ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်သင်္ဘောတစ်စီးပေါ်မှ AA လက်နက်ကိုင်အဖွဲ့က သယ်ဆောင်ခိုင်းသော ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ WY ဆေးပြားများ ဖမ်းဆီးရမိ

 1520

သန့်ဇင် (NP News) - မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်သင်္ဘောတစ်စီးပေါ်မှ AA လက်နက်ကိုင်အဖွဲ့က သယ်ဆောင်ခိုင်းသော ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ WY ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်တွေမြို့တွင်နေထိုင်သည့် AA လက်နက်ကိုင်အဖွဲ့၏ ထောက်ပို့ရေးတာဝန်ခံ သန့်ဇင်ဦးသည် ဘူးသီးတောင်မြို့တွင်နေထိုင်သည့် ထောက်ပို့ရေးတာဝန်ခံ မေယုထွန်းနှင့် ချိတ်ဆက် ၍ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့မှ စစ်တွေမြို့ နှင့် ဘူးသီးတောင်မြို့များသို့ ပို့ဆောင်နေခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းအရ မတ်လ ၂၁ရက်၊ ညနေပိုင်းအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးသည့် ထွန်းသိန်းအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ စုမြတ်ဝေတို့ (၂)ဦးကို တာမွေမြို့နယ်၊ စက်မှု(၅)လမ်း၊ အိမ်အမှတ်(၃၀၁)၌ စတင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိခဲ့သည့် လင်မယား(၂)ဦး၏ ထွက်ဆိုချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေ့ ညပိုင်းချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆိပ်ကမ်းရှိ အမှတ်(၂) တံတား၌ ဆိုက်ကပ်ထားသော ရန်ကုန်-စစ်တွေပြေးဆွဲနေသည့် “အမ်ဗွီ-စိန်ပြည့်မင်း” ကုန်တင်သင်္ဘောကို ဝင်ရောက်ရှာဖွေခဲ့ရာ ကတ်ထူဖာအတွင်းမှ ငွေကျပ် ၁ ဘီလျံတန်ဖိုးရှိ WY စာတန်းပါ(ပန်းရောင်) စိတ်ကြွရူးသွပ် ဆေးပြား ၁ သန်းကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးခဲ့ရာ စုမြတ်ဝေ၏ ထွက်ဆိုချက်အရ မတ်လ ၁၄ ရက်တွင် စစ်တွေမြို့၊ ဘောက်စူးရပ်ကွက်တွင်နေထိုင်သည့် အစ်မဝမ်းကွဲတော်စပ်သူ၏ ခင်ပွန်းဖြစ်သူ သန့်ဇင်ဦးက အဆိုပါမူးယစ်ဆေးဝါးများကို ရန်ကုန်မှ စစ်တွေမြို့သို့ ပို့ဆောင်ပေးပါက ငွေကျပ်သိန်း(၂၀၀)ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ခင်ပွန်းဖြစ်သူ ထွန်သိန်းအောင်နှင့်တိုင်ပင်ကာ သဘောတူလက်ခံခဲ့ပြီး မတ်လ ၂၀ ရက်တွင် သန့်ဇင်ဦး၏ သားဖြစ်သူ ကျော်ပိုင်သူ လာရောက်ပို့ဆောင်သော မူးယစ်ဆေး ဝါးများကို “ဂေါ်ဇီလာ”ဆပ်ပြာတောင်များနှင့်အတူ ရောနှောထုတ်ပိုးကာ အမ်ဗွီ-“စိန်ပြည့်မင်း” ကုန်တင်သင်္ဘောဖြင့်စစ်တွေမြို့သို့ ပို့ဆောင်ရန်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် ဥပဒေအရ ထိရောက်စွာအမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ဆိပ္ကမ္းတစ္ခုတြင္ ကုန္တင္သေဘၤာတစ္စီးေပၚမွ AA လက္နက္ကိုင္အဖြဲ႕က သယ္ေဆာင္ခိုင္းေသာ ေငြက်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ WY ေဆးျပားမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - မတ္ ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္ရွိ ဆိပ္ကမ္းတစ္ခုတြင္ ကုန္တင္သေဘၤာတစ္စီးေပၚမွ AA လက္နက္ကိုင္အဖြဲ႕က သယ္ေဆာင္ခိုင္းေသာ ေငြက်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ WY ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

