင်ငံဆိုတဲ့ မူဝါဒရပ်တည်ချက်တွေကို မဆန့်ကျင်ဖို့ အစ္စရေးအစိုးရကို အမေရိကန်သမ္မတတောင်းဆို

615
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပါလက်စတိုင်းအရေး အဖြေရှာနိုင်ဖို့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအ မှတ်ပြုဖို့ နဲ့ ပါလက်စတိုင်း၊ အစ္စရေး နှစ်နိုင်ငံဆိုတဲ့ဆုံးဖြတ်ချက်ကို လက်ခံစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။

အမေရိကန်သမ္မတဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်းပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုရေးနဲ့ပတ် သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့တစ်လနီးပါးအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဂါဇာဒေသမှာပြုလုပ်နေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဝန် ကြီးချုပ်နေတန်ရာဟုက ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အပြည့်အဝနိုင်ပွဲမရသေးဘူးဆိုရင် အခြားကိစ္စတွေကို ဆွေးနွေးဖြေရှင်းမှာမဟုတ်သေးကြောင်း မကြာသေးမီကပြောခဲ့ဖူးပါတယ်။
အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့ပါလက်စတိုင်းပဋိပက္ခအရေးနဲ့ပတ်သက်ပြီး အချိန်အတန်ကြာကြိုးပမ်းနေခဲ့ကြောင်းဆိုပါတယ်။ အမေရိကန်သမ္မတက အစ္စရေးဝန်ကြီးချုပ်ဟာ အစ္စရေးနဲ့ပါလက်စတိုင်း နှစ်နိုင်ငံဆိုတဲ့အချက်ကို ဆန့်ကျင်မှုမရှိကြောင်း၊ နှစ်နိုင်ငံ အတူရပ်တည်ရေးဆိုတဲ့အချက်ကိုလက်ခံဖို့ အကြိမ်များစွာကြိုးပမ်းရမှာဖြစ် ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲမှာ စစ်တပ်မရှိတဲ့နိုင်ငံတွေရှိနေကြောင်း ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ်ဟာ ၎င်းနိုင်ငံ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိနေတဲ့အတွက် ပါလက်စတိုင်းကို နိုင်ငံတစ် နိုင်ငံအဖြစ် တရားဝင်အသိမှတ်ပြုပေးဖို့ ငြင်းဆန်ခဲ့တာမျိုးတွေရှိနေကြောင်းသိရပါတယ်။ အမေရိကန်သမ္မတက "ပါလက်စတိုင်းအရေးအဖြေရှာနိုင်ဖို့ ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်မယ်ထင်ပါတယ်။ အဲဒီလိုမျိုးလုပ်ဆောင်နိုင်ဖို့ နည်းလမ်းတွေရှာရမယ်"လို့ ပြောပါတယ်။
အမေရိကန်သမ္မတဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ပါလက်စတိုင်းလူမျိုးသေဆုံးမှုလျော့နည်းအောင်လုပ် ဆောင်ဖို့ အစ္စရေးအစိုးရကို ဖိအားပေးတာမျိုးတွေရှိနေခဲ့ကြောင်းသိရပါတယ်။
zawgyi version
အစၥေရး နဲ႔ ပါလက္စတိုင္း ႏွစ္ႏိုင္ငံဆိုတဲ့ မူဝါဒရပ္တည္ ခ်က္ေတြကို မဆန႔္က်င္ဖို႔ အစၥေရးအစိုးရကို အေမရိကန္သမၼတေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ပါလက္စတိုင္းအေရး အေျဖရွာႏိုင္ဖို႔ ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိအ မွတ္ျပဳဖို႔ နဲ႔ ပါလက္စတိုင္း၊ အစၥေရး ႏွစ္ႏိုင္ငံဆိုတဲ့ဆုံးျဖတ္ခ်က္ကို လက္ခံေစလိုေၾကာင္း တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။
အေမရိကန္သမၼတဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္းပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိမွတ္ျပဳေရးနဲ႔ပတ္ သက္ၿပီး ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔တစ္လနီးပါးအတြင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဂါဇာေဒသမွာျပဳလုပ္ေနတဲ့ အစၥေရးရဲ႕တိုက္ခိုက္မႈေတြကို ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။ အစၥေရးဝန္ ႀကီးခ်ဳပ္ေနတန္ရာဟုက ဟားမက္စ္အဖြဲ႕ကို အျမစ္ျပတ္ေခ်မႈန္းႏိုင္ဖို႔ အျပည့္အဝႏိုင္ပြဲမရေသးဘူးဆိုရင္ အျခားကိစၥေတြကို ေဆြးေႏြးေျဖရွင္းမွာမဟုတ္ေသးေၾကာင္း မၾကာေသးမီကေျပာခဲ့ဖူးပါတယ္။
အေမရိကန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကာဘိုင္က ဂ်ိဳးဘိုင္ဒန္ဟာ ၎ရဲ႕ပါလက္စတိုင္းပဋိပကၡအေရးနဲ႔ပတ္သက္ၿပီး အခ်ိန္အတန္ၾကာႀကိဳးပမ္းေနခဲ့ေၾကာင္းဆိုပါတယ္။ အေမရိကန္သမၼတက အစၥေရးဝန္ႀကီးခ်ဳပ္ဟာ အစၥေရးနဲ႔ပါလက္စတိုင္း ႏွစ္ႏိုင္ငံဆိုတဲ့အခ်က္ကို ဆန႔္က်င္မႈမရွိေၾကာင္း၊ ႏွစ္ႏိုင္ငံ အတူရပ္တည္ေရးဆိုတဲ့အခ်က္ကိုလက္ခံဖို႔ အႀကိမ္မ်ားစြာႀကိဳးပမ္းရမွာျဖစ္ ေၾကာင္း၊ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြထဲမွာ စစ္တပ္မရွိတဲ့ႏိုင္ငံေတြရွိေနေၾကာင္း ဆိုပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ဟာ ၎ႏိုင္ငံ လုံၿခဳံေရးနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈရွိေနတဲ့အတြက္ ပါလက္စတိုင္းကို ႏိုင္ငံတစ္ ႏိုင္ငံအျဖစ္ တရားဝင္အသိမွတ္ျပဳေပးဖို႔ ျငင္းဆန္ခဲ့တာမ်ိဳးေတြရွိေနေၾကာင္းသိရပါတယ္။ အေမရိကန္သမၼတက "ပါလက္စတိုင္းအေရးအေျဖရွာႏိုင္ဖို႔ ကြၽန္ေတာ္တို႔ တစ္ခုခုလုပ္ႏိုင္မယ္ထင္ပါတယ္။ အဲဒီလိုမ်ိဳးလုပ္ေဆာင္ႏိုင္ဖို႔ နည္းလမ္းေတြရွာရမယ္"လို႔ ေျပာပါတယ္။
အေမရိကန္သမၼတဟာ ဂါဇာစစ္ပြဲနဲ႔ပတ္သက္ၿပီး ပါလက္စတိုင္းလူမ်ိဳးေသဆုံးမႈေလ်ာ့နည္းေအာင္လုပ္ ေဆာင္ဖို႔ အစၥေရးအစိုးရကို ဖိအားေပးတာမ်ိဳးေတြရွိေနခဲ့ေၾကာင္းသိရပါတယ္။