အိန္ဒိယက ရုရှားရဲ့Su-57တိုက်လေယာဉ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖွယ်ရှိနေ

298

Pika (NP News) - စက်တင်ဘာလ ၂၅
အိန္ဒိယနိုင်ငံဟာ ရုရှားဆီကနေ Su-57 တိုက်လေယာဉ် အနည်းဆုံးတပ်ဖွဲ့ခွဲနှစ်ခုကို ဝယ်ယူနိုင်ပြီး ပြည်တွင်းမှာ အဲ့ဒီတိုက်လေယာဉ်တွေထုတ်လုပ်ဖို့အတွက် ရုရှားရဲ့အဆိုပြုချက်ကို အကဲဖြတ်မှုတွေလုပ်ဆောင်သွားလိမ့်မယ်လို့ The Print ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။
ရုရှားရဲ့အဆိုပြုချက်ဟာ အိန္ဒိယနိုင်ငံမှာ MiG နဲ့ Su-30 MKIတိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့ အိန္ဒိယနဲ့သဘောတူထားတဲ့ အစောပိုင်းသဘောတူညီချက်တွေအတိုင်းဖြစ်တယ်လို့လည်း အစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။ အဲဒီအဆိုပြုချက်ကို အိန္ဒိယအစိုးရက လက်ခံခဲ့မယ်ဆိုရင် နိုင်ငံပိုင်ကုမ္ပဏီ Hindustan Aeronautics Limited (HAL)ဟာ အဲဒီတိုက်လေယာဉ်တွေကို ထုတ်လုပ်ဖို့ ရုရှားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် Su-57 တိုက်လေယာဉ်တွေကို အိန္ဒိယမှာထုတ်လုပ်ဖို့ နှစ်ဘက်စလုံးက သဘောတူညီခဲ့မယ်ဆိုရင် ရုရှားက ပထမဆုံးတပ်ခွဲနှစ်သုတ်ကို အိန္ဒိယကို ပေးပို့သွားနိုင်တယ်လို့လည်း အစီရင်ခံစာမှာရေးသားဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း အဲဒီအစီအစဉ်တွေဟာ အစောပိုင်းအဆင့်မှာပဲရှိနေသေးပြီး အိန္ဒိယလေတပ် (IAF) က ဆောင်ရွက်နေတဲ့ Multi-Role Fighter Aircraft (MRFA) အစီအစဉ်နဲ့ သီးခြားဖြစ်တယ်လို့လည်း The Print
ဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားပါတယ်။
zawgyi version
အိႏၵိယက ႐ုရွားရဲ႕Su-57တိုက္ေလယာဥ္ေတြကို ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္ဖြယ္ရွိေန
Pika (NP News) - စက္တင္ဘာလ ၂၅
အိႏၵိယႏိုင္ငံဟာ ႐ုရွားဆီကေန Su-57 တိုက္ေလယာဥ္ အနည္းဆုံးတပ္ဖြဲ႕ခြဲႏွစ္ခုကို ဝယ္ယူႏိုင္ၿပီး ျပည္တြင္းမွာ အဲ့ဒီတိုက္ေလယာဥ္ေတြထုတ္လုပ္ဖို႔အတြက္ ႐ုရွားရဲ႕အဆိုျပဳခ်က္ကို အကဲျဖတ္မႈေတြလုပ္ေဆာင္သြားလိမ့္မယ္လို႔ The Print ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပခဲ့ပါတယ္။
႐ုရွားရဲ႕အဆိုျပဳခ်က္ဟာ အိႏၵိယႏိုင္ငံမွာ MiG နဲ႔ Su-30 MKIတိုက္ေလယာဥ္ေတြ ထုတ္လုပ္ဖို႔ အိႏၵိယနဲ႔သေဘာတူထားတဲ့ အေစာပိုင္းသေဘာတူညီခ်က္ေတြအတိုင္းျဖစ္တယ္လို႔လည္း အစီရင္ခံစာမွာေရးသားေဖာ္ျပထားပါတယ္။ အဲဒီအဆိုျပဳခ်က္ကို အိႏၵိယအစိုးရက လက္ခံခဲ့မယ္ဆိုရင္ ႏိုင္ငံပိုင္ကုမၸဏီ Hindustan Aeronautics Limited (HAL)ဟာ အဲဒီတိုက္ေလယာဥ္ေတြကို ထုတ္လုပ္ဖို႔ ႐ုရွားကုမၸဏီနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ Su-57 တိုက္ေလယာဥ္ေတြကို အိႏၵိယမွာထုတ္လုပ္ဖို႔ ႏွစ္ဘက္စလုံးက သေဘာတူညီခဲ့မယ္ဆိုရင္ ႐ုရွားက ပထမဆုံးတပ္ခြဲႏွစ္သုတ္ကို အိႏၵိယကို ေပးပို႔သြားႏိုင္တယ္လို႔လည္း အစီရင္ခံစာမွာေရးသားေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း အဲဒီအစီအစဥ္ေတြဟာ အေစာပိုင္းအဆင့္မွာပဲရွိေနေသးၿပီး အိႏၵိယေလတပ္ (IAF) က ေဆာင္႐ြက္ေနတဲ့ Multi-Role Fighter Aircraft (MRFA) အစီအစဥ္နဲ႔ သီးျခားျဖစ္တယ္လို႔လည္း The Print
ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပထားပါတယ္။