Star City အိမ်ရာကို နေ့စဥ်အနည်းဆုံး ၈ နာရီမှ ၁၁ နာရီအထိ လျှပ်စစ်ဝန်အား လျှော့ချထားပြီး ဓာတ်အားပေးလွှတ်မှုများကို မမှန်မကန်ဆောင်ရွက်မှုမရှိဟု ဝန်ကြီးဌာန အသိပေး

 8900

ယွန်း (NP News) - မေ ၃

သန်လျင်မြို့နယ်အတွင်းရှိ Star City အိမ်ရာကို နေ့စဥ်အနည်းဆုံး ၈ နာရီမှ ၁၁ နာရီအထိ လျှပ်စစ်ဝန်အား လျှော့ချထားပြီး ဓာတ်အားပေးလွှတ်မှုများကို မမှန်မကန် ဆောင်ရွက်မှုမရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရှင်းလင်းအသိပေးထားသည်။

Star City အိမ်ရာကို ၁၃၀ ကေဗွီ သန်လျင်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားခြင်းဖြစ်ပြီး နေ့စဥ် အနည်းဆုံး ၈ နာရီမှ ၁၁ နာရီ အထိ ဝန်အား လျှော့ချထားကြောင်း သိရသည်။

သို့သော် အဆိုပါအိမ်ရာအနေဖြင့် အရန်မီးစက် ၃၇ လုံးမှ စုစုပေါင်း ၂၁၆၁၀ ကေဗွီအေတပ်ဆင်ထားပြီး ဆိုလာကိုလည်း ၁၉၉၀ ကီလိုဝပ်တပ်ဆင်ထားကြောင်း သိရသည်။

“သန်လျင်မှာရှိတဲ့ Star City အိမ်ရာဟာ ၁၃၀ ကေဗွီ သန်လျင်ပင်မဓာတ်အားခွဲရုံကနေပြီးတော့ ဓာတ်အားပေးထားတာဖြစ်ပါတယ်။ Star City မှာ နေ့စဥ် အနည်းဆုံး ၈ နာရီကနေ ၁၁ နာရီအထိ ဝန်အားလျှော့ထားတာဖြစ်ပြီး ဓာတ်အားခွဲရုံများမှ ဓာတ်အားပေးမှုများကို မှတ်တမ်းတင်ထားတာကြောင့် မြို့နယ်တွေအနေနဲ့ မမှန်မကန်ဆောင်ရွက်မှု မရှိပါဘူး။ Star City အိမ်ရာအနေနဲ့ အရန်မီးစက် ၃၇ လုံး စုစုပေါင်း ၂၁၆၁၀ ကေဗွီ တပ်ဆင်ထားပါတယ်။ နောက် ဆိုလာက ၁၉၉၀ ကီလိုဝပ်တပ်ဆင်ထားတာကြောင့်မို့လို့ မီးပျက်ချိန်များမှာ အဲဒီနည်းလမ်း facility ကို သုံးပြီးတော့ မီးပေးထားကြောင်း တွေ့ရှိရပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံး၌ မီတာခကောက်ခံရာတွင် နှုန်းထားနှစ်မျိုးဖြင့် ကောက်ခံနေပြီး Star City အိမ်ရာကို အိမ်သုံးမဟုတ်သည့်နှုန်းထားဖြစ်သည့် အမြင့်ဆုံးဓာတ်အားခ တစ်ယူနစ် ၁၈၀ ကျပ်ဖြင့် ကောက်ခံနေကြောင်း သိရသည်။

“Star City ကို အိမ်ရာစီမံကိန်းတွေမှာ တလုံးတည်းပူးပေါင်းကောက်ခံတဲ့ မီတာ တပ်ဆင်ထားပြီးတော့ အိမ်သုံးမဟုတ်တဲ့နှုန်းထားနဲ့ ကောက်ခံပါတယ်။ Star City ရဲ့ဌာနက ရောင်းချတဲ့ ဓာတ်အားခအမြင့်ဆုံးက ၁၈၀ ကျပ်ဖြစ်ပါတယ်။ အိမ်ရာအတွင်း နေထိုင်သူတွေပြောတဲ့ ၂၃၀ ကျပ်နှုန်းဟာ သက်ဆိုင်ရာ အိမ်ရာကော်မတီနဲ့ အိမ်ရာနေထိုင်သူတို့ နှစ်ဦးချင်းသဘောတူညီမှုနဲ့ အိမ်ရာရဲ့ဝန်ဆောင်ခနဲ့ တခြားကုန်ကျစရိတ်များ ထည့်သွင်းပြီးတော့ ၎င်းတို့ အိမ်ရာကော်မတီများကနေပြီးတော့ ကောက်ခံကြတဲ့နှုန်းထားတွေဖြစ်ကြပါလိမ့်မယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေနဲ့ကတော့ တစ်နိုင်ငံလုံးကို တစ်ပြေးညီကောက်ခံတဲ့နှုန်းထားအတိုင်းပဲ ကောက်ခံလျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version;
Star City အိမ္ရာကို ေန႔စဥ္အနည္းဆုံး ၈ နာရီမွ ၁၁ နာရီအထိ လွ်ပ္စစ္ဝန္အား ေလွ်ာ့ခ်ထားၿပီး ဓာတ္အားေပးလႊတ္မႈမ်ားကို မမွန္မကန္ေဆာင္႐ြက္မႈမရွိဟု ဝန္ႀကီးဌာန အသိေပး
ယြန္း (NP News) - ေမ ၃

