အွန်လိုင်းထီ ထိုးသူနည်းပါးနေသော်လည်း ထီစာအုပ်ရောင်းအား ကောင်းနေ

1949

NP News - ဖေဖော်ဝါရီ ၂
အောင်ဘာလေအွန်လိုင်းထီ ရောင်းအား နည်းပါးသော်လည်း ထီစာအုပ်ရောင်းချရမှုသည် အစောင်ရေကုန်သည်အထိ ရောင်းချနေရကြောင်း ထီကိုယ်စားလှယ်လုပ်ငန်းရှင်များထံမှသိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနက ၂ဝ၂၃ ခုနှစ် ဇွန်လမှစတင်ကာ ထီစာအုပ်ရောင်းချမှုအပြင် အွန်လိုင်းထီကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့ပြီး ၂ဝ၂၄ ခုနှစ် ဖေဖော် ဝါရီ (၁)ရက်မှစတင်ကာ လူပုဂ္ဂိုလ်များမှနှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့်နည်းအစား စက်ဖြင့်ပေါက်မဲရှာဖွေသည့် စနစ်ကိုပြောင်းလဲခဲ့သည်။
“အွန်လိုင်းထီကို ထိုးတဲ့သူကနည်းသေးတယ်။ ပုံမှန်ထီကိုဘဲထိုးတဲ့သူများတယ်။ အဓိကနယ်မြို့တွေမှာ ထီစာရွက်နဲ့ဘဲရောင်းနေတာ။ ရန်ကုန်မှာတော့ စာရွက်ထီရောင်းအားကျနေဆဲပါဘဲ။ အခုလူနဲ့လှည့်တဲ့စနစ်ကနေ စက်နဲ့လှည့်တဲ့စနစ်ပြောင်းတာကလည်း အွန်လိုင်းထီအတွက် ပေါက်မဲရှာရတာအရမ်းခက်လို့ဖြစ်နိုင်တယ်”ဟု ထီကိုယ်စားလှယ်တစ်ဦးက ပြောသည်။
အွန်လိုင်းအောင်ဘာလေထီစနစ်တွင် ငွေကျပ်သိန်း(၅ဝဝ)ကို အမြင့်ဆုံးဆုကြေးပေးထားပြီး ပုံမှန်ထီစာအုပ်တွင် ငွေကျပ်သိန်းငါးထောင်ကို အမြင့်ဆုံးဆုကြေးပေးထားခြင်းဖြစ်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁ ရက်)ဖွင့်လှစ်ခဲ့သော ၅၉ ကြိမ်မြောက် ထီဖွင့်ပွဲ၌ ငွေကျပ်သိန်းငါးထောင်ဆုကို မကွေးမြို့မှ ကံထူးရှင်တစ်ဦးက ရရှိခဲ့သည်။
ယခင်က အောင်ဘာလေသိန်းဆုထီဖွင့်ပွဲများ၌ ဆုမဲများရွေးချယ်ရာတွင် သစ်သားစည်များအတွင်းမှ အက္ခရာ နှင့် ဂဏာန်းဂေါ်လီများကို လူပုဂ္ဂိုလ်များမှနှိုက်ယူ၍ ရွေးချယ်ဖွင့်လှစ်သည့်နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး စနစ်သစ်အဖြစ် နိုင်ငံတကာအဆင့်မီ Air Blow Digital Machine စက်ဖြင့် ဆုမဲများရွေးချယ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီ းဌာနက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
(၅၉)ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်များရောင်းချရငွေသည် ငွေကျပ် (၅၅၂၂ ဒသမ ၈) သန်းရရှိခဲ့ပြီး ရောင်းချရငွေ၏ ၇ဝ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၃၈၆၅ ဒသမ ၉) သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

