AI အခြေခံအသိပညာနှင့် နည်းပညာလက်တွေ့အသုံးချသင်တန်း ကို ရန်ကုန်တွင် ဖွင့်လှစ်

 212

သန့်ဇင်(NP News)-စက်တင်ဘာ ၂၅
AI အခြေခံအသိပညာနှင့် နည်းပညာလက်တွေ့အသုံးချသင်တန်း ကို ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ရှိ မြဝတီ မီဒီယာ စင်တာတွင် ယနေ့ (စက်တင်ဘာလ ၂၅ ရက်) နံနက်ပိုင်းက စတင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းကို မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း(MACA)နှင့် တက်ဟုန်း ပြည်နယ်ခွဲ ကုန်သည် ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်(DHCC)တို့က ဦးစီးဆောင်ရွက်ခြင်း ဖြစ်ပြီး iHome Group of Companies၊ Bowen School Myanmar ၊ မြန်မာနိုင်ငံယူနန် ကုန်သည်ကြီးများ အသင်းတို့ကပူးတွဲ ပါဝင်ကာ သင်တန်းကာလ မှာ စက်တင်ဘာလ ၂၅ ရက် မှ ၂၈ ရက် အထိ ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းအနေနဲ့က မြန်မာနိုင်ငံသူ၊ နိုင်ငံသားလူငယ်တွေပေါ့နော်။ နည်းပညာအသစ်တွေကို အားလုံးကျယ်ကျယ် ပြန့်ပြန့်နဲ့ သိစေချင်တယ်။ ပြီးတော့အဲဒီနည်းပညာအသစ်ကိုလည်း အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ချက်ရှိတဲ့အတွက် တက်နိုင်တဲ့ဘက်က တရုတ် နိုင်ငံရဲ့ တယ်ဟုန်ပြည်နယ်မှာရှိတဲ့ သက်မွေးပညာကောလိပ်က ကထိကတွေ၊ ပရော်ဖက်ဆာတွေကို ဖိတ်ကြားပြီးတော့ ဒီမှာလာပြီး သင်တန်းဖွင့်လှစ်ပေးဖို့အတွက် ဆောင်ရွက်ခဲ့တာပါ” ဟု မြန်မာယဉ်ကျေးမှုနှင့်အနုပညာအသင်းမှ အတွင်းရေးမှူး ဦးသန်းထွန်းစိုးက ပြောသည်။
အဆိုပါ သင်တန်းကို ဆရာဝန်အသိုင်းအဝိုင်း၊ ပညာရေးအသိုင်းအဝိုင်းနှင့် အခြားသော ဌာနအသီးသီး မှလူကြီးလူငယ်များ လာရောက်သင်ယူနေကြောင်း သိရသည်။
“သူတို့က လာပြီးတော့ သင်ယူတယ်။ သင်ယူပြီးတော့ သူတို့လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကိုပြန်လည်ပို့ချပေးဖို့ရည်ရွယ်ချက်နဲ့ လာတဲ့ သင်တန်းသားတွေဖြစ်ပါတယ်။ အခုက သင်တန်းတက်ရောက်မဲ့စာရင်းအရ နဂိုသက်မှတ်ထားတာ လူ(၃၀)လောက် သက်မှတ် ခဲ့တာပေါ့နော်။ တကယ်တန်းပညာလိုလားတဲ့အဖွဲ့အစည်းတွေ လူပုဂ္ဂိလ်တွေများတဲ့အတွက် အခု လူ(၅၀)လောက်ကို ကျွန်တော်တို့ အခုသင်ကြားပေးဖို့ စာရင်းသွင်းထားပါတယ်။ ဒီမှာ AIနဲ့ပတ်သက်တဲ့ဟာကို တစ်ရက်ကို (၅)နာရီသင်ကြားပေးဖို့ သူတို့ရဲ့ အစီစဉ်ထဲမှာ ပါတယ်”ဟု ၎င်းကပြောသည်။
ယင်းသင်တန်းတွင် စီးပွားရေးနှင့်ပတ်သက်၍ AI နည်းပညာအား မည်သို့အသုံးချလုပ်ဆောင်ရမည့်အချက်များကို ဦးစားပေးသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“သင်ကြားတဲ့အခါမှာ အဓိကက စီးပွားရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေကို ဘယ်လိုစီးပွားရေးတွေကို AI နည်းပညာကိုသုံးပြီး ဘယ်လို ဆောင်ရွက်လို့ရမလဲဆိုတဲ့အချက်ကို နံပါတ်(၁)ဦးစားပေးပေါ့။ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးကို ဦးစားပေးတဲ့အတွက် အဲဒါပါတယ်။ ပညာရေးနဲ့ပတ်သက်ရင်လည်း ပညာရေးမှာ AIကိုအသုံးချပြီးတော့ နည်းပညာတွေကို ဘယ်လိုအဆင်ပြေပြီးတော့ သေချာစီမံခန့်ခွဲတဲ့ နေရာမှာ လူအင်အားမဟုတ်တော့ပဲနဲ့ AIနဲ့သုံးတဲ့အတွက် အများကြီးနိုင်ငံတကာကို ထိုးဖောက်နိုင်တယ်လို့ ယူဆပြီးတော့ နည်းပညာတွေ ကို အဓိကသင်ပေးမယ်”ဟု ဦးသန်းထွန်းစိုးကပြောသည်။

