အိမ်မဲတွင် မသန်စွမ်းသမီးအရင်းကို အဓမ္မ၊ အိမ်တွင်းအကြမ်းဖက်သူအမျိုးသားအား ဖမ်းဆီးအရေးယူ

 423

သန့်ဇင် (NP News) - စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့တွင် မသန်စွမ်းသမီးအရင်းဖြစ်သူကို အဓမ္မကျင့်ခဲ့သူအမျိုးသားအား ဖမ်းဆီးအရေးယူထားဖြစ်ကြောင်း သိရှိသူတစ်ဦးက ၎င်း၏လူမှုကွန်ယက်တွင် ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။
ကျူးလွန်သူအမျိုးသားသည် ၎င်း၏ မသန်စွမ်းသမီးအရင်းဖြစ်သူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ကိုယ်ဝန်ရ ရှိစဉ်က ဖျက်ချခဲ့ရကြောင်း သိရသည်။
ထို့နောက် ဒုတိယအကြိမ်တွင်မူ ကိုယ်ဝန်(၇)လ ထပ်မံရရှိလာသည့်အတွက် အထက်ပါကျူးလွန်သူအမျိုးသားက ဖျက်ချရန် ဖိအားပေးခဲ့ကြောင်း နှင့် ပတ်ဝန်းကျင်အားအသိမပေးရန် ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
“ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူ မသန်စွမ်းကို မုဒိမ်းကျင့်တယ်တဲ့ဗျာ။ ပထမအကြိမ် ကိုယ်ဝန်ရတုန်းက ဖျက်ချတယ်။ အခုနောက် တစ်ကြိမ် က ၇ လ ထပ်ဖျက်ချဖို့ ကြိုးပမ်းတယ်။ အမေဖြစ်သူကလည်း လင်ကိုကြောက်တော့ လင်ဘက်ပဲ ပါတယ်။ ပေါက်ကြားရင် အားလုံးသတ်ပစ်မယ် ခြိမ်းခြောက်ထားလို့ သမီးရော မယားရော သတ်မယ်ဆိုလို့ ပတ်ဝန်းကျင်က အစ ဘာမှမလှုပ်ရဲဘူး။ ဒီတိုင်းထားရင် လည်း နောက်သမီးအငယ်လေးတွေရှိနေသေး စိတ်မချရဘူး။ ဒီမသန်စွမ်းကလေးမလေးလည်း ကိုယ်ဝန်ဖျက်ချလို့ အသက်အန္တရာယ် ရှိလာနိုင်တယ်” ဟု အဆိုပါအရေးကူညီပေးနေသူတစ်ဦးက ၎င်း၏ လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာတွင် ထုတ်ဖော်ရေးသားထားသည်။
ပြစ်မှုကျူးလွန်သူအမျိုးသားသည် သမီးအရင်းဖြစ်သူကိုပင် အဓမ္မပြုကျင့်ခဲ့ရုံသာမက ကိုယ်ဝန်လွယ်ထားရသည့် ဗိုက်အားဖိညစ်ခြင်းကိုပါ လုပ်ဆောင်၍ အိမ်တွင်းအကြမ်းဖက်မှုကိုပါကျူးလွန်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူအမျိုးသားအား ဖမ်းဆီးအရေးယူထားပြီး ကျူးလွန်ခံရသူအမျိုးသမီးနှင့် ကလေးငယ်မွေးဖွားပြီးပါက ကူညီစောင့်ရှောက်မှုများလုပ်ဆောင်ရန် စီစဉ်နေလျက်ရှိကြောင်း သိရသည်။
“အကြီးဆုံးအမှုနဲ့ စွဲချက်တင်သွားပါမယ်။ ကလေးမလေးလည်း ကျန်းမာအောင် ဆေးကုသရမယ်။ ဗိုက်ထဲက ကလေးလည်း အတက်နိုင်ဆုံး ကျန်းမာအောင်မွေးပြီး ဂေဟာပို့ပေးမယ်။ အတက်နိုင်ဆုံး တန်တဲ့ နေရာရောက်အောင် လုပ်ဆောင်သွားရမယ်”ဟု ၎င်း၏ ဖော်ပြရေးသားထားချက်အရ သိရသည်။

