စပျစ်စိုက်ပျိုးလိုသူများအတွက် ဒေသအလိုက် မြေလွတ်မြေရိုင်း စီစဉ်ပေးမည်

732

ချယ်ရီ (NP News) - စက်တင်ဘာလ ၃
စပျစ်စိုက်ပျိုးလိုသူများအတွက် ယင်းနှင့် ကိုက်ညီသော တိုင်းနှင့်ပြည်နယ်မှ မြေလွတ်၊ မြေရိုင်း များတွင် စိုက်နိုင်စေရန် ကနဦးစီစဉ်ထားကြောင် နှင့် စိုက်ပျိုးလိုသူအလိုက် ခွင့်ပြုပေမည့် ဧက ပမာဏကို မသိရသေးကြောင်း စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ဥယျာဉ် ခြံသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းလွင်က NP News သို့ ပြောသည်။
စပျစ် စိုက်ပျိုးခြင်း၊ စပျစ်ခြံတည်ထောင် ခြင်းဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ရပ်ကို တည်ထောင်နိုင်မည့်အပြင် မြန်မာနိုင်ငံစိုက်ပျိုးရေး ကဏ္ဍ၏ အနာဂတ်ကိုပါ တိုးတက်စေရန်ရည်ရွယ်၍ မြေလွတ်၊ မြေလပ်မြေရိုင်းများရရှိရေး၊ မျိုးကောင်း မျိုးသန့် ရရှိရေးနှင့် နည်းပညာ အကူအညီရရှိရေးတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် အဆိုပါဌာနမှ တစ်ဧက၊ နှစ်ဧက စိုက်ပျိုးလိုသည့် လုပ်ကွက်ငယ် တောင်သူများ၊ စီးပွားဖြစ် စပျစ်ခြံတည်ထောင်လိုသူ စီးပွားရေးလုပ်ငန်းရှင်များကို ပြီးခဲ့သည့် ဩဂုတ်လ (၁၈)ရက်က ဖိတ်ခေါ်ထားသည်။
" ပထမဦးဆုံးတော့ ကျွန်တော်တို့က စပျစ်စိုက်လို့ရတဲ့ဒေသတွေ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ရှမ်း၊ နေပြည်တော် အစရှိတဲ့ဒေသ တွေမှာရှိနေတဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းတွေပေါ်မှာ စပျစ်စိုက်ဖို့အတွက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပြောရရင် စပျစ်စိုက်လို့ရတဲ့ တိုင်းနဲ့ပြည်နယ်တွေ မှာရှိတဲ့ မြေလွတ် မြေရိုင်းတွေမှာ အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ ပဲခူးအနောက်ပိုင်းလည်းပါမယ်" ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် စားစပျစ် (Table Type) နှင့် ဝိုင်စပျစ်မျိုး (WineType) တို့ ကို စိုက်ပျိုးကြပြီး မြန်မာစပျစ်သီးများကို တရုတ် နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိကြောင်း သိရသည်။ " အဓိကတော့ စပျစ်သီးထွက်တဲ့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီပေါ့နော်။ ဒီအချိန်တွေမှာဆိုရင် အဓိက ကတော့ တရုတ်ကို ပို့တယ်။ နောက်တစ်ခါ ဝိုင်စပျစ် ကတော့ အေးသာယာတို့၊ နောက်ထပ် ဝိုင်စက်ရုံ တစ်ခုရှိ တယ်လေ။ အဓိက အဲဒီကနေယူပါတယ်။ နောက် တစ်ခါ ဒေသခံတောင်သူတွေကလည်း ကိုယ့် ဟာနဲ့ကိုယ်ချက်တဲ့ ဝိုင်တွေလည်းရှိပါတယ်" ဟု ၎င်းက ပြောသည်။
