AI နည်းပညာ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး ဘီလ်ဂိတ်ကို အိန္ဒိယဝန်ကြီးချုပ် သတိပေး

1183

Pika (NP News) - မတ် ၃ဝ
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည် AI နည်းပညာ၏ အန္တရာယ်များနှင့်ပတ်သက်ပြီး Microsoft ကုမ္ပဏီပူးတွဲတည်ထောင်သူဘီလ်ဂိတ်ကို သတိပေးပြောဆိုခဲ့ကြောင်းသိရသည်။
မိုဒီနှင့် ဘီလ်ဂိတ်တို့သည် နယူးဒေလီမြို့တွင် မကြာသေးမီက တွေ့ဆုံချိန်အတွင်း AI နည်းပညာနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ အိန္ဒိယနိုင်ငံသားများသည် နည်းပညာအသစ်များနှင့် လိုက်လျောညီထွေဖြစ်ရုံသာမက အဆိုပါနယ်ပယ်တွင် ဦးဆောင်နေသူများလည်းဖြစ်ကြောင်း Microsoft ကုမ္ပဏီပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်က ပြောကြားခဲ့သည်။ ထို့ပြင် ဘီလ်ဂိတ်သည် မိုဒီကို နည်းပညာများ၊အမျိုး သမီးများ၏ လုပ်နိုင်စွမ်းနှင့် ရာသီဥတုပြောင်းလဲမှုတို့အပေါ် ၎င်း၏အမြင်များနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်းလည်း သိရသည်။ AI နည်းပညာအပါအဝင် နည်းပညာအသစ်များကို ကျင့်သုံးရန် အိန္ဒိယ၏ အာရုံစိုက်မှုများကို ဘီလ်ဂိတ်က မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် အဆိုပါနယ်ပယ်တွင် အမှန်တကယ်ဦးဆောင်နေသည့် နိုင်ငံဖြစ်ကြောင်းလည်း ဘီလ်ဂိတ်ကပြောဆိုခဲ့သည်။
ဘီလ်ဂိတ်က 'ဆွေးနွေးပွဲအတွင်း အိန္ဒိယက ပြောဆိုခဲ့တဲ့ အကြောင်းအရာတွေထဲကတစ်ခုကတော့ နည်းပညာက လူတိုင်းအတွက်ဖြစ်သင့်ပါတယ်ဆိုတဲ့ အချက်ပါပဲ'ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသားများကို ဒစ်ဂျစ်တယ်ကွဲပြားမှုများ မတွေ့ကြုံစေချင်ကြောင်းနှင့် ပညာရေး၊ ဆေးဘက်ဆိုင်ရာ နှင့် အစိုးရ၀န်ဆောင်မှုများ တိုးတက်စေရန်အတွက် ကျေးလက်ဒေသများသို့ နည်းပညာဖြန့်ဝေပေးခဲ့ကြောင်း မိုဒီကပြောကြားခဲ့သည်။ မိုဒီက 'လက်ဝါးကြီးအုပ်မှုတွေကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာ နည်းပညာတွေရှိပါတယ်'ဟု ပြောဆိုခဲ့သည်။ လူဦးရေ(၁ ဒသမ ၄)ဘီလျံကျော် ရှိသော အိန္ဒိယနိုင်ငံတွင် အင်တာနက်အသုံးပြုသူ သန်း(၈၂၀)ကျော်ရှိပြီး ၎င်းတို့အနက်မှ ထက်ဝက်ကျော်မှာ ကျေးလက်ဒေသများမှဖြစ်ကြောင်း Economic Times ၏ ဖော်ပြချက်အရသိရသည်။
