စင်ကာပူနိုင်ငံ၊ Mandai Wildlife Group က အမှတ်တရ စုဆောင်းနိုင်တဲ့ တိရစ္ဆာန်ရုပ်တုများ စတင်ထုတ်ဝေ

 950

ရောင်နီ (NP News) - မတ် ၄

စင်ကာပူနိုင်ငံ၊ Mandai Wildlife Group နဲ့ စုဆောင်းထုတ်လုပ်သူ XM Studios တို့ ပူးပေါင်းပြီး မတ်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ တိရစ္ဆာန်ရုပ် ခြောက်ရုပ်ကို မိတ်ဆက်ပြသလာခဲ့ပါတယ်။

Mandai Wildlife Group အနေနဲ့ စုဆောင်းနိုင်တဲ့ တိရစ္ဆာန်ပုံတူရုပ်တွေကို ထုတ်လုပ်တာဟာ အခု ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။

အရုပ်တွေကို ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်အထိတေစ်ရုပ်ကို ၂၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်ပြီး၊ အဲဒီနောက်မှာတော့ တစ်ရုပ်ကို ၃၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

အရုပ်တွေကို Lazada၊ Shopee ရှိ Mandai Wildlife Group e-shops တွေမှာ မှာယူရရှိနိုင်သလို Mandai တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ လက်လီဆိုင်များနဲ့ 809 French Road ရှိ XM Studios မှာလည်း ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ရောင်းချရငွေရဲ့ထက်ဝက်ကို ဒေသတွင်း တောရိုင်းတိရိစ္ဆာန် ပရောဂျက်တွေဆီ ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

အဆိုပါရုပ်တုတွေမှာ အာဖရိကပင်ဂွင်း၊ Aldabra ဧရာမလိပ်၊ ကယ်လီဖိုးနီးယား ခြင်္သေ့၊ Malayan ဝက်ဝံ၊ Pygmy Hippopotamus နဲ့ Sumatran orang utan ပုံတူရုပ်တို့ ပါဝင်တယ်လို့ Mandai Wildlife Group မှ မတ်လ ၂ ရက် ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

လက်လီရောင်းချတဲ့အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဒေစီတန် က "XM Studios နဲ့ ဒီပူးပေါင်းဆောင်ရွက်မှုက မတူကွဲပြားတဲ့ပရိသတ်တွေဆီ ရောက်ရှိပြီး ကမ္ဘာမြေကို မတူညီတဲ့ တောရိုင်းတိရစ္ဆာန်မျိုးစိတ်တွေအကြောင်းနဲ့ အသိပညာပေးမှုတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ Mandai Wildlife Group က အမွတ္တရ စုေဆာင္းႏိုင္တဲ့ တိရစာၦန္႐ုပ္တုမ်ား စတင္ထုတ္ေဝ
ေရာင္နီ (NP News) - မတ္ ၄

စင္ကာပူႏိုင္ငံ၊ Mandai Wildlife Group နဲ႔ စုေဆာင္းထုတ္လုပ္သူ XM Studios တို႔ ပူးေပါင္းၿပီး မတ္လ ၃ ရက္ေန႔မွာ က်ေရာက္တဲ့ ကမာၻ႔ေတာ႐ိုင္းတိရစာၦန္မ်ားေန႔ အထိမ္းအမွတ္အျဖစ္ အမွတ္တရ တိရစာၦန္႐ုပ္ ေျခာက္႐ုပ္ကို မိတ္ဆက္ျပသလာခဲ့ပါတယ္။

Mandai Wildlife Group အေနနဲ႔ စုေဆာင္းႏိုင္တဲ့ တိရစာၦန္ပုံတူ႐ုပ္ေတြကို ထုတ္လုပ္တာဟာ အခု ပထမဆုံးအႀကိမ္ပဲျဖစ္ပါတယ္။

အ႐ုပ္ေတြကို ၂၀၂၄ ခုႏွစ္ ဇြန္လ ၂ ရက္အထိေတစ္႐ုပ္ကို ၂၉ ေဒၚလာနဲ႔ ေရာင္းခ်မွာျဖစ္ၿပီး၊ အဲဒီေနာက္မွာေတာ့ တစ္႐ုပ္ကို ၃၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

အ႐ုပ္ေတြကို Lazada၊ Shopee ရွိ Mandai Wildlife Group e-shops ေတြမွာ မွာယူရရွိႏိုင္သလို Mandai ေတာ႐ိုင္းတိရစာၦန္ေဘးမဲ့ေတာရွိ လက္လီဆိုင္မ်ားနဲ႔ 809 French Road ရွိ XM Studios မွာလည္း ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

ေရာင္းခ်ရေငြရဲ႕ထက္ဝက္ကို ေဒသတြင္း ေတာ႐ိုင္းတိရိစာၦန္ ပေရာဂ်က္ေတြဆီ ပံ့ပိုးေပးမယ္လို႔ ဆိုပါတယ္။

အဆိုပါ႐ုပ္တုေတြမွာ အာဖရိကပင္ဂြင္း၊ Aldabra ဧရာမလိပ္၊ ကယ္လီဖိုးနီးယား ျခေသၤ့၊ Malayan ဝက္ဝံ၊ Pygmy Hippopotamus နဲ႔ Sumatran orang utan ပုံတူ႐ုပ္တို႔ ပါဝင္တယ္လို႔ Mandai Wildlife Group မွ မတ္လ ၂ ရက္ ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

လက္လီေရာင္းခ်တဲ့အဖြဲ႕ရဲ႕ ဒုဥကၠ႒ ေဒစီတန္ က "XM Studios နဲ႔ ဒီပူးေပါင္းေဆာင္႐ြက္မႈက မတူကြဲျပားတဲ့ပရိသတ္ေတြဆီ ေရာက္ရွိၿပီး ကမာၻေျမကို မတူညီတဲ့ ေတာ႐ိုင္းတိရစာၦန္မ်ိဳးစိတ္ေတြအေၾကာင္းနဲ႔ အသိပညာေပးမႈေတြ ဖန္တီးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.