ရွေးကောက်ပွဲသည် ရှမ်းမြောက်စစ်ပွဲကို (၂၅) ရာခိုင်နှုန်း ဖြေရှင်းနိုင်မည်ဟု ရှမ်းတိုင်းရင်းသားများယုံကြည်

 314

သန့်ဇင်(NP News)-စက်တင်ဘာ ၂၈
လာမည့်အထွေထွေရွေးကောက်ပွဲသည် ရှမ်းမြောက်စစ်ပွဲကို (၂၅) ရာခိုင်နှုန်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရှမ်း ပြည်နယ်အတွင်းရှိ ဒေသခံတိုင်း ရင်းသားများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်က MNDAA ၊ TNLA နှင့် AA ပူးပေါင်းအဖွဲ့တို့ စတင်ခဲ့သော (၁၀၂၇) စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့၊ ရွာများမှ ရှမ်းတိုင်းရင်းသားများစွာသည်လည်း ကာလ အတန် ကြာ နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ရသည်။
ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်း (၃) ဖွဲ့ တို့ ဖော်ဆောင်ခဲ့သော တိုက်ပွဲများအတွင်း ရှမ်းပြည်သူများသည် စစ်ဘေးစစ်ဒဏ်နှင့် အိုးအိမ်၊ အဆောက်အအုံများပျက်စီးခဲ့ခြင်းကိုလည်း ကြုံတွေ့ခဲ့ရသည့်အတွက် နိုင်ငံရေးအရ အဖြေ ရှာရန် ရွေးကောက်ပွဲသာ ရှိကြောင်း ရှမ်းတိုင်းရင်းသားတစ်ဦးက ဆိုသည်။
“လာမယ့် (၂၀၂၅)ရွေးကောက်ပွဲက ရှမ်းတိုင်းရင်းသားတွေအနေနဲ့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲသည် နိုင်ငံရေးအရ ထွက်ပေါက်တစ်ခုဖြစ်တယ်။ ကျွန်တော်တို့ စစ်ဘေးစစ်ဒဏ်တွေခံရတယ်။ အိုးအိမ်တွေပျက်စီးခဲ့ရတယ်။ ကျွန်တော်တို့အိမ်လည်း လက်နက်ကြီးတွေ ကျခဲ့တယ်။ အခုမြေပြင်လက် တွေ့မှာ နိုင်ငံရေးထွက်ပေါက်နဲ့ ကျွန်တော်တို့က ဒေသဖွံ့ဖြိုးရေးကိုပဲလိုလားတယ်။ နိုင်ငံရေးကို နိုင်ငံ ရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ခံယူထားကြတယ်ပေါ့”ဟု ၎င်းက ပြော သည်။
MNDA ၊ TNLA နှင့် AA ပူးပေါင်း အဖွဲ့တို့ (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် ဖော်ဆောင် ခဲ့သောတိုက်ပွဲများအတွင်း ရှမ်းတိုင်းရင်းသားများ မည်သည့်ဘက်မှ ပါဝင်ထောက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိကာလတွင် ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် သာ ဖြေရှင်းရန် ဆန္ဒရှိနေကာ ရွေးကောက်ပွဲသည်လည်း ယင်းပဋိပက္ခများ၏ (၂၅) ရာခိုင်နှုန်းကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း လည်း ရှမ်းတိုင်းရင်း သားနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုသည်။