Zawgyi Version:
AI အေျခခံအသိပညာႏွင့္ နည္းပညာလက္ေတြ႕အသုံးခ်သင္တန္း ကို ရန္ကုန္တြင္ ဖြင့္လွစ္
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၅
AI အေျခခံအသိပညာႏွင့္ နည္းပညာလက္ေတြ႕အသုံးခ်သင္တန္း ကို ရန္ကုန္ၿမိဳ႕၊ ရန္ကင္းၿမိဳ႕နယ္ ရွိ ျမဝတီ မီဒီယာ စင္တာတြင္ ယေန႔ (စက္တင္ဘာလ ၂၅ ရက္) နံနက္ပိုင္းက စတင္ ဖြင့္လွစ္ခဲ့သည္။
အဆိုပါ သင္တန္းကို ျမန္မာ့အႏုပညာႏွင့္ယဥ္ေက်းမႈအသင္း(MACA)ႏွင့္ တက္ဟုန္း ျပည္နယ္ခြဲ ကုန္သည္ ႀကီးမ်ားအသင္း ျမန္မာႏိုင္ငံကိုယ္စားလွယ္(DHCC)တို႔က ဦးစီးေဆာင္႐ြက္ျခင္း ျဖစ္ၿပီး iHome Group of Companies၊ Bowen School Myanmar ၊ ျမန္မာႏိုင္ငံယူနန္ ကုန္သည္ႀကီးမ်ား အသင္းတို႔ကပူးတြဲ ပါဝင္ကာ သင္တန္းကာလ မွာ စက္တင္ဘာလ ၂၅ ရက္ မွ ၂၈ ရက္ အထိ ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔အသင္းအေနနဲ႔က ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားလူငယ္ေတြေပါ့ေနာ္။ နည္းပညာအသစ္ေတြကို အားလုံးက်ယ္က်ယ္ ျပန႔္ျပန႔္နဲ႔ သိေစခ်င္တယ္။ ၿပီးေတာ့အဲဒီနည္းပညာအသစ္ကိုလည္း အသုံးခ်ႏိုင္ဖို႔အတြက္ ရည္႐ြယ္ခ်က္ရွိတဲ့အတြက္ တက္ႏိုင္တဲ့ဘက္က တ႐ုတ္ ႏိုင္ငံရဲ႕ တယ္ဟုန္ျပည္နယ္မွာရွိတဲ့ သက္ေမြးပညာေကာလိပ္က ကထိကေတြ၊ ပေရာ္ဖက္ဆာေတြကို ဖိတ္ၾကားၿပီးေတာ့ ဒီမွာလာၿပီး သင္တန္းဖြင့္လွစ္ေပးဖို႔အတြက္ ေဆာင္႐ြက္ခဲ့တာပါ” ဟု ျမန္မာယဥ္ေက်းမႈႏွင့္အႏုပညာအသင္းမွ အတြင္းေရးမႉး ဦးသန္းထြန္းစိုးက ေျပာသည္။
