တိုင်းနှင့်ပြည်နယ်(၁၃)ခုရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၃၀၀)နီးပါး ခေါ်ယူနေ

4457
စော (NP News) - ဇန်နဝါရီ ၂၆
နေပြည်တော် အပါအဝင် တိုင်း နှင့် ပြည်နယ် (၁၃)ခုရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၃၀၀)နီးပါး ခေါ်ယူနေကြောင်း သိရသည်။

စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့ (ဇန်နဝါရီလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
မြန်မာ့စီးပွားရေးဘဏ်မှ အငယ်တန်းစာရေး/ငွေကိုင် (၄) ရာထူးနေရာ (၂၉၂)နေရာ ခန့်အပ်သွားမည်ဖြစ်ပြီး စီးပွားရေးဘွဲ့၊ ဥပဒေဘွဲ့၊ ကွန်ပျူတာဘွဲ့ နှင့် အင်္ဂလိပ်စာဘွဲ့ရရှိသူများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာထူးနေရာများအတွက် နေပြည်တော်တွင် (၂၉)နေရာ၊ ကချင်ပြည်နယ်တွင် (၁၅)နေရာ၊ ကရင်ပြည်နယ်တွင် (၁၀)နေရာ၊ ချင်းပြည်နယ်တွင် (၁၈)နေရာ၊ စစ်ကိုင်းတိုင်းတွင် (၃၃)နေရာ နှင့် တနင်္သာရီတိုင်းတွင် (၁၃)နေရာ ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်းတွင် (၂၃)နေရာ၊ မကွေးတိုင်းတွင် (၁၀)နေရာ၊ မန္တလေးတိုင်းတွင် (၂၄)နေရာ၊ မွန်ပြည်နယ်တွင် (၈)နေရာ၊ ရန်ကုန်တိုင်းတွင် (၆၄)နေရာ၊ ရှမ်းပြည်နယ်တွင် (၄၄)နေရာ နှင့် ဧရာဝတီတိုင်းတွင် (၁)နေရာ ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လျှောက်လွှာများကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်နှင့် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်ရုံးများတွင် ရယူနိုင်ပြီး ဖေဖော်ဝါရီလ ၂ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများကို သက်ဆိုင်ရာဌာနများတွင် မတ်လ ၂ ရက်မှ ၃ ရက်အထိ အင်္ဂလိပ်စာ(ရေးဖြေ) ၊ ကွန်ပျူတာကျွမ်း ကျင်မှု (လက်တွေ့) နှင့် အထွေအထွေဗဟုသုတ(လူတွေ့)တို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ (၂၉)ရက်မှ မတ်လ (၁)ရက်နေ့များတွင် မိမိတို့လျှောက်ထားခဲ့သည့် စာစစ်ဌာနများ၌ ထုတ်ပေးသွားမည်ဖြစ်ပြီး ကာယကံရှင်ကိုယ်တိုင် မှတ်ပုံတင်ကတ်ပြားမူရင်းနှင့်အတူ ရုံးချိန်အတွင်း ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
တိုင္းႏွင့္ျပည္နယ္(၁၃)ခုရွိ ျမန္မာ့စီးပြားေရးဘဏ္တြင္ တာဝန္ထမ္းေဆာင္ရန္ ရာထူးေနရာ (၃၀၀)နီးပါး ေခၚယူေန
ေစာ (NP News) - ဇန္နဝါရီ ၂၆
ေနျပည္ေတာ္ အပါအဝင္ တိုင္း ႏွင့္ ျပည္နယ္ (၁၃)ခုရွိ ျမန္မာ့စီးပြားေရးဘဏ္တြင္ တာဝန္ထမ္းေဆာင္ရန္ ရာထူးေနရာ (၃၀၀)နီးပါး ေခၚယူေနေၾကာင္း သိရသည္။
စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျမန္မာ့စီးပြားေရးဘဏ္မွ ယေန႔ (ဇန္နဝါရီလ ၂၆ ရက္)တြင္ အထက္ပါကဲ့သို႔ေၾကညာထားျခင္းျဖစ္သည္။
ျမန္မာ့စီးပြားေရးဘဏ္မွ အငယ္တန္းစာေရး/ေငြကိုင္ (၄) ရာထူးေနရာ (၂၉၂)ေနရာ ခန႔္အပ္သြားမည္ျဖစ္ၿပီး စီးပြားေရးဘြဲ႕၊ ဥပေဒဘြဲ႕၊ ကြန္ပ်ဴတာဘြဲ႕ ႏွင့္ အဂၤလိပ္စာဘြဲ႕ရရွိသူမ်ားကို ဦးစားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရာထူးေနရာမ်ားအတြက္ ေနျပည္ေတာ္တြင္ (၂၉)ေနရာ၊ ကခ်င္ျပည္နယ္တြင္ (၁၅)ေနရာ၊ ကရင္ျပည္နယ္တြင္ (၁၀)ေနရာ၊ ခ်င္းျပည္နယ္တြင္ (၁၈)ေနရာ၊ စစ္ကိုင္းတိုင္းတြင္ (၃၃)ေနရာ ႏွင့္ တနသၤာရီတိုင္းတြင္ (၁၃)ေနရာ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ပဲခူးတိုင္းတြင္ (၂၃)ေနရာ၊ မေကြးတိုင္းတြင္ (၁၀)ေနရာ၊ မႏၲေလးတိုင္းတြင္ (၂၄)ေနရာ၊ မြန္ျပည္နယ္တြင္ (၈)ေနရာ၊ ရန္ကုန္တိုင္းတြင္ (၆၄)ေနရာ၊ ရွမ္းျပည္နယ္တြင္ (၄၄)ေနရာ ႏွင့္ ဧရာဝတီတိုင္းတြင္ (၁)ေနရာ ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ေလွ်ာက္လႊာမ်ားကို ျမန္မာ့စီးပြားေရးဘဏ္၊ ေနျပည္ေတာ္ဘဏ္ႏွင့္ သက္ဆိုင္ရာတိုင္းႏွင့္ျပည္နယ္႐ုံးမ်ားတြင္ ရယူႏိုင္ၿပီး ေဖေဖာ္ဝါရီလ ၂ ရက္ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားကို သက္ဆိုင္ရာဌာနမ်ားတြင္ မတ္လ ၂ ရက္မွ ၃ ရက္အထိ အဂၤလိပ္စာ(ေရးေျဖ) ၊ ကြန္ပ်ဴတာကြၽမ္း က်င္မႈ (လက္ေတြ႕) ႏွင့္ အေထြအေထြဗဟုသုတ(လူေတြ႕)တို႔ကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီလ (၂၉)ရက္မွ မတ္လ (၁)ရက္ေန႔မ်ားတြင္ မိမိတို႔ေလွ်ာက္ထားခဲ့သည့္ စာစစ္ဌာနမ်ား၌ ထုတ္ေပးသြားမည္ျဖစ္ၿပီး ကာယကံရွင္ကိုယ္တိုင္ မွတ္ပုံတင္ကတ္ျပားမူရင္းႏွင့္အတူ ႐ုံးခ်ိန္အတြင္း ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။