နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အရေးကြီးသည့် UID စက် အလုံး(၁၀ဝ)ကျော်ကို ရန်ကုန်တွင်ထားရှိပြီး နေ့စဉ် စက်တစ်လုံးလျှင်လူဦးရေ(၇၀)စာ ထုတ်ပေးနေ

 716

ယွန်း (NP News) - မတ် ၃ဝ

နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် အရေးကြီးသည့် UID လက်မှတ်ထုတ်ပေးသည့် စက် အလုံးရေ (၁၀ဝ)ကျော်ကို ရန်ကုန်မြို့တွင်ထားရှိပြီး စက်တစ်လုံးလျှင် နေ့စဉ် လူဦးရေ(၇၀)နှုန်းဖြင့် UID စာရွက် များ နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက UID နံပါတ်ထုတ်ပေးထားကြောင်း အထောက် အထား လက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည်မဟုတ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် လာမည့် ဧပြီလ(၂၂) ရက်မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ထုတ်ပေးထားသော UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များကို ယူဆောင်လာရန် အသိပေးထားသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ၌ အချက်အလက်ကွဲလွဲမှုများနှင့် အထောက် အထား အတုများဖြင့် လျှောက်ထားမှုများရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနထံမှ သိရသည်။ “ ပတ်စပို့လုပ်မယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိမှလုပ်လို့ရတာလေ။ ဒီဘက်က ပတ်စပို့နဲ့ဆောင်ရွက်တဲ့အချိန်မှာ လွဲမှားနေတာတွေရှိတယ်။ အချက်အလက် ကွဲနေတာတွေ ရှိတယ်။ တစ်ခါတလေကျတော့ နိုင်ငံသား အထောက်အထားအတု ဒါမျိုးတွေလည်းရှိနိုင်တယ်။ အဲဒီလို မျိုးတွေမဖြစ်အောင် e-ID စနစ်နဲ့သွားနေတာကို တိတိကျကျဖြစ်အောင်ပြန်လုပ်တာပေါ့ ” ဟု လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထို့ကြောင့် ယခင်ဆောင်ရွက်နေသည့် e-ID စနစ်အစား UID စနစ်ကိုပြောင်းလဲခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများအပြား၌ UID စက်များထားရှိကာ သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် လည်း UID စာရွက်များကို ထုတ်ပေးနေကြောင်း သိရသည်။ အလားတူ ရန်ကုန်မြို့ရှိ မြို့နယ်အားလုံး၌ UID စက်အလုံးရေ(၁၀ဝ)ကျော်ထားရှိပြီး နေ့စဉ် ပိတ်ရက်မရှိ UID စာရွက်များထုတ်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ မြို့နယ်အလိုက်လူဦးရေ ပမာဏကို ကြည့်ပြီးတော့မှ စက်တွေကိုခွဲပေးထားတာပေါ့။ မြို့နယ်ရုံး တွေမှာလည်းလုပ်လို့ရတယ်။ ပတ်စ်ပို့လုပ်တဲ့အတွက် တိုင်းမြို့၊ ပြည်နယ်မြို့တွေမှာ ပတ်စပို့လာလုပ်တဲ့ သူတွေအတွက် ဆောင်ရွက်လို့ရအောင် သီးသန့်နေရာတစ်ခု ထပ်ပြီးဖွင့်ခိုင်းထားတာလည်း ရှိတယ်။ ရန်ကုန်တိုင်းဆိုရင် ပျမ်းမျှအလုံး(၁၀ဝ)ကျော်ပေးထားတယ်။ နေ့စဉ်ဆောင်ရွက်ပေးနေပါတယ်။ တစ်ရက်ကိုပျမ်းမျှ စက်တစ်လုံးကို လူဦးရေ (၇၀)နှုန်း နဲ့ ဆောင်ရွက်ပေးနေပါတယ်။ တချို့ကျတော့ (၇၀)ပြည့်သွားပေမယ့် ဆက်ပြီးဆောင်ရွက်ပေးတာတွေလည်း ရှိတာပေါ့။ ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ် တိုင်းမှာ ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ပြောသည်။

zawgyi version
ႏိုင္ငံကူးလက္မွတ္ထုတ္ေပးရန္ အေရးႀကီးသည့္ UID စက္ အလုံး (၁၀ဝ) ေက်ာ္ကို ရန္ကုန္ တြင္ထားရွိၿပီး ေန႔စဥ္ စက္တစ္လုံးလွ်င္လူဦးေရ (၇၀) စာ ထုတ္ေပးေန
ယြန္း (NP News) - မတ္ ၃ဝ

