တာမခန် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၏ အတွင်းရေးမှူးကို KIA၊ PDF ပူးပေါင်းအဖွဲ့ ဖမ်းဆီးထား

 648

Pearl (NP News) - မတ် ၂

တာမခန် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၏ အတွင်းရေးမှူးကို KIA၊ PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ထံမှ သိရသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၈) ရက်၊ နေ့လည် (၁)နာရီခန့်က ကချင် ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာတွင်နေထိုင်သော ဦးခင်မောင်ကြည်(၅၁) နှစ်ကို ဥရုမြစ်အနောက်ဘက်ရှိ ဒေသအခေါ် နမ့်နန်းလှိုင် ရှမ်းစစ်ရှောင်စခန်းတွင် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးခင်မောင်ကြည်အား ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (S.E.A.S) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ထားသည်။

ထို့ပြင် မလိုအပ်သည်များ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဦးခင်မောင်ကြည်အား အမြန်ဆုံးလွှတ်ပေးရန်အတွက် ၎င်း၏ မိသားစု၊ ဆွေမျိုး မိသင်္ဂများ ကိုယ်စား တောင်းဆိုကြောင်းလည်း S.E.A.S က ဆိုသည်။

တာမခန် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ ၏ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်ကြည်သည် ရှမ်းနီ အမျိုးသားရေးအတွက်တတ်ကြွလှုပ်ရှားခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း စာပေ၊ ရိုးရာယဉ်ကျေးမှု ကိစ္စရပ်များနှင့် ရပ်ရေးရွာရေးကိစ္စများတွင် တတ်စွမ်းသ၍ ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်၊ ဇွန်လတွင်လည်း ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကဖြစ်သူ ဦးသန်းဖေသည် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။

Zawgyi Version;
တာမခန္ ရွမ္းနီစာေပႏွင့္ ႐ိုးရာယဥ္ေက်းမႈအဖြဲ႕၏ အတြင္းေရးမႉးကို KIA၊ PDF ပူးေပါင္းအဖြဲ႕ ဖမ္းဆီးထား
Pearl (NP News) - မတ္ ၂

တာမခန္ ရွမ္းနီစာေပႏွင့္ ႐ိုးရာယဥ္ေက်းမႈအဖြဲ႕၏ အတြင္းေရးမႉးကို KIA၊ PDF ပူးေပါင္းအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ထံမွ သိရသည္။

KIA၊ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၂၈) ရက္၊ ေန႔လည္ (၁)နာရီခန႔္က ကခ်င္ ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ တာမခန္ေက်း႐ြာတြင္ေနထိုင္ေသာ ဦးခင္ေမာင္ၾကည္(၅၁) ႏွစ္ကို ဥ႐ုျမစ္အေနာက္ဘက္ရွိ ေဒသအေခၚ နမ့္နန္းလႈိင္ ရွမ္းစစ္ေရွာင္စခန္းတြင္ လာေရာက္ဖမ္းဆီးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဦးခင္ေမာင္ၾကည္အား ဖမ္းဆီးေခၚေဆာင္သြားမႈအေပၚ ျမန္မာျပည္ေျမာက္ပိုင္းသွ်မ္းမ်ိဳးႏြယ္စုေရးရာအဖြဲ႕ (S.E.A.S) က ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထား ထုတ္ျပန္ထားသည္။

ထို႔ျပင္ မလိုအပ္သည္မ်ား ဆက္လက္မျဖစ္ပြားေစေရးအတြက္ ဦးခင္ေမာင္ၾကည္အား အျမန္ဆုံးလႊတ္ေပးရန္အတြက္ ၎၏ မိသားစု၊ ေဆြမ်ိဳး မိသဂၤမ်ား ကိုယ္စား ေတာင္းဆိုေၾကာင္းလည္း S.E.A.S က ဆိုသည္။

တာမခန္ ရွမ္းနီစာေပႏွင့္ ႐ိုးရာယဥ္ေက်းမႈအဖြဲ႕ ၏ အတြင္းေရးမႉးျဖစ္သူ ဦးခင္ေမာင္ၾကည္သည္ ရွမ္းနီ အမ်ိဳးသားေရးအတြက္တတ္ႂကြလႈပ္ရွားခဲ့သူျဖစ္ၿပီး လက္ရွိတြင္လည္း စာေပ၊ ႐ိုးရာယဥ္ေက်းမႈ ကိစၥရပ္မ်ားႏွင့္ ရပ္ေရး႐ြာေရးကိစၥမ်ားတြင္ တတ္စြမ္းသ၍ ပါဝင္ေဆာင္႐ြက္ေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္၊ ဇြန္လတြင္လည္း ရွမ္းနီစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီနာယကျဖစ္သူ ဦးသန္းေဖသည္ ၎၏ ေနအိမ္တြင္ရွိေနစဥ္ အၾကမ္းဖက္သမားမ်ားက ေသနတ္ျဖင့္ လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားဖူးသည္။

Related news

© 2021. All rights reserved.