zawgyi version
အြန္လိုင္းထီ ထိုးသူနည္းပါးေနေသာ္လည္း ထီစာအုပ္ေရာင္းအားေကာင္းေန
NP News - ေဖေဖာ္ဝါရီ ၂
ေအာင္ဘာေလအြန္လိုင္းထီ ေရာင္းအား နည္းပါးေသာ္လည္း ထီစာအုပ္ေရာင္းခ်ရမႈသည္ အေစာင္ေရကုန္သည္အထိ ေရာင္းခ်ေနရေၾကာင္း ထီကိုယ်စားလွယ္လုပ္ငန္းရွင္မ်ားထံမွသိရသည္။
ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ၂ဝ၂၃ ခုႏွစ္ ဇြန္လမွစတင္ကာ ထီစာအုပ္ေရာင္းခ်မႈအျပင္ အြန္လိုင္းထီကိုပါ တိုးခ်ဲ႕လုပ္ကိုင္ခဲ့ၿပီး ၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ ဝါရီ (၁)ရက္မွစတင္ကာ လူပုဂၢိဳလ္မ်ားမွႏႈိက္ယူ၍ ေ႐ြးခ်ယ္ဖြင့္လွစ္သည့္နည္းအစား စက္ျဖင့္ေပါက္မဲရွာေဖြသည့္ စနစ္ကိုေျပာင္းလဲခဲ့သည္။
“အြန္လိုင္းထီကို ထိုးတဲ့သူကနည္းေသးတယ္။ ပုံမွန္ထီကိုဘဲထိုးတဲ့သူမ်ားတယ္။ အဓိကနယ္ၿမိဳ႕ေတြမွာ ထီစာ႐ြက္နဲ႔ဘဲေရာင္းေနတာ။ ရန္ကုန္မွာေတာ့ စာ႐ြက္ထီေရာင္းအားက်ေနဆဲပါဘဲ။ အခုလူနဲ႔လွည့္တဲ့စနစ္ကေန စက္နဲ႔လွည့္တဲ့စနစ္ေျပာင္းတာကလည္း အြန္လိုင္းထီအတြက္ ေပါက္မဲရွာရတာအရမ္းခက္လို႔ျဖစ္ႏိုင္တယ္”ဟု ထီကိုယ္စားလွယ္တစ္ဦးက ေျပာသည္။
အြန္လိုင္းေအာင္ဘာေလထီစနစ္တြင္ ေငြက်ပ္သိန္း(၅ဝဝ)ကို အျမင့္ဆုံးဆုေၾကးေပးထားၿပီး ပုံမွန္ထီစာအုပ္တြင္ ေငြက်ပ္သိန္းငါးေထာင္ကို အျမင့္ဆုံးဆုေၾကးေပးထားျခင္းျဖစ္သည္။ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁ ရက္)ဖြင့္လွစ္ခဲ့ေသာ ၅၉ ႀကိမ္ေျမာက္ ထီဖြင့္ပြဲ၌ ေငြက်ပ္သိန္းငါးေထာင္ဆုကို မေကြးၿမိဳ႕မွ ကံထူးရွင္တစ္ဦးက ရရွိခဲ့သည္။
ယခင္က ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲမ်ား၌ ဆုမဲမ်ားေ႐ြးခ်ယ္ရာတြင္ သစ္သားစည္မ်ားအတြင္းမွ အကၡရာ ႏွင့္ ဂဏာန္းေဂၚလီမ်ားကို လူပုဂၢိဳလ္မ်ားမွႏႈိက္ယူ၍ ေ႐ြးခ်ယ္ဖြင့္လွစ္သည့္နည္းလမ္းကို အသုံးျပဳခဲ့ျခင္းျဖစ္ၿပီး စနစ္သစ္အျဖစ္ ႏိုင္ငံတကာအဆင့္မီ Air Blow Digital Machine စက္ျဖင့္ ဆုမဲမ်ားေ႐ြးခ်ယ္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီ းဌာနက အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
(၅၉)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီအတြက္ ထီလက္မွတ္မ်ားေရာင္းခ်ရေငြသည္ ေငြက်ပ္ (၅၅၂၂ ဒသမ ၈) သန္းရရွိခဲ့ၿပီး ေရာင္းခ်ရေငြ၏ ၇ဝ ရာခိုင္ႏႈန္းျဖစ္သည့္ ေငြက်ပ္(၃၈၆၅ ဒသမ ၉) သန္းကို ထီဆုေငြအျဖစ္ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနထံမွ သိရသည္။