အဆိုပါ သင္တန္းကို ဆရာဝန္အသိုင္းအဝိုင္း၊ ပညာေရးအသိုင္းအဝိုင္းႏွင့္ အျခားေသာ ဌာနအသီးသီး မွလူႀကီးလူငယ္မ်ား လာေရာက္သင္ယူေနေၾကာင္း သိရသည္။
“သူတို႔က လာၿပီးေတာ့ သင္ယူတယ္။ သင္ယူၿပီးေတာ့ သူတို႔လက္ေအာက္မွာရွိတဲ့ ဝန္ထမ္းေတြကိုျပန္လည္ပို႔ခ်ေပးဖို႔ရည္႐ြယ္ခ်က္နဲ႔ လာတဲ့ သင္တန္းသားေတြျဖစ္ပါတယ္။ အခုက သင္တန္းတက္ေရာက္မဲ့စာရင္းအရ နဂိုသက္မွတ္ထားတာ လူ(၃၀)ေလာက္ သက္မွတ္ ခဲ့တာေပါ့ေနာ္။ တကယ္တန္းပညာလိုလားတဲ့အဖြဲ႕အစည္းေတြ လူပုဂၢိလ္ေတြမ်ားတဲ့အတြက္ အခု လူ(၅၀)ေလာက္ကို ကြၽန္ေတာ္တို႔ အခုသင္ၾကားေပးဖို႔ စာရင္းသြင္းထားပါတယ္။ ဒီမွာ AIနဲ႔ပတ္သက္တဲ့ဟာကို တစ္ရက္ကို (၅)နာရီသင္ၾကားေပးဖို႔ သူတို႔ရဲ႕ အစီစဥ္ထဲမွာ ပါတယ္”ဟု ၎ကေျပာသည္။
ယင္းသင္တန္းတြင္ စီးပြားေရးႏွင့္ပတ္သက္၍ AI နည္းပညာအား မည္သို႔အသုံးခ်လုပ္ေဆာင္ရမည့္အခ်က္မ်ားကို ဦးစားေပးသင္ၾကား ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
“သင္ၾကားတဲ့အခါမွာ အဓိကက စီးပြားေရးနဲ႔ပတ္သက္တဲ့ က႑ေတြကို ဘယ္လိုစီးပြားေရးေတြကို AI နည္းပညာကိုသုံးၿပီး ဘယ္လို ေဆာင္႐ြက္လို႔ရမလဲဆိုတဲ့အခ်က္ကို နံပါတ္(၁)ဦးစားေပးေပါ့။ တ႐ုတ္ႏိုင္ငံအေနနဲ႔ စီးပြားေရးကို ဦးစားေပးတဲ့အတြက္ အဲဒါပါတယ္။ ပညာေရးနဲ႔ပတ္သက္ရင္လည္း ပညာေရးမွာ AIကိုအသုံးခ်ၿပီးေတာ့ နည္းပညာေတြကို ဘယ္လိုအဆင္ေျပၿပီးေတာ့ ေသခ်ာစီမံခန႔္ခြဲတဲ့ ေနရာမွာ လူအင္အားမဟုတ္ေတာ့ပဲနဲ႔ AIနဲ႔သုံးတဲ့အတြက္ အမ်ားႀကီးႏိုင္ငံတကာကို ထိုးေဖာက္ႏိုင္တယ္လို႔ ယူဆၿပီးေတာ့ နည္းပညာေတြ ကို အဓိကသင္ေပးမယ္”ဟု ဦးသန္းထြန္းစိုးကေျပာသည္။

Related news

© 2021. All rights reserved.