ပြင်သစ်နိုင်ငံ စီးပွားရေးတွင် ယူရို(၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံမည့်သဘောတူညီချက်ကို ပြင်သစ်နှင့်ကာတာနိုင်ငံတို့ လက်မှတ်ရေးထိုး

345

Pika (NP News) - ဖေဖော်ဝါရီ ၂၈
၂ဝ၂၄ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အတွင်း ပြင်သစ်နိုင်ငံရှိ စတင်တည်ထောင်မည့်စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့များထံတွင် ယူရို(၁၀)ဘီလျံ ရင်းနှီးမြှုပ်နှံရန် ကာတာနိုင်ငံက သဘောတူညီခဲ့သည့် မဟာဗျူဟာ မြောက်မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို ပြင်သစ်နှင့်ကာတာနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်း ပြင်သစ် သမ္မတက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်ကူးပြောင်းမှု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ အာကာသ၊ AIနည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာ၊ ကျန်းမာရေး၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ယဉ်ကျေးမှုတို့ကဲ့သို့သော အဓိကကဏ္ဍများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။
ကာတာဘုရင် Sheikh Tamim bin Hamad al-Thani သည် ဖေဖော်ဝါရီလ(၂၇)ရက်တွင် ပြင်သစ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်သွားရောက်မည့် ခရီးစဉ်ကို စတင်ခဲ့ပြီးနောက် အဆိုပါရင်းနှီးမြှုပ်နှံမှုများကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။
ကာတာဘုရင် Sheikh Tamim bin Hamad al-Thani ၏ ပြင်သစ်နိုင်ငံသို့ သွားရောက်လည်ပတ်သည့် ပထမဆုံးနေ့တွင် ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးခံထားရသော ဓါးစာခံများ လွတ်မြောက်လာစေရန်အတွက် အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့်ကြိုးပမ်းမှုများက လွှမ်းမိုး ထားခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဂါဇာစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းတည်းက ကာတာနိုင်ငံသည် အဓိက ကျသော ကြားဝင်စေ့စပ်ပေးသည့်ကဏ္ဍတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်သည့် နိုင်ငံတကာသံတမန်ရေးဆိုင်ရာကြိုးပမ်းမှုများသည် ပြီးခဲ့သည့်ရက်ပိုင်း အတွင်း ပိုမိုအရှိန်မြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။
ပြင်သစ်သမ္မတမက်ခရွန်နှင့် ကာတာဘုရင်တို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချက်ချင်းရရှိရန် လိုအပ်သည်ဆိုသည့်အချက်ကို ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း ထပ်မံ အတည်ပြုပြောဆိုခဲ့ကြကြောင်း သိရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပါအဝင် ပါလက်စတိုင်းနိုင်ငံ တည်ဆောက်ရေးအလားအလာနှင့် အခြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပြင်သစ်အစိုးရက ပြောကြားခဲ့ သည်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံ စီးပြားေရးတြင္ ယူ႐ို(၁၀)ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံမည့္သေဘာတူညီခ်က္ကို ျပင္သစ္ႏွင့္ကာတာႏိုင္ငံတို႔ လက္မွတ္ေရးထိုး
Pika (NP News) - ေဖေဖာ္ဝါရီ ၂၈
၂ဝ၂၄ ခုႏွစ္မွ ၂ဝ၃ဝ ျပည့္ႏွစ္အတြင္း ျပင္သစ္ႏိုင္ငံရွိ စတင္တည္ေထာင္မည့္စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံ မႈရန္ပုံေငြအဖြဲ႕မ်ားထံတြင္ ယူ႐ို(၁၀)ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံရန္ ကာတာႏိုင္ငံက သေဘာတူညီခဲ့သည့္ မဟာဗ်ဴဟာ ေျမာက္မိတ္ဖက္ဆက္ဆံေရးတစ္ရပ္ကို ျပင္သစ္ႏွင့္ကာတာႏိုင္ငံတို႔က လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း ျပင္သစ္ သမၼတက ထုတ္ျပန္ခဲ့သည္။
ႏွစ္ႏိုင္ငံစလုံးအတြက္ အျပန္အလွန္အက်ိဳးျဖစ္ထြန္းေစမည့္ အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ စြမ္းအင္ကူးေျပာင္းမႈ၊ တစ္ပိုင္းလွ်ပ္ကူးပစၥည္း၊ အာကာသ၊ AIနည္းပညာ၊ ဒစ္ဂ်စ္တယ္ နည္းပညာ၊ က်န္းမာေရး၊ ဧည့္ဝတ္ေက်ပြန္မႈႏွင့္ ယဥ္ေက်းမႈတို႔ကဲ့သို႔ေသာ အဓိကက႑မ်ားကို ပစ္မွတ္ထားသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသား ေဖာ္ျပထားသည္။
ကာတာဘုရင္ Sheikh Tamim bin Hamad al-Thani သည္ ေဖေဖာ္ဝါရီလ(၂၇)ရက္တြင္ ျပင္သစ္ႏိုင္ငံသို႔ ႏွစ္ရက္ၾကာ အလည္အပတ္သြားေရာက္မည့္ ခရီးစဥ္ကို စတင္ခဲ့ၿပီးေနာက္ အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ထုတ္ျပန္ ေၾကညာခဲ့ျခင္းျဖစ္သည္။
ကာတာဘုရင္ Sheikh Tamim bin Hamad al-Thani ၏ ျပင္သစ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္သည့္ ပထမဆုံးေန႔တြင္ ဂါဇာကမ္းေျမာင္ေဒသမွာ ဖမ္းဆီးခံထားရေသာ ဓါးစာခံမ်ား လြတ္ေျမာက္လာေစရန္အတြက္ အစၥေရးႏွင့္ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးႏွင့္ပတ္သက္သည့္ႀကိဳးပမ္းမႈမ်ားက လႊမ္းမိုး ထားခဲ့ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာလတြင္ ဂါဇာစစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္းတည္းက ကာတာႏိုင္ငံသည္ အဓိက က်ေသာ ၾကားဝင္ေစ့စပ္ေပးသည့္က႑တြင္ ပါဝင္ခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသတြင္ အပစ္အခတ္ရပ္စဲေရးႏွင့္ပတ္သက္သည့္ ႏိုင္ငံတကာသံတမန္ေရးဆိုင္ရာႀကိဳးပမ္းမႈမ်ားသည္ ၿပီးခဲ့သည့္ရက္ပိုင္း အတြင္း ပိုမိုအရွိန္ျမင့္တက္လာခဲ့ေၾကာင္းလည္း သိရသည္။
ျပင္သစ္သမၼတမက္ခ႐ြန္ႏွင့္ ကာတာဘုရင္တို႔သည္ ဂါဇာကမ္းေျမာင္ေဒသတြင္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ခ်က္ခ်င္းရရွိရန္ လိုအပ္သည္ဆိုသည့္အခ်က္ကို ၎တို႔၏ေဆြးေႏြးပြဲမ်ားအတြင္း ထပ္မံ အတည္ျပဳေျပာဆိုခဲ့ၾကေၾကာင္း သိရသည္။ ၎တို႔ႏွစ္ဦးစလုံးသည္ ဂါဇာကမ္းေျမာင္ေဒသအတြက္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား အပါအဝင္ ပါလက္စတိုင္းႏိုင္ငံ တည္ေဆာက္ေရးအလားအလာႏွင့္ အျခားအျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကေၾကာင္း ျပင္သစ္အစိုးရက ေျပာၾကားခဲ့ သည္။