သန္လ်င္ၿမိဳ႕နယ္အတြင္းရွိ Star City အိမ္ရာကို ေန႔စဥ္အနည္းဆုံး ၈ နာရီမွ ၁၁ နာရီအထိ လွ်ပ္စစ္ဝန္အား ေလွ်ာ့ခ်ထားၿပီး ဓာတ္အားေပးလႊတ္မႈမ်ားကို မမွန္မကန္ ေဆာင္႐ြက္မႈမရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ရွင္းလင္းအသိေပးထားသည္။

Star City အိမ္ရာကို ၁၃၀ ေကဗြီ သန္လ်င္ပင္မဓာတ္အားခြဲ႐ုံမွ ဓာတ္အားေပးထားျခင္းျဖစ္ၿပီး ေန႔စဥ္ အနည္းဆုံး ၈ နာရီမွ ၁၁ နာရီ အထိ ဝန္အား ေလွ်ာ့ခ်ထားေၾကာင္း သိရသည္။

သို႔ေသာ္ အဆိုပါအိမ္ရာအေနျဖင့္ အရန္မီးစက္ ၃၇ လုံးမွ စုစုေပါင္း ၂၁၆၁၀ ေကဗြီ အေ တင္ဆင္ထားၿပီး ဆိုလာကိုလည္း ၁၉၉၀ ကီလိုဝပ္တပ္ဆင္ထားေၾကာင္း သိရသည္။

“သန္လ်င္မွာရွိတဲ့ Star City အိမ္ရာဟာ ၁၃၀ ေကဗြီ သန္လ်င္ပင္မဓာတ္အားခြဲ႐ုံကေနၿပီးေတာ့ ဓာတ္အားေပးထားတာျဖစ္ပါတယ္။ Star City မွာ ေန႔စဥ္ အနည္းဆုံး ၈ နာရီကေန ၁၁ နာရီအထိ ဝန္အားေလွ်ာ့ထားတာျဖစ္ၿပီး ဓာတ္အားခြဲ႐ုံမ်ားမွ ဓာတ္အားေပးမႈမ်ားကို မွတ္တမ္းတင္ထားတာေၾကာင့္ ၿမိဳ႕နယ္ေတြအေနနဲ႔ မမွန္မကန္ေဆာင္႐ြက္မႈ မရွိပါဘူး။ Star City အိမ္ရာအေနနဲ႔ အရန္မီးစက္ ၃၇ လုံး စုစုေပါင္း ၂၁၆၁၀ ေကဗြီ တပ္ဆင္ထားပါတယ္။ ေနာက္ ဆိုလာက ၁၉၉၀ ကီလိုဝပ္တပ္ဆင္ထားတာေၾကာင့္မို႔လို႔ မီးပ်က္ခ်ိန္မ်ားမွာ အဲဒီနည္းလမ္း facility ကို သုံးၿပီးေတာ့ မီးေပးထားေၾကာင္း ေတြ႕ရွိရပါတယ္” ဟု လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံတစ္ဝွမ္းလုံး၌ မီတာခေကာက္ခံရာတြင္ ႏႈန္းထားႏွစ္မ်ိဳးျဖင့္ ေကာက္ခံေနၿပီး Star City အိမ္ရာကို အိမ္သုံးမဟုတ္သည့္ႏႈန္းထားျဖစ္သည့္ အျမင့္ဆုံးဓာတ္အားခ တစ္ယူနစ္ ၁၈၀ က်ပ္ျဖင့္ ေကာက္ခံေနေၾကာင္း သိရသည္။

“Star City ကို အိမ္ရာစီမံကိန္းေတြမွာ တလုံးတည္းပူးေပါင္းေကာက္ခံတဲ့ မီတာ တပ္ဆင္ထားၿပီးေတာ့ အိမ္သုံးမဟုတ္တဲ့ႏႈန္းထားနဲ႔ ေကာက္ခံပါတယ္။ Star City ရဲ႕ဌာနက ေရာင္းခ်တဲ့ ဓာတ္အားခအျမင့္ဆုံးက ၁၈၀ က်ပ္ျဖစ္ပါတယ္။ အိမ္ရာအတြင္း ေနထိုင္သူေတြေျပာတဲ့ ၂၃၀ က်ပ္ႏႈန္းဟာ သက္ဆိုင္ရာ အိမ္ရာေကာ္မတီနဲ႔ အိမ္ရာေနထိုင္သူတို႔ ႏွစ္ဦးခ်င္းသေဘာတူညီမႈနဲ႔ အိမ္ရာရဲ႕ဝန္ေဆာင္ခနဲ႔ တျခားကုန္က်စရိတ္မ်ား ထည့္သြင္းၿပီးေတာ့ ၎တို႔ အိမ္ရာေကာ္မတီမ်ားကေနၿပီးေတာ့ ေကာက္ခံၾကတဲ့ႏႈန္းထားေတြျဖစ္ၾကပါလိမ့္မယ္။ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းအေနနဲ႔ကေတာ့ တစ္ႏိုင္ငံလုံးကို တစ္ေျပးညီေကာက္ခံတဲ့ႏႈန္းထားအတိုင္းပဲ ေကာက္ခံလ်က္ရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.