zawgyi version
AI နည္းပညာ၏ အႏၲရာယ္မ်ားႏွင့္ပတ္သက္ၿပီး ဘီလ္ဂိတ္ကို အိႏၵိယဝန္ႀကီးခ်ဳပ္ သတိေပး
Pika (NP News) - မတ္ ၂၉
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီသည္ AI နည္းပညာ၏ အႏၲရာယ္မ်ားႏွင့္ပတ္သက္ၿပီး Microsoft ကုမၸဏီပူးတြဲတည္ေထာင္သူဘီလ္ဂိတ္ကို သတိေပးေျပာဆိုခဲ့ေၾကာင္းသိရသည္။
မိုဒီႏွင့္ ဘီလ္ဂိတ္တို႔သည္ နယူးေဒလီၿမိဳ႕တြင္ မၾကာေသးမီက ေတြ႕ဆုံခ်ိန္အတြင္း AI နည္းပညာႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္း သိရသည္။ အိႏၵိယႏိုင္ငံသားမ်ားသည္ နည္းပညာအသစ္မ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္႐ုံသာမက အဆိုပါနယ္ပယ္တြင္ ဦးေဆာင္ေနသူမ်ားလည္းျဖစ္ေၾကာင္း Microsoft ကုမၸဏီပူးတြဲတည္ေထာင္သူ ဘီလ္ဂိတ္က ေျပာၾကားခဲ့သည္။ ထို႔ျပင္ ဘီလ္ဂိတ္သည္ မိုဒီကို နည္းပညာမ်ား၊အမ်ိဳး သမီးမ်ား၏ လုပ္ႏိုင္စြမ္းႏွင့္ ရာသီဥတုေျပာင္းလဲမႈတို႔အေပၚ ၎၏အျမင္မ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းခဲ့ေၾကာင္းလည္း သိရသည္။ AI နည္းပညာအပါအဝင္ နည္းပညာအသစ္မ်ားကို က်င့္သုံးရန္ အိႏၵိယ၏ အာ႐ုံစိုက္မႈမ်ားကို ဘီလ္ဂိတ္က မွတ္ခ်က္ျပဳေျပာဆိုခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ အိႏၵိယႏိုင္ငံသည္ အဆိုပါနယ္ပယ္တြင္ အမွန္တကယ္ဦးေဆာင္ေနသည့္ ႏိုင္ငံျဖစ္ေၾကာင္းလည္း ဘီလ္ဂိတ္ကေျပာဆိုခဲ့သည္။
ဘီလ္ဂိတ္က 'ေဆြးေႏြးပြဲအတြင္း အိႏၵိယက ေျပာဆိုခဲ့တဲ့ အေၾကာင္းအရာေတြထဲကတစ္ခုကေတာ့ နည္းပညာက လူတိုင္းအတြက္ျဖစ္သင့္ပါတယ္ဆိုတဲ့ အခ်က္ပါပဲ'ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ အိႏၵိယႏိုင္ငံသားမ်ားကို ဒစ္ဂ်စ္တယ္ကြဲျပားမႈမ်ား မေတြ႕ႀကဳံေစခ်င္ေၾကာင္းႏွင့္ ပညာေရး၊ ေဆးဘက္ဆိုင္ရာ ႏွင့္ အစိုးရ၀န္ေဆာင္မႈမ်ား တိုးတက္ေစရန္အတြက္ ေက်းလက္ေဒသမ်ားသို႔ နည္းပညာျဖန႔္ေဝေပးခဲ့ေၾကာင္း မိုဒီကေျပာၾကားခဲ့သည္။ မိုဒီက 'လက္ဝါးႀကီးအုပ္မႈေတြကို ကာကြယ္ဖို႔အတြက္ ကြၽန္ေတာ္တို႔မွာ နည္းပညာေတြရွိပါတယ္'ဟု ေျပာဆိုခဲ့သည္။ လူဦးေရ(၁ ဒသမ ၄)ဘီလ်ံေက်ာ္ ရွိေသာ အိႏၵိယႏိုင္ငံတြင္ အင္တာနက္အသုံးျပဳသူ သန္း(၈၂၀)ေက်ာ္ရွိၿပီး ၎တို႔အနက္မွ ထက္ဝက္ေက်ာ္မွာ ေက်းလက္ေဒသမ်ားမွျဖစ္ေၾကာင္း Economic Times ၏ ေဖာ္ျပခ်က္အရသိရသည္။