လက်ရှိ ဘဏ္ဍာနှစ်အတွင်း ထိုင်း - မြန်မာကုန်သွယ်မှု အမေရိကန်ဒေါ်လာသန်း (၈၄၀) ကျော်ကျဆင်း

1093

NP News မတ် ၄
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၏ ၁၁ လတာကာလအတွင်း ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးပမာဏ အမေရိကန်ဒေါ်လာ (၄ ဒသမ ၀၆) ဘီလျံကျော် ကုန်သွယ်မှုရှိခဲ့ရာ ယခင်နှစ် အလားတူကာနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှု ဒေါ်လာသန်း (၈၄၀)ကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
"တိုက်ပွဲတွေက ဖြစ်တော့ ကုန်သွယ်မှုအခြေအနေ မကောင်း၊ လျော့ကျနေချိန် ၊ မြဝတီ - အာရှလမ်းကပါ ဖြတ်သွားမရတော့ ထိုင်းမြန်မာနယ်စပ်က ကုန်သွယ်မှုက မရှိသလောက်နည်းသွားတဲ့ သဘောပေါ့။ မြဝတီအာရှလမ်း မဖွင့်သရွေ့ အခုပုံစံအတိုင်းပဲ ကုန်သွယ်မှုကရှိနေမှာပဲ မထူးခြားဘူး" ဟု နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လတာကာလ ဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ နယ်စပ်ကုန်သွယ်မှု ဒေါ်လာ (၄ ဒသမ ၀၆) ဘီလျံတွင် မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ (၂ ဒသမ ၈၆) ဘီလျံနှင့်၊ ထိုင်းနိုင်ငံမှ သွင်းကုန်ပြန်လည်တင်သွင်းမှုအဖြစ် အမေရိကန်ဒေါ်လာ (၁ ဒသမ ၂၀) ဘီလျံ ပမာဏရှိ ကြောင်းသိရသည်။
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိက အရေးပါပြီး ကုန်သွယ်မှုအများဆုံး ပြုလုပ်သော မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု လုံးဝမလုပ်နိုင်ဘဲ ရပ်တန့်နေသည်မှာ လွန်ခဲ့သော ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှစ၍ လက်ရှိ အချိန်ထိ ဖြစ်သည်။
ယခင်ဘဏ္ဍာနှစ်၏ ၁၁ လတာ ကာလတူအတွင်း ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄ ဒသမ ၉၀) ဘီလျံကျော်ရရှိခဲ့ပြီး ယခုနှစ်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ (၈၄၂ ဒသမ ၈၄၈)သန်းအထိ လျော့ကျခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲတွေကြောင့် ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေး မရှိသလောက် ရပ်တန့်ခဲ့ရပြီး လက်ရှိအချိန်တွင် ထိုင်းကုန်သွယ်မှုအတွက် တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများက လုပ်ဆောင်နေရပြီး ရေကြောင်းမှတဆင့် ကုန်သွယ်မှုပြုလုပ်နေကြသည်။
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်စည်များတွင် မြန်မာနိုင်ငံဘက်မှ ပို့ကုန်များအဖြစ် ပြောင်း အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ တဆင့်ခံအပ်ထည် လက်ခစား CMP ချုပ်ထည်ပစ္စည်းများ ဖြစ်သည်။
ထိုင်းနိုင်ငံက တင်သွင်းသော သွင်းကုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်း၊ ဆေးဝါး၊ စက်ရုံသုံး ကုန်ကြမ်းပစ္စည်း၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်ပစ္စည်း၊ အလှကုန်နှင့် လျှပ်စစ်ပစ္စည်းစသော ကုန်စည်များ ဖြစ်ကြသည်။

