ဗင်နီဇွဲလားအစိုးရက မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားသွားမယ်

 190

Pika(NP News) – စက်တင်ဘာ ၉
မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကမ်းရိုးတန်းပြည်နယ်တွေမှာ တပ်ဖွဲ့ဝင်တွေကို တိုးမြှင့်ချထားသွားမယ်လို့ ဗင်နီဇွဲလားအစိုးရက ကတိပြုပြောဆိုခဲ့ပါတယ်။မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဆန့်ကျင်တဲ့စစ်ဆင်ရေးကို လုပ်ဆောင်ဖို့အတွက် နောက်ထပ်တိုက်လေယာဉ်(၁၀)စီးကို ပူရီတိုရီကိုကျွန်းမှာ ဖြန့်ကျက်ချထားဖို့ အမေရိကန်အစိုးရက အမိန့်ပေးခဲ့ပြီးနောက် ဗင်နီဇွဲလားအစိုးရရဲ့ ကတိပြုမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဇူလီယာပြည်နယ် ဂွာဂျီရာဒေသနဲ့ ဖယ်လ်ကွန်ပြည်နယ် ပါရာဂွါနာကျွန်းဆွယ်တို့မှာ နောက်ထပ်တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားဖို့ ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရိုက အမိန့်ပေးခဲ့တယ်လို့ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။အဲ့ဒီနယ်မြေတွေဟာ မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းမှုအတွက် လမ်းကြောင်းတစ်ခုအဖြစ်ဖွဲ့စည်းထားတဲ့ နယ်မြေတွေဖြစ်တယ်လို့လည်း ဗလာဒီမာပါဒရီနိုက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် နီဗာအက်စပါတာကျွန်း၊ဆူခရီပြည်နယ်နဲ့ ဒယ်လ်တာအမာကူရိုပြည်နယ်တို့မှာ ဗင်နီဇွဲလားစစ်တပ်ရဲ့တည်ရှိမှုကို တိုးမြှင့်သွားမယ်လို့လည်း ဗလာဒီမာပါဒရီနိုက ပြောကြားခဲ့ပါတယ်။ကိုလံဘီယာနိုင်ငံနဲ့ထိစပ်နေတဲ့ ဇူလီယာနဲ့တာချီရာပြည်နယ်တို့မှာ တပ်ဖွဲ့ဝင်(၂၅၀၀၀)ဖြန့်ကျက်ချထားဖို့စီစဉ်နေတယ်လို့လည်း ဗလာဒီမာပါဒရီနိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဗလာဒီမာပါဒရီနိုက”ဘယ်သူကမှ ကျွန်တော်တို့အတွက်လာပြီး အလုပ်လုပ်ပေးမှာမဟုတ်ပါဘူး။ကျွန်တော်တို့လုပ်သင့်တဲ့အရာမျိုးကို လုပ်ဖို့အတွက် ဘယ်သူကမှ ဒီမြေကိုခြေချမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲကို တိုက်ခိုက်ဖို့အတွက် အမေရိကန်သမ္မတ‌ဒေါ်နယ်ထရမ့်ရဲ့ ချဉ်းကပ်မှုအသစ်တွေကြောင့် ဗင်နီဇွဲလားနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားအစိုးရက မူးယစ္ေဆးဝါးေမွာင္ခိုကူးသန္းမႈကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ တပ္ဖြဲ႕ဝင္ေတြကို တိုးျမႇင့္ခ်ထားသြားမယ္
Pika(NSS) – စက္တင္ဘာ ၉
မူးယစ္ေဆးဝါးေမွာင္ခိုကူးသန္းမႈကို ကိုင္တြယ္ေျဖရွင္းဖို႔အတြက္ ကမ္း႐ိုးတန္းျပည္နယ္ေတြမွာ တပ္ဖြဲ႕ဝင္ေတြကို တိုးျမႇင့္ခ်ထားသြားမယ္လို႔ ဗင္နီဇြဲလားအစိုးရက ကတိျပဳေျပာဆိုခဲ့ပါတယ္။မူးယစ္ေဆးဝါးဂိုဏ္းေတြကို ဆန႔္က်င္တဲ့စစ္ဆင္ေရးကို လုပ္ေဆာင္ဖို႔အတြက္ ေနာက္ထပ္တိုက္ေလယာဥ္(၁၀)စီးကို ပူရီတိုရီကိုကြၽန္းမွာ ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္အစိုးရက အမိန႔္ေပးခဲ့ၿပီးေနာက္ ဗင္နီဇြဲလားအစိုးရရဲ႕ ကတိျပဳမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဇူလီယာျပည္နယ္ ဂြာဂ်ီရာေဒသနဲ႔ ဖယ္လ္ကြန္ျပည္နယ္ ပါရာဂြါနာကြၽန္းဆြယ္တို႔မွာ ေနာက္ထပ္တပ္ဖြဲ႕ဝင္ေတြကို ျဖန႔္က်က္ခ်ထားဖို႔ ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ိုက အမိန႔္ေပးခဲ့တယ္လို႔ ဗင္နီဇြဲလားကာကြယ္ေရးဝန္ႀကီး ဗလာဒီမာပါဒရီႏိုက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။အဲ့ဒီနယ္ေျမေတြဟာ မူးယစ္ေဆးဝါးေမွာင္ခိုကူးသန္းမႈအတြက္ လမ္းေၾကာင္းတစ္ခုအျဖစ္ဖြဲ႕စည္းထားတဲ့ နယ္ေျမေတြျဖစ္တယ္လို႔လည္း ဗလာဒီမာပါဒရီႏိုက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ နီဗာအက္စပါတာကြၽန္း၊ဆူခရီျပည္နယ္နဲ႔ ဒယ္လ္တာအမာကူ႐ိုျပည္နယ္တို႔မွာ ဗင္နီဇြဲလားစစ္တပ္ရဲ႕တည္ရွိမႈကို တိုးျမႇင့္သြားမယ္လို႔လည္း ဗလာဒီမာပါဒရီႏိုက ေျပာၾကားခဲ့ပါတယ္။ကိုလံဘီယာႏိုင္ငံနဲ႔ထိစပ္ေနတဲ့ ဇူလီယာနဲ႔တာခ်ီရာျပည္နယ္တို႔မွာ တပ္ဖြဲ႕ဝင္(၂၅၀၀၀)ျဖန႔္က်က္ခ်ထားဖို႔စီစဥ္ေနတယ္လို႔လည္း ဗလာဒီမာပါဒရီႏိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဗလာဒီမာပါဒရီႏိုက”ဘယ္သူကမွ ကြၽန္ေတာ္တို႔အတြက္လာၿပီး အလုပ္လုပ္ေပးမွာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔လုပ္သင့္တဲ့အရာမ်ိဳးကို လုပ္ဖို႔အတြက္ ဘယ္သူကမွ ဒီေျမကိုေျခခ်မွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။တရားမဝင္မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးစစ္ပြဲကို တိုက္ခိုက္ဖို႔အတြက္ အေမရိကန္သမၼတ‌ေဒၚနယ္ထရမ့္ရဲ႕ ခ်ဥ္းကပ္မႈအသစ္ေတြေၾကာင့္ ဗင္နီဇြဲလားႏိုင္ငံနဲ႔ အေမရိကန္ႏိုင္ငံတို႔ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.