ဟင်္သာတမြို့တွင် သွားဆရာဝန်နှင့် ဇနီးဖြစ်သူကို အမျိုးသားတစ်ဦးက ဆေးခန်းအတွင်းဝင်ကာ ဓားဖြင့်ထိုးသတ်

691

သန့်ဇင်(NP News)-စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် သွားဆရာဝန်တစ်ဦးနှင့် ဇနီးဖြစ်သူတို့ကို အမျိုးသားတစ်ဦးက ဆေးခန်းအတွင်းဝင်ကာ ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့( စက်တင်ဘာ ၈ရက်)၊ ညနေ ၅ နာရီအချိန်ခန့်က ဟင်္သာတမြို့၊ ပါဆယ်လမ်းရှိ သွားဆေးခန်းတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့က ညနေက ဆေးခန်းကိုလာပြီး PCXဆိုင်ကယ်နဲ့လာပြီး ဓားနဲ့ဝင်ထိုးသွားတာ။ လက်ဖက်ရည်ဆိုင်နားက ဆေးခန်းမှာဖြစ်တာ။ ဆေးခန်းပြမလိုလိုနဲ့လာပြီး ဓားနဲ့လာထိုးသွားတာ။ ဘာမှမယူသွားဘူး။ လင်မယား(၂) ယောက်လုံးဓားနဲ့ဝင်ထိုးသွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ဓားဖြင့်ထိုးသတ်ခံရမှုကြောင့် အသက်(၇၀) နှစ်အရွယ် ဦးတင်မောင်ထွန်းတွင် ဒဏ်ရာများရရှိကာ ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံး သွားပြီး ၎င်း၏ဇနီးဖြစ်သူ အသက်(၅၀)နှစ်အရွယ် ဒေါ်ဇင်မင်းသက်မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆရာဝန်ကြီးလင်မယားက ဆုံးသွားတယ်။ အိမ်ကအဖွားတစ်ယောက်နဲ့ အကူက ရှပ်ထိဒဏ်ရာတွေရကြတယ်။ သူကဘာမှမယူသွား တာတော့ သေချာတယ်။ အခုထိလိုက်နေတုန်းပဲ။ တစ်မြို့လုံးနာမည်ကြီးနေတာ”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် သေဆုံးသူဆရာဝန်ကြီးလင်မယား၏ ရုပ်အလောင်းတို့အား နေအိမ်သို့ပြန်လည်ပို့ဆောင်ထားကာ ကျုးလွန်သူအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဟသၤာတၿမိဳ႕တြင္ သြားဆရာဝန္ႏွင့္ ဇနီးျဖစ္သူကို အမ်ိဳးသားတစ္ဦးက ေဆးခန္းအတြင္းဝင္ကာ ဓားျဖင့္ထိုးသတ္
သန႔္ဇင္(NP News)-စက္တင္ဘာ ၉
ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕တြင္ သြားဆရာဝန္တစ္ဦးႏွင့္ ဇနီးျဖစ္သူတို႔ကို အမ်ိဳးသားတစ္ဦးက ေဆးခန္းအတြင္းဝင္ကာ ဓားျဖင့္ထိုးသတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔( စက္တင္ဘာ ၈ရက္)၊ ညေန ၅ နာရီအခ်ိန္ခန႔္က ဟသၤာတၿမိဳ႕၊ ပါဆယ္လမ္းရွိ သြားေဆးခန္းတြင္ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“မေန႔က ညေနက ေဆးခန္းကိုလာၿပီး PCXဆိုင္ကယ္နဲ႔လာၿပီး ဓားနဲ႔ဝင္ထိုးသြားတာ။ လက္ဖက္ရည္ဆိုင္နားက ေဆးခန္းမွာျဖစ္တာ။ ေဆးခန္းျပမလိုလိုနဲ႔လာၿပီး ဓားနဲ႔လာထိုးသြားတာ။ ဘာမွမယူသြားဘူး။ လင္မယား(၂) ေယာက္လုံးဓားနဲ႔ဝင္ထိုးသြားတာ” ဟု ေဒသခံ အမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ဓားျဖင့္ထိုးသတ္ခံရမႈေၾကာင့္ အသက္(၇၀) ႏွစ္အ႐ြယ္ ဦးတင္ေမာင္ထြန္းတြင္ ဒဏ္ရာမ်ားရရွိကာ ေဆး႐ုံသို႔ပို႔ေဆာင္စဥ္ေသဆုံး သြားၿပီး ၎၏ဇနီးျဖစ္သူ အသက္(၅၀)ႏွစ္အ႐ြယ္ ေဒၚဇင္မင္းသက္မွာ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ဆရာဝန္ႀကီးလင္မယားက ဆုံးသြားတယ္။ အိမ္ကအဖြားတစ္ေယာက္နဲ႔ အကူက ရွပ္ထိဒဏ္ရာေတြရၾကတယ္။ သူကဘာမွမယူသြား တာေတာ့ ေသခ်ာတယ္။ အခုထိလိုက္ေနတုန္းပဲ။ တစ္ၿမိဳ႕လုံးနာမည္ႀကီးေနတာ”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူဆရာဝန္ႀကီးလင္မယား၏ ႐ုပ္အေလာင္းတို႔အား ေနအိမ္သို႔ျပန္လည္ပို႔ေဆာင္ထားကာ က်ဳးလြန္သူအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။