Zawgyi Version:
အိမ္မဲတြင္ မသန္စြမ္းသမီးအရင္းကို အဓမၼ၊ အိမ္တြင္းအၾကမ္းဖက္သူအမ်ိဳးသားအား ဖမ္းဆီးအေရးယူ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၉
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမခ႐ိုင္၊ အိမ္မဲၿမိဳ႕တြင္ မသန္စြမ္းသမီးအရင္းျဖစ္သူကို အဓမၼက်င့္ခဲ့သူအမ်ိဳးသားအား ဖမ္းဆီးအေရးယူထားျဖစ္ေၾကာင္း သိရွိသူတစ္ဦးက ၎၏လူမႈကြန္ယက္တြင္ ေဖာ္ျပထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
က်ဴးလြန္သူအမ်ိဳးသားသည္ ၎၏ မသန္စြမ္းသမီးအရင္းျဖစ္သူကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ ကိုယ္ဝန္ရ ရွိစဥ္က ဖ်က္ခ်ခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ဒုတိယအႀကိမ္တြင္မူ ကိုယ္ဝန္(၇)လ ထပ္မံရရွိလာသည့္အတြက္ အထက္ပါက်ဴးလြန္သူအမ်ိဳးသားက ဖ်က္ခ်ရန္ ဖိအားေပးခဲ့ေၾကာင္း ႏွင့္ ပတ္ဝန္းက်င္အားအသိမေပးရန္ ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။
“ဖခင္ျဖစ္သူက သမီးအရင္းျဖစ္သူ မသန္စြမ္းကို မုဒိမ္းက်င့္တယ္တဲ့ဗ်ာ။ ပထမအႀကိမ္ ကိုယ္ဝန္ရတုန္းက ဖ်က္ခ်တယ္။ အခုေနာက္ တစ္ႀကိမ္ က ၇ လ ထပ္ဖ်က္ခ်ဖို႔ ႀကိဳးပမ္းတယ္။ အေမျဖစ္သူကလည္း လင္ကိုေၾကာက္ေတာ့ လင္ဘက္ပဲ ပါတယ္။ ေပါက္ၾကားရင္ အားလုံးသတ္ပစ္မယ္ ၿခိမ္းေျခာက္ထားလို႔ သမီးေရာ မယားေရာ သတ္မယ္ဆိုလို႔ ပတ္ဝန္းက်င္က အစ ဘာမွမလႈပ္ရဲဘူး။ ဒီတိုင္းထားရင္ လည္း ေနာက္သမီးအငယ္ေလးေတြရွိေနေသး စိတ္မခ်ရဘူး။ ဒီမသန္စြမ္းကေလးမေလးလည္း ကိုယ္ဝန္ဖ်က္ခ်လို႔ အသက္အႏၲရာယ္ ရွိလာႏိုင္တယ္” ဟု အဆိုပါအေရးကူညီေပးေနသူတစ္ဦးက ၎၏ လူမႈကြန္ယက္ေဖ့ဘြတ္စာမ်က္ႏွာတြင္ ထုတ္ေဖာ္ေရးသားထားသည္။
ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားသည္ သမီးအရင္းျဖစ္သူကိုပင္ အဓမၼျပဳက်င့္ခဲ့႐ုံသာမက ကိုယ္ဝန္လြယ္ထားရသည့္ ဗိုက္အားဖိညစ္ျခင္းကိုပါ လုပ္ေဆာင္၍ အိမ္တြင္းအၾကမ္းဖက္မႈကိုပါက်ဴးလြန္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားအား ဖမ္းဆီးအေရးယူထားၿပီး က်ဴးလြန္ခံရသူအမ်ိဳးသမီးႏွင့္ ကေလးငယ္ေမြးဖြားၿပီးပါက ကူညီေစာင့္ေရွာက္မႈမ်ားလုပ္ေဆာင္ရန္ စီစဥ္ေနလ်က္ရွိေၾကာင္း သိရသည္။
“အႀကီးဆုံးအမႈနဲ႔ စြဲခ်က္တင္သြားပါမယ္။ ကေလးမေလးလည္း က်န္းမာေအာင္ ေဆးကုသရမယ္။ ဗိုက္ထဲက ကေလးလည္း အတက္ႏိုင္ဆုံး က်န္းမာေအာင္ေမြးၿပီး ေဂဟာပို႔ေပးမယ္။ အတက္ႏိုင္ဆုံး တန္တဲ့ ေနရာေရာက္ေအာင္ လုပ္ေဆာင္သြားရမယ္”ဟု ၎၏ ေဖာ္ျပေရးသားထားခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.