ဘားအံမြို့ရှောင်လမ်းတွင် ကရင်ဇာတ်အဖွဲ့သားများပါသည့်ကား ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးသေဆုံး၍ (၁၀)ဦးထိခိုက်ဒဏ်ရာရ

 1225

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၉

ကရင်ပြည်နယ်၊ ဘားအံမြို့ရှောင်လမ်းတွင် ကရင်ဇာတ်အဖွဲ့သားများပါသည့်ကား ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီး သေဆုံး၍ လူ(၁၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၁၉ ရက်)၊ နံနက် ၁၀နာရီခွဲအချိန်ခန့်တွင် ဘာအံမြို့၊ မြို့ရှောင်လမ်းသစ်၊ ကြာအင်းတောင်ကြားလမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မှောက်တဲ့ကားက “ယှးယံင့်ဝဝ်အွာ”ဇတ်ပွဲကားပါ။ ကားပေါ်မှာက စုစု ပေါင်းလူ(၁၁)ယောက်ပါတယ်။ ဇတ်ကပြီးပြန်လာတာလို့ သိရတယ်။ အဲဒီ တောင်ပတ်လမ်းရောက်တော့ အတက်မှာ ကားဘီးပေါက်ပြီး နောက်ပြန်လိမ့်ကျတာ။ (၂၅)ပေဝန်းကျင်လောက်နက်တဲ့ ချောက်ထဲ ကျသွားတာပါ” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဘားအံမြို့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၊ အမျိုး သမီး(၁၁)ဦးအနက် အသက်(၁၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “ကားပေါ်မှာက အမျိုးသား(၆)ယောက်နဲ့ အမျိုးသမီး(၅)ယောက်ပါတယ်။ အသက် (၁၃) နှစ်အရွယ် မိန်းကလေးတစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ အဲဒီထဲမှ စိုးရိမ်ရတဲ့လူနာက(၆)ယောက်ပါတယ်။ ကျန်တဲ့လူတွေကတော့ အရမ်းကြီးမစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဘားအံမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်း(၅)သင်းက ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘားအံၿမိဳ႕ေရွာင္လမ္းတြင္ ကရင္ဇာတ္အဖြဲ႕သားမ်ားပါသည့္ကား ေခ်ာက္ထဲထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးေသဆုံး၍ (၁၀)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၉

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ေရွာင္လမ္းတြင္ ကရင္ဇာတ္အဖြဲ႕သားမ်ားပါသည့္ကား ေခ်ာက္ထဲထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံး၍ လူ(၁၀)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဘားအံၿမိဳ႕ထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယေန႔(ေဖေဖာ္ဝါရီလ ၁၉ ရက္)၊ နံနက္ ၁၀နာရီခြဲအခ်ိန္ခန႔္တြင္ ဘာအံၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းသစ္၊ ၾကာအင္းေတာင္ၾကားလမ္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေမွာက္တဲ့ကားက “ယွးယံင့္ဝဝ္အြာ”ဇတ္ပြဲကားပါ။ ကားေပၚမွာက စုစု ေပါင္းလူ(၁၁)ေယာက္ပါတယ္။ ဇတ္ကၿပီးျပန္လာတာလို႔ သိရတယ္။ အဲဒီ ေတာင္ပတ္လမ္းေရာက္ေတာ့ အတက္မွာ ကားဘီးေပါက္ၿပီး ေနာက္ျပန္လိမ့္က်တာ။ (၂၅)ေပဝန္းက်င္ေလာက္နက္တဲ့ ေခ်ာက္ထဲ က်သြားတာပါ” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဘားအံၿမိဳ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚပါ အမ်ိဳးသား၊ အမ်ိဳး သမီး(၁၁)ဦးအနက္ အသက္(၁၃)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ “ကားေပၚမွာက အမ်ိဳးသား(၆)ေယာက္နဲ႔ အမ်ိဳးသမီး(၅)ေယာက္ပါတယ္။ အသက္ (၁၃) ႏွစ္အ႐ြယ္ မိန္းကေလးတစ္ေယာက္က ပြဲခ်င္းၿပီး ဆုံးသြားတယ္။ အဲဒီထဲမွ စိုးရိမ္ရတဲ့လူနာက(၆)ေယာက္ပါတယ္။ က်န္တဲ့လူေတြကေတာ့ အရမ္းႀကီးမစိုးရိမ္ရပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။

ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္တြင္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ဘားအံၿမိဳ႕နယ္အတြင္းရွိ လူမႈကူညီေရးအသင္း(၅)သင္းက ဘားအံျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.