နိုင်ငံတော်မှ စိုက်ပျိုးသူများအတွက် မြေလွတ်၊ မြေလပ်မြေရိုင်းများချပေးကာ ရရှိလာ သည့်အကျိုးခံစားခွင့်များကိုလည်း တောင်သူများက လွပ်လပ်စွာ အသုံးပြုနိုင်ပြီး မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် နည်းပညာများကို မျှဝေပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
" မြေလွတ်၊ မြေရိုင်းအနေနဲ့ ချထားပေးမှာ ဖြစ်ပါတယ်။ မြေခွန်တော့ ဆောင်ကြရမှာပေါ့လေ။ မြေတွေအားလုံးက နိုင်ငံတော်က ပိုင်တာကို။ အဲဒီ တော့ သူ့လုပ်ပိုင်ခွင့် နှစ်(၃၀)ဆို နှစ်(၃၀) လုပ်ပိုင် ခွင့်ရတဲ့အတွင်းမှာတော့ စပျစ်စိုက်ကြရမှာပေါ့။ အဲဒီအချိန်မှာတော့ လိုအပ်တဲ့ မြေခွန်ဆောင်တာ ဘာညာ ဒါတွေကတော့ သူတို့ဆောင်ရွက်ကြရမှာပေါ့။ ထွက်ရှိလာတဲ့အသီးကနေ ရရှိလာတဲ့အကျိုးခံစားခွင့် တွေကို တောင်သူက လွတ်လွတ်လပ်လပ် သုံးလို့ရပါ တယ်ခင်ဗျ။ အဓိက ကျွန်တော်တို့က ရည်ရွယ်ထား တာက ဥပမာအားဖြင့် ဝိုင်စပျစ်လိုဟာမျိုး စိုက် တယ်ဆိုရင် ဒီပစ္စည်းကို မျိုးတွေ၊ နည်းပညာတွေကို ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့ ပံ့ပိုးပေးမယ်ပေါ့နော်။ နောက် ထွက်ရှိလာတဲ့အသီးကို ြမေုနအ ရအောင်လည်း နိုင်ငံတော်က စီမံဆောင် ရွက်ပေးတယ်။ ဝိုင်စက်ရုံတွေ ရှိတယ်။ ဒါမျိုးတွေ နောက်ထပ်လိုအပ်ရင်လည်း ထပ်တင်မယ်။ အဲဒါမျိုး ကို အဓိက ဆောင်ရွက်ပေးမှာပါ" ဟု ညွှန်ကြား ရေးမှူး ဦးသိန်းငွေက ရှင်းပြသည်။
လက်ရှိတွင် EOI ဖိတ်ခေါ်ထားကာ Standard Operating Procedure (SOP) ရေးဆွဲလျက်ရှိပြီး ပြီးစီးပြီးနောက် မြေလွတ်၊ မြေရိုင်း ချပေးခြင်းနှင့်ပတ်သက်၍ ထွက်ရှိလာမည်ဖြစ် ကြောင်း သိရသည်။ " ကျွန်တော့်အမြင်တော့ SOP က ဆွဲလို့မပြီးသေးပါဘူးဗျ။ တစ်ပြိုင်တည်း EOI ခေါ် ထားတာပဲ ရှိပါသေးတယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ကျွန်တော်တို့ EOI တွေ ဆွဲကြရမှာပေါ့နော်။ လော လောဆယ် EOI က မထွက်သေးတော့ အများဆုံး တော့ ဘယ်လောက်လို့ မသတ်မှတ်ထားနိုင်သေးဘူး ပေါ့နော်။ ကျွန်တော်တို့မသိရသေးဘူး။ (၁၊၂)ဧက လုပ်ချင်တဲ့ တောင်သူတွေကိုလည်း ထည့်သွင်း စဉ်းစားပါတယ်။ ကျွန်တော်ထင်ပါတယ်။ (၁၀)ဧက၊ (၁၅)ဧကအထိအောင်ပေါ့" ဟု ၎င်းက ပြောကြား သည်။

