အမေရိကန်တွင် (၂၁)ရာစု၏ အကြီးကျယ်ဆုံးသီချင်းများထဲမှ တစ်ပုဒ်အဖြစ် သတ်မှတ်ခံထားရသည့် BLACKPINK ၏ “DDU DU DDU DU” သီချင်း

285

Pika (NP News) - အောက်တိုဘာ ၂၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိုတော်အဖွဲ့ BLACKPINK ၏ ဒုတိယမြောက် မီနီအယ်လ်ဘမ် Square Up ၏ တစ်စိတ်တစ်ပိုင်းအဖြစ် (၂၀၁၈)ခုနှစ်တွင်ထွက်ရှိလာခဲ့သော “DDU DU DDU DU” သီချင်းသည် အမေရိကန်တွင် (၂၁)ရာစု၏ အကြီးကျယ်ဆုံးသီချင်းများထဲမှ တစ်ပုဒ်အဖြစ် စံချိန် သစ်တစ်ခုကိုတင်နိုင်ခဲ့ကြောင်း သိရသည်။
“DDU DU DDU DU” သီချင်းသည် BLACKPINK အဖွဲ့ဝင်များ၏ ခိုင်မာပြီးအားကောင်းသော ပုံရိပ်ကို ဖန်တီးပေးသည့် သီချင်း တစ်ပုဒ်လည်းဖြစ်ပြီး ဟစ်ဟော့ပ်နှင့် EDM တို့၏ အစိတ်အပိုင်းများကို ပေါင်းစည်းထားပြီး လွတ်လပ်မှုကို ဖော်ဆောင်ပေးသည့် သီချင်းတစ်ပုဒ်လည်းဖြစ်သည်။ ထို့ပြင် “DDU DU DDU DU” သီချင်းသည် တောင်ကိုရီးယားတွင် စီးပွားရေးအရ အောင်မြင်ခဲ့ပြီး Gaon Digital ဇယား ၏ ထိပ်ဆုံးနေရာတွင် သီတင်းပတ်(၃)ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ “DDU DU DDU DU” သီချင်းသည် ထွက်ရှိသည့်နေ့တွင်ပင် ကြည့်ရှုမှုအများဆုံးဗီဒီယိုတစ်ပုဒ်ဖြစ်လာခဲ့ပြီး ကမ္ဘာ ကျော် အဆိုတော် တေလာဆွစ်ဖ်၏ Look What You Made Me Do သီချင်းပြီးလျှင် အချိန်(၂၄)နာရီအ တွင်း ဒုတိယမြောက်ကြည့်ရှုမှုအများဆုံး သီချင်းတစ် ပုဒ်ဖြစ်လာခဲ့ကြောင်းသိရသည်။ အဆိုပါအချိန်မှစ တင်ပြီး BLACKPINK အဖွဲ့၏ “DDU DU DDU DU” သီချင်းသည် ကြည့်ရှုမှု(၁)ဘီလျံအထိ ရောက်ရှိခဲ့ သည့် K-pop အဖွဲ့တစ်ဖွဲ့၏ ပထမဆုံးနှင့် အမြန်ဆုံးသီချင်းတစ်ပုဒ်ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် “DDU DU DDU DU” သီချင်းသည့် YouTube ပလက်ဖောင်းပေါ်တွင် K-pop အဖွဲ့တစ်ဖွဲ့၏ ကြည့်ရှုမှုအများဆုံးသီ ချင်းတစ်ပုဒ်အဖြစ် ရပ်တည်နေပြီး Spotify ပလက်ဖောင်းတွင်လည်း ထုတ်လွှင့် မှုအများအပြားရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
