ဂျာမနီနိုင်ငံသားများက ကိုယ်ပိုင်ဗုံးခိုကျင်းများ တည်ဆောက်မည်ဟု မျှော်လင့်ရကြောင်း Bild သတင်းစာဖော်ပြ

 531

Pika (NP News) - ဇန်နဝါရီ ၂၉

ဥရောပတွင် စစ်ပွဲကြီးဖြစ်ပွားလာမည်ဆိုပါက ဂျာမနီနိုင်ငံသားများသည် ၎င်းတို့၏ နေအိမ်များကို ဗုံးခိုကျင်းများ အဖြစ် ပြောင်းလဲပစ်မည်ဟု မျှော်လင့်ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းများကို ကိုးကားပြီး Bild သတင်းစာက ဖော်ပြခဲ့သည်။

ထို့အပြင် ဂျာမနီနိုင်ငံတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို ကာကွယ်ခြင်း အပါအဝင် စစ်တပ် နှင့် ရဲတပ်ဖွဲ့တို့ကို ချထားပေးလေ့ရှိသော တာဝန်အချို့ကိုထမ်းဆောင်ရန်အတွက် အရပ်သားပြည်သူများကို အကူအညီတောင်းဆိုနိုင် ဖွယ်ရှိနေကြောင်း သိရသည်။

ဂျာမနီနိုင်ငံတွင် ဗုံးခွဲကျင်း(၅၇၉)ခုသာရှိသည့်အတွက် ပြည်သူများသည် မြေအောက်ခန်း နှင့် ကားဂိုဒေါင်ကဲ့သို့ သောနေရာများတွင် ၎င်းတို့ ကိုယ်ပိုင်ဗုံးခိုကျင်းများကို တည်ဆောက်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အချိန်ကန့်သတ်ချက်များရှိသောကြောင့် ဗုံးခိုကျင်းအသစ်များကို ဆောက်လုပ်ရန်မှာ မဖြစ်နိုင်တော့ကြောင်း Federal Office of Civil Protection and Disaster Assistance ရုံးအကြီးအကဲ Ralph Tiesler ၏ ပြောကြားချက် ကို ကိုးကားပြီး Bild သတင်းစာက ဖော်ပြခဲ့သည်။

ရုရှား-ယူကရိန်းပဋိပက္ခဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ ထွက်ပေါ်လာသောခြိမ်းခြောက်မှုများကြောင့် ဂျာမနီနိုင်ငံ သည် ၎င်း၏ စစ်တပ်ကို ပိုမိုအင်အားမြှင့်တင်နိုင်ရန်အတွက် နည်းလမ်းများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဂျာမနီအစိုးရသည် ၎င်း၏ စစ်တပ်အရွယ်အစားကို စစ်သား(၁၈၃ဝဝဝ) မှ ၂ဝ၃၁ ခုနှစ်တွင် (၂ဝ၃ဝဝဝ) သို့ တိုးမြှင့်နိုင်ရန် စီစဉ်ခဲ့ကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံသည် ဂျာမနီနိုင်ငံကို လာမည့်(၅)နှစ်မှ (၈)နှစ်အတွင်း တိုက်ခိုက်နိုင်ဖွယ်ရှိနေကြောင်း ဂျာမနီကာကွယ် ရေးဝန်ကြီး Boris Pistorius က ယခုလအတွင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော်လည်း Boris Pistorius သည် နောက်ပိုင်းတွင် ၎င်း၏ အကဲဖြတ်ပြောဆိုချက်များကို အနည်းငယ်ပြန်လည်ပြင်ဆင်ခဲ့ကြောင်းလည်း သိရသည်။

Boris Pistorius က "ဒီအချိန်အထိတော့ ရုရှားနိုင်ငံဟာ နေတိုးအဖွဲ့ ဒါမှမဟုတ် နေတိုးရဲ့မိတ်ဖက်နိုင်ငံတွေကို တိုက်ခိုက်မယ့်အလားအလာတွေ ကျွန်တော်မမြင်မိသေးပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံသားမ်ားက ကိုယ္ပိုင္ဗုံးခိုက်င္းမ်ား တည္ေဆာက္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း Bild သတင္းစာေဖာ္ျပ
Pika (NP News) - ဇန္နဝါရီ ၂၉