Zawgyi Version:
စပ်စ္စိုက္ပ်ိဳးလိုသူမ်ားအတြက္ ေဒသအလိုက္ ေျမလြတ္ေျမ႐ိုင္း စီစဥ္ေပးမည္
ခ်ယ္ရီ (NP News) - စက္တင္ဘာလ ၃
စပ်စ္စိုက္ပ်ိဳးလိုသူမ်ားအတြက္ ယင္းႏွင့္ ကိုက္ညီေသာ တိုင္းႏွင့္ျပည္နယ္မွ ေျမလြတ္၊ ေျမ႐ိုင္း မ်ားတြင္ စိုက္ႏိုင္ေစရန္ ကနဦးစီစဥ္ထားေၾကာင္ ႏွင့္ စိုက္ပ်ိဳးလိုသူအလိုက္ ခြင့္ျပဳေပမည့္ ဧက ပမာဏကို မသိရေသးေၾကာင္း စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ ေျမာင္းဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး ဦးစီးဌာန၊ ဥယ်ာဥ္ ၿခံသီးႏွံဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးသိန္းလြင္က NP News သို႔ ေျပာသည္။
စပ်စ္ စိုက္ပ်ိဳးျခင္း၊ စပ်စ္ၿခံတည္ေထာင္ ျခင္းျဖင့္ ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းတစ္ရပ္ကို တည္ေထာင္ႏိုင္မည့္အျပင္ ျမန္မာႏိုင္ငံစိုက္ပ်ိဳးေရး က႑၏ အနာဂတ္ကိုပါ တိုးတက္ေစရန္ရည္႐ြယ္၍ ေျမလြတ္၊ ေျမလပ္ေျမ႐ိုင္းမ်ားရရွိေရး၊ မ်ိဳးေကာင္း မ်ိဳးသန႔္ ရရွိေရးႏွင့္ နည္းပညာ အကူအညီရရွိေရးတို႔ကို ေဆာင္႐ြက္ေပးမည္ျဖစ္ေသာေၾကာင့္ အဆိုပါဌာနမွ တစ္ဧက၊ ႏွစ္ဧက စိုက္ပ်ိဳးလိုသည့္ လုပ္ကြက္ငယ္ ေတာင္သူမ်ား၊ စီးပြားျဖစ္ စပ်စ္ၿခံတည္ေထာင္လိုသူ စီးပြားေရးလုပ္ငန္းရွင္မ်ားကို ၿပီးခဲ့သည့္ ဩဂုတ္လ (၁၈)ရက္က ဖိတ္ေခၚထားသည္။
" ပထမဦးဆုံးေတာ့ ကြၽန္ေတာ္တို႔က စပ်စ္စိုက္လို႔ရတဲ့ေဒသေတြ မႏၲေလး၊ စစ္ကိုင္း၊ မေကြး၊ ကခ်င္၊ ရွမ္း၊ ေနျပည္ေတာ္ အစရွိတဲ့ေဒသ ေတြမွာရွိေနတဲ့ ေျမလြတ္၊ ေျမလပ္၊ ေျမ႐ိုင္းေတြေပၚမွာ စပ်စ္စိုက္ဖို႔အတြက္ ေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္။ ေျပာရရင္ စပ်စ္စိုက္လို႔ရတဲ့ တိုင္းနဲ႔ျပည္နယ္ေတြ မွာရွိတဲ့ ေျမလြတ္ ေျမ႐ိုင္းေတြမွာ အေကာင္အထည္ ေဖာ္မွာ ျဖစ္ပါတယ္။ ပဲခူးအေနာက္ပိုင္းလည္းပါမယ္" ဟု ၎က ဆိုသည္။
ျမန္မာႏိုင္ငံတြင္ အဓိကအားျဖင့္ စားစပ်စ္ (Table Type) ႏွင့္ ဝိုင္စပ်စ္မ်ိဳး (WineType) တို႔ ကို စိုက္ပ်ိဳးၾကၿပီး ျမန္မာစပ်စ္သီးမ်ားကို တ႐ုတ္ ႏိုင္ငံသို႔ အဓိကတင္ပို႔လ်က္ရွိေၾကာင္း သိရသည္။ " အဓိကေတာ့ စပ်စ္သီးထြက္တဲ့ ေဖေဖာ္ဝါရီ၊ မတ္၊ ဧၿပီေပါ့ေနာ္။ ဒီအခ်ိန္ေတြမွာဆိုရင္ အဓိက ကေတာ့ တ႐ုတ္ကို ပို႔တယ္။ ေနာက္တစ္ခါ ဝိုင္စပ်စ္ ကေတာ့ ေအးသာယာတို႔၊ ေနာက္ထပ္ ဝိုင္စက္႐ုံ တစ္ခုရွိ တယ္ေလ။ အဓိက အဲဒီကေနယူပါတယ္။ ေနာက္ တစ္ခါ ေဒသခံေတာင္သူေတြကလည္း ကိုယ့္ ဟာနဲ႔ကိုယ္ခ်က္တဲ့ ဝိုင္ေတြလည္းရွိပါတယ္" ဟု ၎က ေျပာသည္။