အေမရိကန္တြင္ (၂၁)ရာစု၏ အႀကီးက်ယ္ဆုံးသီခ်င္းမ်ားထဲမွ တစ္ပုဒ္အျဖစ္ သတ္မွတ္ခံထားရသည့္ BLACKPINK ၏ “DDU DU DDU DU” သီခ်င္း
Pika (NP News) - ေအာက္တိုဘာ ၂၁
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆိုေတာ္အဖြဲ႕ BLACKPINK ၏ ဒုတိယေျမာက္ မီနီအယ္လ္ဘမ္ Square Up ၏ တစ္စိတ္တစ္ပိုင္းအျဖစ္ (၂၀၁၈)ခုႏွစ္တြင္ထြက္ရွိလာခဲ့ေသာ “DDU DU DDU DU” သီခ်င္းသည္ အေမရိကန္တြင္ (၂၁)ရာစု၏ အႀကီးက်ယ္ဆုံးသီခ်င္းမ်ားထဲမွ တစ္ပုဒ္အျဖစ္ စံခ်ိန္ သစ္တစ္ခုကိုတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“DDU DU DDU DU” သီခ်င္းသည္ BLACKPINK အဖြဲ႕ဝင္မ်ား၏ ခိုင္မာၿပီးအားေကာင္းေသာ ပုံရိပ္ကို ဖန္တီးေပးသည့္ သီခ်င္း တစ္ပုဒ္လည္းျဖစ္ၿပီး ဟစ္ေဟာ့ပ္ႏွင့္ EDM တို႔၏ အစိတ္အပိုင္းမ်ားကို ေပါင္းစည္းထားၿပီး လြတ္လပ္မႈကို ေဖာ္ေဆာင္ေပးသည့္ သီခ်င္းတစ္ပုဒ္လည္းျဖစ္သည္။ ထို႔ျပင္ “DDU DU DDU DU” သီခ်င္းသည္ ေတာင္ကိုရီးယားတြင္ စီးပြားေရးအရ ေအာင္ျမင္ခဲ့ၿပီး Gaon Digital ဇယား ၏ ထိပ္ဆုံးေနရာတြင္ သီတင္းပတ္(၃)ပတ္ဆက္တိုက္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရသည္။ “DDU DU DDU DU” သီခ်င္းသည္ ထြက္ရွိသည့္ေန႔တြင္ပင္ ၾကည့္ရႈမႈအမ်ားဆုံးဗီဒီယိုတစ္ပုဒ္ျဖစ္လာခဲ့ၿပီး ကမာၻ ေက်ာ္ အဆိုေတာ္ ေတလာဆြစ္ဖ္၏ Look What You Made Me Do သီခ်င္းၿပီးလွ်င္ အခ်ိန္(၂၄)နာရီအ တြင္း ဒုတိယေျမာက္ၾကည့္ရႈမႈအမ်ားဆုံး သီခ်င္းတစ္ ပုဒ္ျဖစ္လာခဲ့ေၾကာင္းသိရသည္။ အဆိုပါအခ်ိန္မွစ တင္ၿပီး BLACKPINK အဖြဲ႕၏ “DDU DU DDU DU” သီခ်င္းသည္ ၾကည့္ရႈမႈ(၁)ဘီလ်ံအထိ ေရာက္ရွိခဲ့ သည့္ K-pop အဖြဲ႕တစ္ဖြဲ႕၏ ပထမဆုံးႏွင့္ အျမန္ဆုံးသီခ်င္းတစ္ပုဒ္ျဖစ္လာခဲ့ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ “DDU DU DDU DU” သီခ်င္းသည့္ YouTube ပလက္ေဖာင္းေပၚတြင္ K-pop အဖြဲ႕တစ္ဖြဲ႕၏ ၾကည့္ရႈမႈအမ်ားဆုံးသီ ခ်င္းတစ္ပုဒ္အျဖစ္ ရပ္တည္ေနၿပီး Spotify ပလက္ေဖာင္းတြင္လည္း ထုတ္လႊင့္ မႈအမ်ားအျပားရွိခဲ့ေၾကာင္း သိရသည္။