အစိုးရနှင့် PNO အဖွဲ့ပူးပေါင်း၍ ပအိုဝ်းဒေသရှိ ကျေးရွာများကို လက်နက်တပ်ဆင်ပေးကာ အထူးလုံခြုံရေးလုပ်ဆောင်ရန် ပြင်ဆင်

9626

မြူနစ် (NP News) - ဇန်နဝါရီ ၂၉
အစိုးရနှင့် PNO အဖွဲ့ ပူးပေါင်း၍ ပအိုဝ်းဒေသအတွင်းရှိ ကျေးရွာများကို လက်နက်တပ်ဆင်ပေးကာ အထူးလုံခြုံရေး လုပ်ဆောင်ရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထူးဒေသ(၆)အတွင်း နေထိုင်ကြသည့် ပအိုဝ်းပြည်သူ နှင့် အတူနေ ညီနောင်တိုင်းရင်းသားများ တည်ငြိမ်အေးချမ်းစွာ နေထိုင်သွားလာနိုင်ရေးအတွက် အထူးလုံခြုံရေးကို ယခုကဲ့သို့ ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခုဆိုရင် ဆီဆိုင်မြို့နယ်ဘက်မှာ PNLA အဖွဲ့နဲ့ PDF တပ်ပေါင်းစုတွေဝင် ရောက်ပြီးတော့မှ ကျွန်တော်တို့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးတယ်။ ရဟန်သံဃာနဲ့ ပြည်သူလူထုတွေ စစ်ဘေးရှောင်ရ တယ်။ ဒုက္ခများစွာ ကြုံတွေ့နေရတယ်။ ဒါလူထုတွေရဲ့သဘောဆန္ဒက တစ်မျိုးသားလုံးရဲ့လုပ်ငန်း၊ တာဝန် ဖြစ်သွားပြီလို့ အားလုံးက ဆုံးဖြတ်ချက်ချကြတယ်ပေါ့လေ။ အဲဒီလိုဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံးသာမက ပအိုဝ်းတိုင်းရင်းသားနဲ့အတူ ယှဉ်တွဲနေထိုင်တဲ့တိုင်းရင်းသားတွေလည်း ပါဝင် လာပြီးတော့မှ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ကာကွယ်စောင့်ရှောက်ဖို့ လက်နက်ကို ရယူပြီးတော့မှ ကာကွယ်မှာပေါ့” ဟု PNO ၏ ထိပ်ပိုင်းအရာရှိတစ်ဦးက NP News ကို ပြောသည်။
ထိုသို့လက်နက်တပ်ဆင်ရာတွင် ပဋိပက္ခများ အဓိကဖြစ်ပွားနေသည့်နေရာများနှင့် အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်သည့်နေရာများတွင် လက်နက်တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ကျွန်တော်တို့ကတော့ အထူးလုံခြုံရေးကိုပဲ အဓိကဆောင်ရွက်မှာပေါ့နော်။ အထူးလုံခြုံရေးဆိုတာ ကျွန်တော်တို့ က သူတို့ကို သွားရောက်ပြီးတော့မှ ရက်စက်ကြမ်းကြုတ်စွာ သွားပြီးတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရပ်ရွာဒေသတွေမှာ ဒီအကြမ်းဖက်သောင်းကျန်းသူတွေ ဝင်ရောက်မလာနိုင်ဖို့အရေးကိုပဲ အဓိကဆောင်ရွက်သွား မှာပါ။ ဆိုလိုတာက ကျွန်တော်တို့ကို မထိရင် သူတို့ကို မထိဘူး။ ကျွန်တော်တို့ နယ်မြေထဲမှာ မလာဘူးဆိုရင် သူတို့ကိုလည်း တိုက်စရာအကြောင်း မရှိဘူးပေါ့” ဟု PNO ၏ ထိပ်ပိုင်းအရာရှိက ထပ်မံပြောသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)နှင့် PDF ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆီဆိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဆီဆိုင်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် PNLO/PNLA၊ PDF ပူးပေါင်းအဖွဲ့များကို နိုင်ငံတော် အစိုးရနှင့် PNA တို့ပူးပေါင်းကာ အမြန်ဆုံးတိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း PNO အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
အစိုးရႏွင့္ PNO အဖြဲ႕ပူးေပါင္း၍ ပအိုဝ္းေဒသရွိ ေက်း႐ြာမ်ားကို လက္နက္တပ္ဆင္ေပးကာ အထူးလုံၿခဳံေရးလုပ္ေဆာင္ရန္ ျပင္ဆင္