ႏိုင္ငံေတာ္မွ စိုက္ပ်ိဳးသူမ်ားအတြက္ ေျမလြတ္၊ ေျမလပ္ေျမ႐ိုင္းမ်ားခ်ေပးကာ ရရွိလာ သည့္အက်ိဳးခံစားခြင့္မ်ားကိုလည္း ေတာင္သူမ်ားက လြပ္လပ္စြာ အသုံးျပဳႏိုင္ၿပီး မ်ိဳးေကာင္းမ်ိဳးသန႔္ ရရွိေရးႏွင့္ နည္းပညာမ်ားကို မွ်ေဝပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
" ေျမလြတ္၊ ေျမ႐ိုင္းအေနနဲ႔ ခ်ထားေပးမွာ ျဖစ္ပါတယ္။ ေျမခြန္ေတာ့ ေဆာင္ၾကရမွာေပါ့ေလ။ ေျမေတြအားလုံးက ႏိုင္ငံေတာ္က ပိုင္တာကို။ အဲဒီ ေတာ့ သူ႔လုပ္ပိုင္ခြင့္ ႏွစ္(၃၀)ဆို ႏွစ္(၃၀) လုပ္ပိုင္ ခြင့္ရတဲ့အတြင္းမွာေတာ့ စပ်စ္စိုက္ၾကရမွာေပါ့။ အဲဒီအခ်ိန္မွာေတာ့ လိုအပ္တဲ့ ေျမခြန္ေဆာင္တာ ဘာညာ ဒါေတြကေတာ့ သူတို႔ေဆာင္႐ြက္ၾကရမွာေပါ့။ ထြက္ရွိလာတဲ့အသီးကေန ရရွိလာတဲ့အက်ိဳးခံစားခြင့္ ေတြကို ေတာင္သူက လြတ္လြတ္လပ္လပ္ သုံးလို႔ရပါ တယ္ခင္ဗ်။ အဓိက ကြၽန္ေတာ္တို႔က ရည္႐ြယ္ထား တာက ဥပမာအားျဖင့္ ဝိုင္စပ်စ္လိုဟာမ်ိဳး စိုက္ တယ္ဆိုရင္ ဒီပစၥည္းကို မ်ိဳးေတြ၊ နည္းပညာေတြကို ကြၽန္ေတာ္တို႔ရဲ႕ စိုက္ပ်ိဳးေရးဦးစီးဌာနကေနၿပီးေတာ့ ပံ့ပိုးေပးမယ္ေပါ့ေနာ္။ ေနာက္ ထြက္ရွိလာတဲ့အသီးကို ျေမုနအ ရေအာင္လည္း ႏိုင္ငံေတာ္က စီမံေဆာင္ ႐ြက္ေပးတယ္။ ဝိုင္စက္႐ုံေတြ ရွိတယ္။ ဒါမ်ိဳးေတြ ေနာက္ထပ္လိုအပ္ရင္လည္း ထပ္တင္မယ္။ အဲဒါမ်ိဳး ကို အဓိက ေဆာင္႐ြက္ေပးမွာပါ" ဟု ၫႊန္ၾကား ေရးမႉး ဦးသိန္းေငြက ရွင္းျပသည္။
လက္ရွိတြင္ EOI ဖိတ္ေခၚထားကာ Standard Operating Procedure (SOP) ေရးဆြဲလ်က္ရွိၿပီး ၿပီးစီးၿပီးေနာက္ ေျမလြတ္၊ ေျမ႐ိုင္း ခ်ေပးျခင္းႏွင့္ပတ္သက္၍ ထြက္ရွိလာမည္ျဖစ္ ေၾကာင္း သိရသည္။ " ကြၽန္ေတာ့္အျမင္ေတာ့ SOP က ဆြဲလို႔မၿပီးေသးပါဘူးဗ်။ တစ္ၿပိဳင္တည္း EOI ေခၚ ထားတာပဲ ရွိပါေသးတယ္။ ဒီအေပၚမွာမူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔ EOI ေတြ ဆြဲၾကရမွာေပါ့ေနာ္။ ေလာ ေလာဆယ္ EOI က မထြက္ေသးေတာ့ အမ်ားဆုံး ေတာ့ ဘယ္ေလာက္လို႔ မသတ္မွတ္ထားႏိုင္ေသးဘူး ေပါ့ေနာ္။ ကြၽန္ေတာ္တို႔မသိရေသးဘူး။ (၁၊၂)ဧက လုပ္ခ်င္တဲ့ ေတာင္သူေတြကိုလည္း ထည့္သြင္း စဥ္းစားပါတယ္။ ကြၽန္ေတာ္ထင္ပါတယ္။ (၁၀)ဧက၊ (၁၅)ဧကအထိေအာင္ေပါ့" ဟု ၎က ေျပာၾကား သည္။