စစ္ေတြၿမိဳ႕တြင္ေနထိုင္သည့္ AA လက္နက္ကိုင္အဖြဲ႕၏ ေထာက္ပို႔ေရးတာဝန္ခံ သန႔္ဇင္ဦးသည္ ဘူးသီးေတာင္ၿမိဳ႕တြင္ေနထိုင္သည့္ ေထာက္ပို႔ေရးတာဝန္ခံ ေမယုထြန္းႏွင့္ ခ်ိတ္ဆက္ ၍ မူးယစ္ေဆးဝါးမ်ားကို ရန္ကုန္ၿမိဳ႕မွ စစ္ေတြၿမိဳ႕ ႏွင့္ ဘူးသီးေတာင္ၿမိဳ႕မ်ားသို႔ ပို႔ေဆာင္ေနခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သတင္းရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ သတင္းအရ မတ္လ ၂၁ရက္၊ ညေနပိုင္းအခ်ိန္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ေပးသည့္ ထြန္းသိန္းေအာင္ႏွင့္ ၎၏ဇနီးျဖစ္သူ စုျမတ္ေဝတို႔ (၂)ဦးကို တာေမြၿမိဳ႕နယ္၊ စက္မႈ(၅)လမ္း၊ အိမ္အမွတ္(၃၀၁)၌ စတင္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဖမ္းဆီးရမိခဲ့သည့္ လင္မယား(၂)ဦး၏ ထြက္ဆိုခ်က္မ်ားအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါေန႔ ညပိုင္းခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္ဆိပ္ကမ္းရွိ အမွတ္(၂) တံတား၌ ဆိုက္ကပ္ထားေသာ ရန္ကုန္-စစ္ေတြေျပးဆြဲေနသည့္ “အမ္ဗြီ-စိန္ျပည့္မင္း” ကုန္တင္သေဘၤာကို ဝင္ေရာက္ရွာေဖြခဲ့ရာ ကတ္ထူဖာအတြင္းမွ ေငြက်ပ္ ၁ ဘီလ်ံတန္ဖိုးရွိ WY စာတန္းပါ(ပန္းေရာင္) စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၁ သန္းကိုသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးခဲ့ရာ စုျမတ္ေဝ၏ ထြက္ဆိုခ်က္အရ မတ္လ ၁၄ ရက္တြင္ စစ္ေတြၿမိဳ႕၊ ေဘာက္စူးရပ္ကြက္တြင္ေနထိုင္သည့္ အစ္မဝမ္းကြဲေတာ္စပ္သူ၏ ခင္ပြန္းျဖစ္သူ သန႔္ဇင္ဦးက အဆိုပါမူးယစ္ေဆးဝါးမ်ားကို ရန္ကုန္မွ စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ေပးပါက ေငြက်ပ္သိန္း(၂၀၀)ေပးမည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ခင္ပြန္းျဖစ္သူ ထြန္သိန္းေအာင္ႏွင့္တိုင္ပင္ကာ သေဘာတူလက္ခံခဲ့ၿပီး မတ္လ ၂၀ ရက္တြင္ သန႔္ဇင္ဦး၏ သားျဖစ္သူ ေက်ာ္ပိုင္သူ လာေရာက္ပို႔ေဆာင္ေသာ မူးယစ္ေဆး ဝါးမ်ားကို “ေဂၚဇီလာ”ဆပ္ျပာေတာင္မ်ားႏွင့္အတူ ေရာေႏွာထုတ္ပိုးကာ အမ္ဗြီ-“စိန္ျပည့္မင္း” ကုန္တင္သေဘၤာျဖင့္စစ္ေတြၿမိဳ႕သို႔ ပို႔ေဆာင္ရန္လုပ္ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိသူမ်ားကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ ထိေရာက္စြာအမႈဖြင့္အေရးယူႏိုင္ေရး ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.