“လက်ရှိဖြစ်နေတဲ့ ပဋိပက္ခဟာ နိုင်ငံရေးပဋိပက္ခဖြစ်တယ်။ နိုင်ငံရေး ပဋိပက္ခကို စစ်ရေးနဲ့ ရှင်းနေသရွေ့ ကတော့ အဖြေကထွက်မှာမဟုတ်ဘူး။ ရွေးကောက်ပွဲကျင်းပပြီးတော့ နိုင်ငံရေးအရ အဖြေထုတ်ခြင်းက တစ်စိတ် တစ်ဒေသ (၂၅) ရာခိုင်နှုန်းကတော့ ဖြေရှင်းသွားနိုင်မယ့် အနေအထားရှိတယ်ပေါ့။ နောင်ချိုဆိုရင်တော့ တော်တော်လေး သိသာသွား တယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် ရှမ်းမြောက်တိုက်ပွဲများသည် လူမျိုးတစ်စု၏ နယ်မြေရလိုမှုကို နိုင်ငံရေးအသုံးချ၍ ဖက်ဆစ်စနစ် ကျင့်သုံးကာ နယ်မြေချဲ့ထွင်ခဲ့ခြင်း သာဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားအများစုက လက်ခံထားကြကြောင်း ၎င်းက ဆိုသည်။
“အခုကတော့ တိုက်ပွဲဆိုတာထက် ကျွန်တော်တို့ကတော့ ပြောရမယ်ဆိုရင် ခေတ်သစ်ကိုလိုနီ နယ်မြေချဲ့ထွင်မှု ပေါ့ဗျာ။ လူမျိုးတစ်စုရဲ့ နယ်မြေရ လိုမှုကို နိုင်ငံရေးအရဗန်းပြပြီးတော့ ဖက်ဆစ်စနစ် ကျင့်သုံးခြင်းဖြစ်တယ်ပေါ့။ ဒီမိုကရေစီနည်းလမ်းနဲ့ လည်းမကိုက်ညီနိုင်ဘူးပေါ့။ ဒီမိုကရေစီနည်းလမ်းဆိုတာ ကျွန်တော်တို့က တရားမျှတပြီးတော့ တန်းတူ ညီမျှအခွင့်အရေးကို ဒီမိုကရေစီလို့သက်မှတ်တာပေါ့ဗျ။ တန်းတူညီမျှမဟုတ်ဘဲနဲ့ လူမျိုးတစ်စုကောင်းစား ရေး အာဏာရှင်စနစ်သဏ္ဌာန်သွားတဲ့စနစ်က ခေတ်နောက်ပြန်ဆွဲတဲ့ ပဒေသရာဇ်ပုံစံသွားတယ်လို့ မြင်မိတယ်။ ဒီဟာကို ချုပ်ငြိမ်းဖို့ကျွန်တော်တို့က အလို ရှိတယ်”ဟု ၎င်းကပြောသည်။
ရှမ်းတိုင်းရင်းသားများအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါကဲ့သို့ သဘော ထားများရှိနေသည့် အပြင် တပ်မတော်နှင့် NCA ထိုးထားသော 7 EAO Alliance ကလည်း ကြားနေ မူဝါဒကိုသာ လက်ခံကျင့်သုံးသွား မည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲသည္ ရွမ္းေျမာက္စစ္ပြဲကို (၂၅) ရာခိုင္ႏႈန္း ေျဖရွင္းႏိုင္မည္ဟု ရွမ္းတိုင္းရင္းသားမ်ားယုံၾကည္
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၈
လာမည့္အေထြေထြေ႐ြးေကာက္ပြဲသည္ ရွမ္းေျမာက္စစ္ပြဲကို (၂၅) ရာခိုင္ႏႈန္း ေျဖရွင္းႏိုင္မည္ျဖစ္ေၾကာင္း ရွမ္း ျပည္နယ္အတြင္းရွိ ေဒသခံတိုင္း ရင္းသားမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္၊ ေအာက္တိုဘာ (၂၇) ရက္က MNDAA ၊ TNLA ႏွင့္ AA ပူးေပါင္းအဖြဲ႕တို႔ စတင္ခဲ့ေသာ (၁၀၂၇) စစ္ဆင္ေရးေၾကာင့္ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕၊ ႐ြာမ်ားမွ ရွမ္းတိုင္းရင္းသားမ်ားစြာသည္လည္း ကာလ အတန္ ၾကာ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ခဲ့ရသည္။
ရွမ္းျပည္နယ္အတြင္း ေျမာက္ပိုင္း (၃) ဖြဲ႕ တို႔ ေဖာ္ေဆာင္ခဲ့ေသာ တိုက္ပြဲမ်ားအတြင္း ရွမ္းျပည္သူမ်ားသည္ စစ္ေဘးစစ္ဒဏ္ႏွင့္ အိုးအိမ္၊ အေဆာက္အအုံမ်ားပ်က္စီးခဲ့ျခင္းကိုလည္း ႀကဳံေတြ႕ခဲ့ရသည့္အတြက္ ႏိုင္ငံေရးအရ အေျဖ ရွာရန္ ေ႐ြးေကာက္ပြဲသာ ရွိေၾကာင္း ရွမ္းတိုင္းရင္းသားတစ္ဦးက ဆိုသည္။
