စလင်းမြို့နယ်တွင် တပ်မတော်၏လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွား

 2639

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် တပ်မတော်၏ လေ့ကျင့်ရေးလေယာဉ်တစ်စင်း စက်ချို့ယွင်းပြီးနောက် ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုသည် ယနေ့(ဖေဖော်ဝါရီလ ၂၉ ရက်)၊ မွန်းလွဲ ၁၂နာရီဝန်းကျင်အချိန်တွင် စလင်းမြို့နယ်၊ ကြို့ဝန်းကြီး ကျေးရွာအနီး၊ လက်မဲကန်အနီးရှိ ယာကွင်းပြင်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“လေယာဉ်ကတော့ လေ့ကျင့်ရေးလေယာဉ်ပါ။ စက်ချို့ယွင်းပြီး ပျက်ကျတာ။ ဂျက်ဖိုက်တာတော့မဟုတ်ဘူး။ လေ့ကျင့်ရေးယာဉ်ပါ။ လေယာဉ်ပေါ်မှာ တစ်ယောက်တည်းပါတာလို့ သိရတယ်။ သူကလည်း လေထီးနဲ့ ခုန်ချလို့ အန္တရာယ်ကင်းတယ်လို့ သိရတယ်။ ဘာမှ ထိခိုက်မှုမရှိဘူးပေါ့။ လေယာဉ်ကပျက်ကျပြီးတော့ မီးလောင်ပေါက်ကွဲသွားတဲ့သဘောရှိတယ်” ဟု အဆိုပါဖြစ်စဉ်အား သိရှိသော ဒေသခံလုံခြုံရေးသတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ယခုကဲ့သို့ ပျက်ကျခဲ့သော လေ့ကျင့်ရေးလေယာဉ်သည် မကွေးလေတပ်မှ လေယာဉ်တစ်စင်းဖြစ်ပြီး လေ့ကျင့်နေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မကွေးလေတပ်မှ အရာရှိစစ်သည်များသည် စလင်း၊ မင်းဘူး၊ ပွင့်ဖြူ၊ မကွေးဝန်းကျင်တစ်ဝိုက်တွင် နေ့စဉ်နှင့်အမျှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

zawgyi version
စလင္းၿမိဳ႕နယ္တြင္ တပ္မေတာ္၏ေလ့က်င့္ေရးေလယာဥ္တစ္စင္း ပ်က္က်မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၉

မေကြးတိုင္း၊ စလင္းၿမိဳ႕နယ္တြင္ တပ္မေတာ္၏ ေလ့က်င့္ေရးေလယာဥ္တစ္စင္း စက္ခ်ိဳ႕ယြင္းၿပီးေနာက္ ပ်က္က်မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ေလယာဥ္ပ်က္က်မႈသည္ ယေန႔(ေဖေဖာ္ဝါရီလ ၂၉ ရက္)၊ မြန္းလြဲ ၁၂နာရီဝန္းက်င္အခ်ိန္တြင္ စလင္းၿမိဳ႕နယ္၊ ႀကိဳ႕ဝန္းႀကီး ေက်း႐ြာအနီး၊ လက္မဲကန္အနီးရွိ ယာကြင္းျပင္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ေလယာဥ္ကေတာ့ ေလ့က်င့္ေရးေလယာဥ္ပါ။ စက္ခ်ိဳ႕ယြင္းၿပီး ပ်က္က်တာ။ ဂ်က္ဖိုက္တာေတာ့မဟုတ္ဘူး။ ေလ့က်င့္ေရးယာဥ္ပါ။ ေလယာဥ္ေပၚမွာ တစ္ေယာက္တည္းပါတာလို႔ သိရတယ္။ သူကလည္း ေလထီးနဲ႔ ခုန္ခ်လို႔ အႏၲရာယ္ကင္းတယ္လို႔ သိရတယ္။ ဘာမွ ထိခိုက္မႈမရွိဘူးေပါ့။ ေလယာဥ္ကပ်က္က်ၿပီးေတာ့ မီးေလာင္ေပါက္ကြဲသြားတဲ့သေဘာရွိတယ္” ဟု အဆိုပါျဖစ္စဥ္အား သိရွိေသာ ေဒသခံလုံၿခဳံေရးသတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ယခုကဲ့သို႔ ပ်က္က်ခဲ့ေသာ ေလ့က်င့္ေရးေလယာဥ္သည္ မေကြးေလတပ္မွ ေလယာဥ္တစ္စင္းျဖစ္ၿပီး ေလ့က်င့္ေနစဥ္ ပ်က္က်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ မေကြးေလတပ္မွ အရာရွိစစ္သည္မ်ားသည္ စလင္း၊ မင္းဘူး၊ ပြင့္ျဖဴ၊ မေကြးဝန္းက်င္တစ္ဝိုက္တြင္ ေန႔စဥ္ႏွင့္အမွ် ေလယာဥ္၊ ရဟတ္ယာဥ္မ်ားျဖင့္ ေလ့က်င့္ပ်ံသန္းမႈမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.