ပါပူအာနယူးဂီနီနိုင်ငံမှာ လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆၄ ဦး သေဆုံး

 564

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၉

ပါပူအာနယူးဂီနီနိုင်ငံမှာ လူမျိုးရေးအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ကျေးလက်ကုန်းမြင့်ဒေသ တွေရဲ့လမ်းတစ်လျှောက်မှာ လူပေါင်း အနည်းဆုံး ၆၄ ဦးရဲ့ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပါပူအာနယူးဂီနီရဲတပ်ဖွဲ့ဟာ နိုင်ငံအတွင်းရှိ ပြိုင်ဘက်လူမျိုးအုပ်စုတွေကြားဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ ပိုမို အရှိန်မြင့်၊ အချိန်ကြာလာမှာကို သတိပေးပြောဆိုနေကြောင်း သိရပါတယ်။ လမ်းမတွေအပေါ်မှာတွေ့မြင်ရတဲ့ ရုပ်အလောင်းဟာ ပါပူအာနယူးဂီနီ နိုင်ငံအတွင်းရှိ လူမျိုးတစ်မျိုးရဲ့ရုပ်အလောင်းတွေဖြစ်ပြီး အခြားပြိုင်ဘက် လူမျိုးအုပ်စုက ဖေဖော်ဝါရီ ၁၈ ရက်မှာ ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း ဆိုပါတယ်။

အဆိုပါချုံခိုတိုက်ခိုက်မှုတွေဟာ Port Moresby မြို့ရဲ့အနောက်မြောက်ပိုင်း ၆၀၀ ကီလိုမီတာအကွာရှိ ဝါဘတ်မြို့ အနီးမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပါပူအာနယူးဂီနီနိုင်ငံမှာ Sikin လူမျိုး၊ Ambulin လူမျိုး၊ Kaekin လူမျိုးနဲ့အခြားလူမျိုးတွေကြား နှစ်ပေါင်းများစွာကြာ ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားလျက်ရှိနေ ကြောင်း သိရပါတယ်။

သေဆုံးနေတဲ့လူမျိုးစုရဲ့ရုပ်အလောင်းတွေကို စမ်းသပ်စစ်ဆေးရာမှာဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေရှိနေသလို လမ်းမတွေအပေါ်မှာ ခြေလက်၊ခေါင်းတွေ ရိုက်နှက်အသတ်ခံရတာမျိုးတွေ ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းအချို့ကို လမ်းဘေးချုံပုတ်နားမှာတွေ့မြင်ခဲ့ရပြီး ချိုင့်ဝှမ်းတွေနားမှာ လည်း ရုပ်အလောင်းတွေကိုတွေ့မြင်ခဲ့ရကြောင်း ဆိုပါတယ်။

Zawgyi Version;
ပါပူအာနယူးဂီနီႏိုင္ငံမွာ လူမ်ိဳးေရးအၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားခဲ့ၿပီး အနည္းဆုံး ၆၄ ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၉

ပါပူအာနယူးဂီနီႏိုင္ငံမွာ လူမ်ိဳးေရးအၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ေက်းလက္ကုန္းျမင့္ေဒသ ေတြရဲ႕လမ္းတစ္ေလွ်ာက္မွာ လူေပါင္း အနည္းဆုံး ၆၄ ဦးရဲ႕႐ုပ္အေလာင္းေတြကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ပါပူအာနယူးဂီနီရဲတပ္ဖြဲ႕ဟာ ႏိုင္ငံအတြင္းရွိ ၿပိဳင္ဘက္လူမ်ိဳးအုပ္စုေတြၾကားျဖစ္ပြားေနတဲ့အၾကမ္းဖက္မႈေတြ ပိုမို အရွိန္ျမင့္၊ အခ်ိန္ၾကာလာမွာကို သတိေပးေျပာဆိုေနေၾကာင္း သိရပါတယ္။ လမ္းမေတြအေပၚမွာေတြ႕ျမင္ရတဲ့ ႐ုပ္အေလာင္းဟာ ပါပူအာနယူးဂီနီ ႏိုင္ငံအတြင္းရွိ လူမ်ိဳးတစ္မ်ိဳးရဲ႕႐ုပ္အေလာင္းေတြျဖစ္ၿပီး အျခားၿပိဳင္ဘက္ လူမ်ိဳးအုပ္စုက ေဖေဖာ္ဝါရီ ၁၈ ရက္မွာ ခ်ဳံခိုတိုက္ခိုက္ခဲ့ျခင္းျဖစ္ဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။

အဆိုပါခ်ဳံခိုတိုက္ခိုက္မႈေတြဟာ Port Moresby ၿမိဳ႕ရဲ႕အေနာက္ေျမာက္ပိုင္း ၆၀၀ ကီလိုမီတာအကြာရွိ ဝါဘတ္ၿမိဳ႕ အနီးမွာျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ ပါပူအာနယူးဂီနီႏိုင္ငံမွာ Sikin လူမ်ိဳး၊ Ambulin လူမ်ိဳး၊ Kaekin လူမ်ိဳးနဲ႔အျခားလူမ်ိဳးေတြၾကား ႏွစ္ေပါင္းမ်ားစြာၾကာ ဥပေဒမဲ့အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္ပြားလ်က္ရွိေန ေၾကာင္း သိရပါတယ္။

ေသဆုံးေနတဲ့လူမ်ိဳးစုရဲ႕႐ုပ္အေလာင္းေတြကို စမ္းသပ္စစ္ေဆးရာမွာဝမ္းဗိုက္ေတြမွာ ဒဏ္ရာေတြရွိေနသလို လမ္းမေတြအေပၚမွာ ေျခလက္၊ေခါင္းေတြ ႐ိုက္ႏွက္အသတ္ခံရတာမ်ိဳးေတြ ရွိေနခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ေသဆုံးေနတဲ့႐ုပ္အေလာင္းအခ်ိဳ႕ကို လမ္းေဘးခ်ဳံပုတ္နားမွာေတြ႕ျမင္ခဲ့ရၿပီး ခ်ိဳင့္ဝွမ္းေတြနားမွာ လည္း ႐ုပ္အေလာင္းေတြကိုေတြ႕ျမင္ခဲ့ရေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.