အဆိုတော်ကေတီပယ်ရီရဲ့ Met Gala ဖက်ရှင်တွေဟာ AI ဓာတ်ပုံအတုများသာဖြစ်နေ

664
ရောင်နီ (NP News) - မေ ၉
အမေရိကန်ပေါ့ပ်စတား ကေတီပယ်ရီရဲ့ Met Gala ပွဲတက်ဓာတ်ပုံတွေဟာ AI နဲ့ လုပ်ထားတဲ့ ပုံအတုတွေသာဖြစ်တယ်လို့ သိရပါတယ်။
မေလ ၆ ရက်က ကျင်းပတဲ့ Met Gala ပွဲ ဖက်ရှင်ညက မက်ထရိုပိုလီတန်ပြတိုက်ရဲ့လှေကားထစ်တွေမှာ ကြီးမားပြီး လှပတဲ့ ပန်းပွင့်ဝတ်စုံကြီးနဲ့ ကေတီရဲ့ ပုံ ၂ ပုံ Social media မှာ ပျံ့နှံ့ခဲ့ပါတယ်။ ပရိသတ်တွေကလည်း အဆိုပါပုံကို အစစ်လို့ ထင်မှတ်မှားခဲ့ကြပါတယ်။ ဒါကို ကေတီက "ကျွန်မ Met ကို မသွားနိုင်ပါဘူး။ အလုပ်တွေ ရှိနေလို့ပါ" လို့ သူမရဲ့ဖော်လိုဝါ ၂၀၇ သန်းရှိတဲ့ Instagram မှာ ရေးသားဖြေရှင်းခဲ့ရပါတယ်။
ဒါဟာ ကေတီတစ်ယောက်တည်း မဟုတ်ပါဘူး။ Barbadian အဆိုတော် ရီဟားနား၊ အမေရိကန် အဆိုတော်၊ မင်းသမီး ဆယ်လီနာဂိုမက်ဇ် အစရှိတဲ့ နာမည်ကျော်တွေရဲ့ AI နဲ့ဖန်တီးထားတဲ့ Met Gala ဖက်ရှင်ပုံတွေလည်း ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
နာမည်ကျော်တွေဟာ တစ်ခါတစ်လေလည်း AI နဲ့ ညစ်ညမ်းပုံတွေ ပြောင်းလဲဖန်တီးခံရတာမျိုး ရှိပါတယ်။ ဇန်နဝါရီလက အမေရိကန်စူပါစတား တေလာဆွဖ်ရဲ့ညစ်ညမ်းပုံအတုတွေ X app မှာ ပျံ့နှံ့ခဲ့ဖူးပြီး ၎င်းဟာ တစ်ရက်ခွဲအတွင်း ကြည့်ရှုမှု ၄၇ သန်းထိ ရှိခဲ့ပါတယ်။

Zawgyi Version;
အဆိုေတာ္ေကတီပယ္ရီရဲ႕ Met Gala ဖက္ရွင္ေတြဟာ AI ဓာတ္ပုံအတုမ်ားသာျဖစ္ေန
ေရာင္နီ (NP News) - ေမ ၉
အေမရိကန္ေပါ့ပ္စတား ေကတီပယ္ရီရဲ႕ Met Gala ပြဲတက္ဓာတ္ပုံေတြဟာ AI နဲ႔ လုပ္ထားတဲ့ ပုံအတုေတြသာျဖစ္တယ္လို႔ သိရပါတယ္။
ေမလ ၆ ရက္က က်င္းပတဲ့ Met Gala ပြဲ ဖက္ရွင္ညက မက္ထ႐ိုပိုလီတန္ျပတိုက္ရဲ႕ေလွကားထစ္ေတြမွာ ႀကီးမားၿပီး လွပတဲ့ ပန္းပြင့္ဝတ္စုံႀကီးနဲ႔ ေကတီရဲ႕ ပုံ ၂ ပုံ Social media မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ပရိသတ္ေတြကလည္း အဆိုပါပုံကို အစစ္လို႔ ထင္မွတ္မွားခဲ့ၾကပါတယ္။ ဒါကို ေကတီက "ကြၽန္မ Met ကို မသြားႏိုင္ပါဘူး။ အလုပ္ေတြ ရွိေနလို႔ပါ" လို႔ သူမရဲ႕ေဖာ္လိုဝါ ၂၀၇ သန္းရွိတဲ့ Instagram မွာ ေရးသားေျဖရွင္းခဲ့ရပါတယ္။
ဒါဟာ ေကတီတစ္ေယာက္တည္း မဟုတ္ပါဘူး။ Barbadian အဆိုေတာ္ ရီဟားနား၊ အေမရိကန္ အဆိုေတာ္၊ မင္းသမီး ဆယ္လီနာဂိုမက္ဇ္ အစရွိတဲ့ နာမည္ေက်ာ္ေတြရဲ႕ AI နဲ႔ဖန္တီးထားတဲ့ Met Gala ဖက္ရွင္ပုံေတြလည္း ဆိုရွယ္မီဒီယာမွာ ထြက္ေပၚလာခဲ့တယ္လို႔ သိရပါတယ္။
နာမည္ေက်ာ္ေတြဟာ တစ္ခါတစ္ေလလည္း AI နဲ႔ ညစ္ညမ္းပုံေတြ ေျပာင္းလဲဖန္တီးခံရတာမ်ိဳး ရွိပါတယ္။ ဇန္နဝါရီလက အေမရိကန္စူပါစတား ေတလာဆြဖ္ရဲ႕ညစ္ညမ္းပုံအတုေတြ X app မွာ ပ်ံ႕ႏွံ႔ခဲ့ဖူးၿပီး ၎ဟာ တစ္ရက္ခြဲအတြင္း ၾကည့္ရႈမႈ ၄၇ သန္းထိ ရွိခဲ့ပါတယ္။