ျမဴနစ္ (NP News) - ဇန္နဝါရီ ၂၉
အစိုးရႏွင့္ PNO အဖြဲ႕ ပူးေပါင္း၍ ပအိုဝ္းေဒသအတြင္းရွိ ေက်း႐ြာမ်ားကို လက္နက္တပ္ဆင္ေပးကာ အထူးလုံၿခဳံေရး လုပ္ေဆာင္ရန္ ျပင္ဆင္ေနလ်က္ရွိေၾကာင္း သိရသည္။
ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ အထူးေဒသ(၆)အတြင္း ေနထိုင္ၾကသည့္ ပအိုဝ္းျပည္သူ ႏွင့္ အတူေန ညီေနာင္တိုင္းရင္းသားမ်ား တည္ၿငိမ္ေအးခ်မ္းစြာ ေနထိုင္သြားလာႏိုင္ေရးအတြက္ အထူးလုံၿခဳံေရးကို ယခုကဲ့သို႔ ျပင္ဆင္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
“အခုဆိုရင္ ဆီဆိုင္ၿမိဳ႕နယ္ဘက္မွာ PNLA အဖြဲ႕နဲ႔ PDF တပ္ေပါင္းစုေတြဝင္ ေရာက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ ျပည္သူလူထုရဲ႕အသက္အိုးအိမ္စည္းစိမ္ေတြ ဖ်က္ဆီးတယ္။ ရဟန္သံဃာနဲ႔ ျပည္သူလူထုေတြ စစ္ေဘးေရွာင္ရ တယ္။ ဒုကၡမ်ားစြာ ႀကဳံေတြ႕ေနရတယ္။ ဒါလူထုေတြရဲ႕သေဘာဆႏၵက တစ္မ်ိဳးသားလုံးရဲ႕လုပ္ငန္း၊ တာဝန္ ျဖစ္သြားၿပီလို႔ အားလုံးက ဆုံးျဖတ္ခ်က္ခ်ၾကတယ္ေပါ့ေလ။ အဲဒီလိုဆုံးျဖတ္ခ်က္ခ်လိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ ပအိုဝ္းတစ္မ်ိဳးသားလုံးသာမက ပအိုဝ္းတိုင္းရင္းသားနဲ႔အတူ ယွဥ္တြဲေနထိုင္တဲ့တိုင္းရင္းသားေတြလည္း ပါဝင္ လာၿပီးေတာ့မွ ကိုယ့္႐ြာ၊ ကိုယ့္ေဒသ ကာကြယ္ေစာင့္ေရွာက္ဖို႔ လက္နက္ကို ရယူၿပီးေတာ့မွ ကာကြယ္မွာေပါ့” ဟု PNO ၏ ထိပ္ပိုင္းအရာရွိတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔လက္နက္တပ္ဆင္ရာတြင္ ပဋိပကၡမ်ား အဓိကျဖစ္ပြားေနသည့္ေနရာမ်ားႏွင့္ အၾကမ္းဖက္သမားမ်ား ဝင္ေရာက္လာႏိုင္သည့္ေနရာမ်ားတြင္ လက္နက္တပ္ဆင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။
“ကြၽန္ေတာ္တို႔ကေတာ့ အထူးလုံၿခဳံေရးကိုပဲ အဓိကေဆာင္႐ြက္မွာေပါ့ေနာ္။ အထူးလုံၿခဳံေရးဆိုတာ ကြၽန္ေတာ္တို႔ က သူတို႔ကို သြားေရာက္ၿပီးေတာ့မွ ရက္စက္ၾကမ္းၾကဳတ္စြာ သြားၿပီးတိုက္ခိုက္တာမ်ိဳးမဟုတ္ဘဲနဲ႔ ကြၽန္ေတာ္တို႔ ရပ္႐ြာေဒသေတြမွာ ဒီအၾကမ္းဖက္ေသာင္းက်န္းသူေတြ ဝင္ေရာက္မလာႏိုင္ဖို႔အေရးကိုပဲ အဓိကေဆာင္႐ြက္သြား မွာပါ။ ဆိုလိုတာက ကြၽန္ေတာ္တို႔ကို မထိရင္ သူတို႔ကို မထိဘူး။ ကြၽန္ေတာ္တို႔ နယ္ေျမထဲမွာ မလာဘူးဆိုရင္ သူတို႔ကိုလည္း တိုက္စရာအေၾကာင္း မရွိဘူးေပါ့” ဟု PNO ၏ ထိပ္ပိုင္းအရာရွိက ထပ္မံေျပာသည္။
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO/PNLA)ႏွင့္ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ ၿပီးခဲ့ေသာ ဇန္နဝါရီ ၂၄ ရက္မွစတင္ကာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ဆီဆိုင္ၿမိဳ႕နယ္အတြင္းသို႔ ဝင္ေရာက္လာကာ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ဆီဆိုင္ၿမိဳ႕နယ္အတြင္းသို႔ ဝင္ေရာက္လာသည့္ PNLO/PNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားကို ႏိုင္ငံေတာ္ အစိုးရႏွင့္ PNA တို႔ပူးေပါင္းကာ အျမန္ဆုံးတိုက္ထုတ္သြားမည္ျဖစ္ေၾကာင္းလည္း PNO အဖြဲ႕က အသိေပးထုတ္ျပန္ထားသည္။