“လာမယ့္ (၂၀၂၅)ေ႐ြးေကာက္ပြဲက ရွမ္းတိုင္းရင္းသားေတြအေနနဲ႔ ရွမ္းျပည္နယ္မွာ ေ႐ြးေကာက္ပြဲသည္ ႏိုင္ငံေရးအရ ထြက္ေပါက္တစ္ခုျဖစ္တယ္။ ကြၽန္ေတာ္တို႔ စစ္ေဘးစစ္ဒဏ္ေတြခံရတယ္။ အိုးအိမ္ေတြပ်က္စီးခဲ့ရတယ္။ ကြၽန္ေတာ္တို႔အိမ္လည္း လက္နက္ႀကီးေတြ က်ခဲ့တယ္။ အခုေျမျပင္လက္ ေတြ႕မွာ ႏိုင္ငံေရးထြက္ေပါက္နဲ႔ ကြၽန္ေတာ္တို႔က ေဒသဖြံ႕ၿဖိဳးေရးကိုပဲလိုလားတယ္။ ႏိုင္ငံေရးကို ႏိုင္ငံ ေရးနည္းနဲ႔ပဲ ေျဖရွင္းရမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ကြၽန္ေတာ္တို႔ခံယူထားၾကတယ္ေပါ့”ဟု ၎က ေျပာ သည္။
MNDA ၊ TNLA ႏွင့္ AA ပူးေပါင္း အဖြဲ႕တို႔ (၁၀၂၇) စစ္ဆင္ေရးအမည္ျဖင့္ ေဖာ္ေဆာင္ ခဲ့ေသာတိုက္ပြဲမ်ားအတြင္း ရွမ္းတိုင္းရင္းသားမ်ား မည္သည့္ဘက္မွ ပါဝင္ေထာက္ခံခဲ့ျခင္း မရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လက္ရွိကာလတြင္ ျဖစ္ေပၚေနေသာ စစ္ေရးပဋိပကၡမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ သာ ေျဖရွင္းရန္ ဆႏၵရွိေနကာ ေ႐ြးေကာက္ပြဲသည္လည္း ယင္းပဋိပကၡမ်ား၏ (၂၅) ရာခိုင္ႏႈန္းကို ေျဖရွင္းႏိုင္မည္ဟု ယုံၾကည္ေၾကာင္း လည္း ရွမ္းတိုင္းရင္း သားႏိုင္ငံေရးေလ့လာသုံးသပ္သူတစ္ဦးကဆိုသည္။
“လက္ရွိျဖစ္ေနတဲ့ ပဋိပကၡဟာ ႏိုင္ငံေရးပဋိပကၡျဖစ္တယ္။ ႏိုင္ငံေရး ပဋိပကၡကို စစ္ေရးနဲ႔ ရွင္းေနသေ႐ြ႕ ကေတာ့ အေျဖကထြက္မွာမဟုတ္ဘူး။ ေ႐ြးေကာက္ပြဲက်င္းပၿပီးေတာ့ ႏိုင္ငံေရးအရ အေျဖထုတ္ျခင္းက တစ္စိတ္ တစ္ေဒသ (၂၅) ရာခိုင္ႏႈန္းကေတာ့ ေျဖရွင္းသြားႏိုင္မယ့္ အေနအထားရွိတယ္ေပါ့။ ေနာင္ခ်ိဳဆိုရင္ေတာ့ ေတာ္ေတာ္ေလး သိသာသြား တယ္”ဟု ၎ကေျပာသည္။
ထို႔ျပင္ ရွမ္းေျမာက္တိုက္ပြဲမ်ားသည္ လူမ်ိဳးတစ္စု၏ နယ္ေျမရလိုမႈကို ႏိုင္ငံေရးအသုံးခ်၍ ဖက္ဆစ္စနစ္ က်င့္သုံးကာ နယ္ေျမခ်ဲ႕ထြင္ခဲ့ျခင္း သာျဖစ္ေၾကာင္း ရွမ္းတိုင္းရင္းသားအမ်ားစုက လက္ခံထားၾကေၾကာင္း ၎က ဆိုသည္။
“အခုကေတာ့ တိုက္ပြဲဆိုတာထက္ ကြၽန္ေတာ္တို႔ကေတာ့ ေျပာရမယ္ဆိုရင္ ေခတ္သစ္ကိုလိုနီ နယ္ေျမခ်ဲ႕ထြင္မႈ ေပါ့ဗ်ာ။ လူမ်ိဳးတစ္စုရဲ႕ နယ္ေျမရ လိုမႈကို ႏိုင္ငံေရးအရဗန္းျပၿပီးေတာ့ ဖက္ဆစ္စနစ္ က်င့္သုံးျခင္းျဖစ္တယ္ေပါ့။ ဒီမိုကေရစီနည္းလမ္းနဲ႔ လည္းမကိုက္ညီႏိုင္ဘူးေပါ့။ ဒီမိုကေရစီနည္းလမ္းဆိုတာ ကြၽန္ေတာ္တို႔က တရားမွ်တၿပီးေတာ့ တန္းတူ ညီမွ်အခြင့္အေရးကို ဒီမိုကေရစီလို႔သက္မွတ္တာေပါ့ဗ်။ တန္းတူညီမွ်မဟုတ္ဘဲနဲ႔ လူမ်ိဳးတစ္စုေကာင္းစား ေရး အာဏာရွင္စနစ္သဏၭာန္သြားတဲ့စနစ္က ေခတ္ေနာက္ျပန္ဆြဲတဲ့ ပေဒသရာဇ္ပုံစံသြားတယ္လို႔ ျမင္မိတယ္။ ဒီဟာကို ခ်ဳပ္ၿငိမ္းဖို႔ကြၽန္ေတာ္တို႔က အလို ရွိတယ္”ဟု ၎ကေျပာသည္။
ရွမ္းတိုင္းရင္းသားမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ အထက္ပါကဲ့သို႔ သေဘာ ထားမ်ားရွိေနသည့္ အျပင္ တပ္မေတာ္ႏွင့္ NCA ထိုးထားေသာ 7 EAO Alliance ကလည္း ၾကားေန မူဝါဒကိုသာ လက္ခံက်င့္သုံးသြား မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.