ႏိုင္ငံကူးလက္မွတ္ထုတ္ေပးရန္ အေရးႀကီးသည့္ UID လက္မွတ္ထုတ္ေပးသည့္ စက္ အလုံးေရ (၁၀ဝ)ေက်ာ္ကို ရန္ကုန္ၿမိဳ႕တြင္ထားရွိၿပီး စက္တစ္လုံးလွ်င္ ေန႔စဥ္ လူဦးေရ(၇၀)ႏႈန္းျဖင့္ UID စာ႐ြက္ မ်ား ေန႔စဥ္ထုတ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးက UID နံပါတ္ထုတ္ေပးထားေၾကာင္း အေထာက္ အထား လက္မွတ္မပါသူမ်ားကို ႏိုင္ငံကူးလက္မွတ္စာအုပ္ ထုတ္ေပးမည္မဟုတ္ေၾကာင္း ၿပီးခဲ့သည့္ ရက္ပိုင္းက အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

အဆိုပါထုတ္ျပန္ခ်က္တြင္ ႏိုင္ငံသား ဟုတ္/ မဟုတ္ စိစစ္ႏိုင္ရန္ လာမည့္ ဧၿပီလ(၂၂) ရက္မွ စတင္ကာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီး ဌာနမွ ထုတ္ေပးထားေသာ UID နံပါတ္ ထုတ္ေပးထားေၾကာင္း အေထာက္အထားလက္မွတ္မ်ားကို ယူေဆာင္လာရန္ အသိေပးထားသည္။

လက္ရွိတြင္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားမႈမ်ား၌ အခ်က္အလက္ကြဲလြဲမႈမ်ားႏွင့္ အေထာက္ အထား အတုမ်ားျဖင့္ ေလွ်ာက္ထားမႈမ်ားရွိေနေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ ႀကီးဌာနထံမွ သိရသည္။ “ ပတ္စပို႔လုပ္မယ္ဆိုရင္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားရွိမွလုပ္လို႔ရတာေလ။ ဒီဘက္က ပတ္စပို႔နဲ႔ေဆာင္႐ြက္တဲ့အခ်ိန္မွာ လြဲမွားေနတာေတြရွိတယ္။ အခ်က္အလက္ ကြဲေနတာေတြ ရွိတယ္။ တစ္ခါတေလက်ေတာ့ ႏိုင္ငံသား အေထာက္အထားအတု ဒါမ်ိဳးေတြလည္းရွိႏိုင္တယ္။ အဲဒီလို မ်ိဳးေတြမျဖစ္ေအာင္ e-ID စနစ္နဲ႔သြားေနတာကို တိတိက်က်ျဖစ္ေအာင္ျပန္လုပ္တာေပါ့ ” ဟု လူဝင္မႈ ႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထို႔ေၾကာင့္ ယခင္ေဆာင္႐ြက္ေနသည့္ e-ID စနစ္အစား UID စနစ္ကိုေျပာင္းလဲခဲ့ၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံအတြင္းရွိ ၿမိဳ႕နယ္အမ်ားအျပား၌ UID စက္မ်ားထားရွိကာ သက္ဆိုင္ရာ ၿမိဳ႕နယ္႐ုံးမ်ားတြင္ လည္း UID စာ႐ြက္မ်ားကို ထုတ္ေပးေနေၾကာင္း သိရသည္။ အလားတူ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အားလုံး၌ UID စက္အလုံးေရ(၁၀ဝ)ေက်ာ္ထားရွိၿပီး ေန႔စဥ္ ပိတ္ရက္မရွိ UID စာ႐ြက္မ်ားထုတ္ေပးေနေၾကာင္း ၎က ဆက္လက္ေျပာသည္။

“ ၿမိဳ႕နယ္အလိုက္လူဦးေရ ပမာဏကို ၾကည့္ၿပီးေတာ့မွ စက္ေတြကိုခြဲေပးထားတာေပါ့။ ၿမိဳ႕နယ္႐ုံး ေတြမွာလည္းလုပ္လို႔ရတယ္။ ပတ္စ္ပို႔လုပ္တဲ့အတြက္ တိုင္းၿမိဳ႕၊ ျပည္နယ္ၿမိဳ႕ေတြမွာ ပတ္စပို႔လာလုပ္တဲ့ သူေတြအတြက္ ေဆာင္႐ြက္လို႔ရေအာင္ သီးသန႔္ေနရာတစ္ခု ထပ္ၿပီးဖြင့္ခိုင္းထားတာလည္း ရွိတယ္။ ရန္ကုန္တိုင္းဆိုရင္ ပ်မ္းမွ်အလုံး(၁၀ဝ)ေက်ာ္ေပးထားတယ္။ ေန႔စဥ္ေဆာင္႐ြက္ေပးေနပါတယ္။ တစ္ရက္ကိုပ်မ္းမွ် စက္တစ္လုံးကို လူဦးေရ (၇၀)ႏႈန္း နဲ႔ ေဆာင္႐ြက္ေပးေနပါတယ္။ တခ်ိဳ႕က်ေတာ့ (၇၀)ျပည့္သြားေပမယ့္ ဆက္ၿပီးေဆာင္႐ြက္ေပးတာေတြလည္း ရွိတာေပါ့။ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ၿမိဳ႕နယ္ တိုင္းမွာ ေဆာင္႐ြက္ေပးေနပါတယ္”ဟု ၎က ေျပာသည္။

Picture

095133007

30/03/2024 23:29

UID means what

Related news

© 2021. All rights reserved.