Zawgyi Version
လက္ရွိ ဘ႑ာႏွစ္အတြင္း ထိုင္း - ျမန္မာကုန္သြယ္မႈ အေမရိကန္ေဒၚလာသန္း (၈၄၀) ေက်ာ္က်ဆင္း
NP News မတ္ ၄
၂၀၂၃ - ၂၀၂၄ ဘ႑ာႏွစ္၏ ၁၁ လတာကာလအတြင္း ထိုင္း - ျမန္မာနယ္စပ္ကုန္သြယ္ေရးပမာဏ အေမရိကန္ေဒၚလာ (၄ ဒသမ ၀၆) ဘီလ်ံေက်ာ္ ကုန္သြယ္မႈရွိခဲ့ရာ ယခင္ႏွစ္ အလားတူကာႏွင့္ႏႈိင္းယွဥ္ပါက ကုန္သြယ္မႈ ေဒၚလာသန္း (၈၄၀)ေက်ာ္အထိ ေလ်ာ့က်ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။
"တိုက္ပြဲေတြက ျဖစ္ေတာ့ ကုန္သြယ္မႈအေျခအေန မေကာင္း၊ ေလ်ာ့က်ေနခ်ိန္ ၊ ျမဝတီ - အာရွလမ္းကပါ ျဖတ္သြားမရေတာ့ ထိုင္းျမန္မာနယ္စပ္က ကုန္သြယ္မႈက မရွိသေလာက္နည္းသြားတဲ့ သေဘာေပါ့။ ျမဝတီအာရွလမ္း မဖြင့္သေ႐ြ႕ အခုပုံစံအတိုင္းပဲ ကုန္သြယ္မႈကရွိေနမွာပဲ မထူးျခားဘူး" ဟု နယ္စပ္ပို႔ကုန္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
လက္ရွိဘ႑ာႏွစ္ ၁၁ လတာကာလ ျဖစ္သည့္ ၂၀၂၃ ခုႏွစ္ ဧၿပီလမွ ေဖေဖာ္ဝါရီလအထိ နယ္စပ္ကုန္သြယ္မႈ ေဒၚလာ (၄ ဒသမ ၀၆) ဘီလ်ံတြင္ ျမန္မာႏိုင္ငံမွ ပို႔ကုန္ပစၥည္းတင္ပို႔မႈ အေမရိကန္ေဒၚလာ (၂ ဒသမ ၈၆) ဘီလ်ံႏွင့္၊ ထိုင္းႏိုင္ငံမွ သြင္းကုန္ျပန္လည္တင္သြင္းမႈအျဖစ္ အေမရိကန္ေဒၚလာ (၁ ဒသမ ၂၀) ဘီလ်ံ ပမာဏရွိ ေၾကာင္းသိရသည္။
ထိုင္း - ျမန္မာနယ္စပ္ကုန္သြယ္ေရးတြင္ အဓိက အေရးပါၿပီး ကုန္သြယ္မႈအမ်ားဆုံး ျပဳလုပ္ေသာ ျမဝတီကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈ လုံးဝမလုပ္ႏိုင္ဘဲ ရပ္တန႔္ေနသည္မွာ လြန္ခဲ့ေသာ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလကုန္ပိုင္းမွစ၍ လက္ရွိ အခ်ိန္ထိ ျဖစ္သည္။
ယခင္ဘ႑ာႏွစ္၏ ၁၁ လတာ ကာလတူအတြင္း ထိုင္း - ျမန္မာနယ္စပ္ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ (၄ ဒသမ ၉၀) ဘီလ်ံေက်ာ္ရရွိခဲ့ၿပီး ယခုႏွစ္ကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ (၈၄၂ ဒသမ ၈၄၈)သန္းအထိ ေလ်ာ့က်ခဲ့ျခင္း ျဖစ္သည္။
တိုက္ပြဲေတြေၾကာင့္ ထိုင္း - ျမန္မာနယ္စပ္ကုန္သြယ္ေရး မရွိသေလာက္ ရပ္တန႔္ခဲ့ရၿပီး လက္ရွိအခ်ိန္တြင္ ထိုင္းကုန္သြယ္မႈအတြက္ တာခ်ီလိတ္၊ ေကာ့ေသာင္း၊ ၿမိတ္၊ ထီးခီး၊ ေမာေတာင္၊ မယ္စဲ့ စသည့္ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားက လုပ္ေဆာင္ေနရၿပီး ေရေၾကာင္းမွတဆင့္ ကုန္သြယ္မႈျပဳလုပ္ေနၾကသည္။
ထိုင္း - ျမန္မာနယ္စပ္ကုန္သြယ္ေရး ကုန္စည္မ်ားတြင္ ျမန္မာႏိုင္ငံဘက္မွ ပို႔ကုန္မ်ားအျဖစ္ ေျပာင္း အပါအဝင္ လယ္ယာထြက္ကုန္ပစၥည္းမ်ား၊ ေရထြက္ကုန္ပစၥည္းမ်ား၊ တဆင့္ခံအပ္ထည္ လက္ခစား CMP ခ်ဳပ္ထည္ပစၥည္းမ်ား ျဖစ္သည္။
ထိုင္းႏိုင္ငံက တင္သြင္းေသာ သြင္းကုန္မ်ားတြင္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း၊ စက္ႏွင့္ စက္အပိုပစၥည္း၊ ေဆးဝါး၊ စက္႐ုံသုံး ကုန္ၾကမ္းပစၥည္း၊ ဓာတ္ေျမၾသဇာ၊ စားေသာက္ကုန္ပစၥည္း၊ အလွကုန္ႏွင့္ လွ်ပ္စစ္ပစၥည္းစေသာ ကုန္စည္မ်ား ျဖစ္ၾကသည္။