ဥေရာပတြင္ စစ္ပြဲႀကီးျဖစ္ပြားလာမည္ဆိုပါက ဂ်ာမနီႏိုင္ငံသားမ်ားသည္ ၎တို႔၏ ေနအိမ္မ်ားကို ဗုံးခိုက်င္းမ်ား အျဖစ္ ေျပာင္းလဲပစ္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန၏ စာ႐ြက္စာတမ္းမ်ားကို ကိုးကားၿပီး Bild သတင္းစာက ေဖာ္ျပခဲ့သည္။

ထို႔အျပင္ ဂ်ာမနီႏိုင္ငံတြင္ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံမ်ားကို ကာကြယ္ျခင္း အပါအဝင္ စစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕တို႔ကို ခ်ထားေပးေလ့ရွိေသာ တာဝန္အခ်ိဳ႕ကိုထမ္းေဆာင္ရန္အတြက္ အရပ္သားျပည္သူမ်ားကို အကူအညီေတာင္းဆိုႏိုင္ ဖြယ္ရွိေနေၾကာင္း သိရသည္။

ဂ်ာမနီႏိုင္ငံတြင္ ဗုံးခြဲက်င္း(၅၇၉)ခုသာရွိသည့္အတြက္ ျပည္သူမ်ားသည္ ေျမေအာက္ခန္း ႏွင့္ ကားဂိုေဒါင္ကဲ့သို႔ ေသာေနရာမ်ားတြင္ ၎တို႔ ကိုယ္ပိုင္ဗုံးခိုက်င္းမ်ားကို တည္ေဆာက္ေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ အခ်ိန္ကန႔္သတ္ခ်က္မ်ားရွိေသာေၾကာင့္ ဗုံးခိုက်င္းအသစ္မ်ားကို ေဆာက္လုပ္ရန္မွာ မျဖစ္ႏိုင္ေတာ့ေၾကာင္း Federal Office of Civil Protection and Disaster Assistance ႐ုံးအႀကီးအကဲ Ralph Tiesler ၏ ေျပာၾကားခ်က္ ကို ကိုးကားၿပီး Bild သတင္းစာက ေဖာ္ျပခဲ့သည္။

႐ုရွား-ယူကရိန္းပဋိပကၡဆက္လက္ျဖစ္ပြားေနမႈႏွင့္အတူ ထြက္ေပၚလာေသာၿခိမ္းေျခာက္မႈမ်ားေၾကာင့္ ဂ်ာမနီႏိုင္ငံ သည္ ၎၏ စစ္တပ္ကို ပိုမိုအင္အားျမႇင့္တင္ႏိုင္ရန္အတြက္ နည္းလမ္းမ်ားကို ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။ ထို႔အျပင္ ဂ်ာမနီအစိုးရသည္ ၎၏ စစ္တပ္အ႐ြယ္အစားကို စစ္သား(၁၈၃ဝဝဝ) မွ ၂ဝ၃၁ ခုႏွစ္တြင္ (၂ဝ၃ဝဝဝ) သို႔ တိုးျမႇင့္ႏိုင္ရန္ စီစဥ္ခဲ့ေၾကာင္းလည္း သိရသည္။

႐ုရွားႏိုင္ငံသည္ ဂ်ာမနီႏိုင္ငံကို လာမည့္(၅)ႏွစ္မွ (၈)ႏွစ္အတြင္း တိုက္ခိုက္ႏိုင္ဖြယ္ရွိေနေၾကာင္း ဂ်ာမနီကာကြယ္ ေရးဝန္ႀကီး Boris Pistorius က ယခုလအတြင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း Boris Pistorius သည္ ေနာက္ပိုင္းတြင္ ၎၏ အကဲျဖတ္ေျပာဆိုခ်က္မ်ားကို အနည္းငယ္ျပန္လည္ျပင္ဆင္ခဲ့ေၾကာင္းလည္း သိရသည္။

Boris Pistorius က "ဒီအခ်ိန္အထိေတာ့ ႐ုရွားႏိုင္ငံဟာ ေနတိုးအဖြဲ႕ ဒါမွမဟုတ္ ေနတိုးရဲ႕မိတ္ဖက္ႏိုင္ငံေတြကို တိုက္ခိုက္မယ့္အလားအလာေတြ ကြၽန္ေတာ္မျမင္မိေသးပါဘူး" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.