ဂျူဒန်းထယ်အဖြစ် နာမည်ကြီးသူ ယူကီဂျွန် ချစ်သူမိန်းကလေးနဲ့ လက်ထပ်တော့မယ့်အကြောင်း အသိပေးလာ

 2320

ရောင်နီ (NP News) - မေ ၁၃

"The Escape of the Seven: Resurrection” “Penthouse” ဒရာမာတွေနဲ့ နာမည်ကျော်ကြားလာတဲ့ မင်းသား ယူကီဂျွန်ဟာ သူ့ရဲ့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး ပရိသတ်ကို အသိပေးလာခဲ့ပါတယ်။

ယူကီဂျွန်ဟာ ၎င်း လာမယ့် ဒီဇင်ဘာလမှာ မင်္ဂလာဆောင်လက်ထပ်တော့မယ့်အကြောင်း မေလ ၁၃ ရက်နေ့က ၎င်းရဲ့ အေဂျင်စီ "Your Entertainment" မှ အတည်ပြုခဲ့ပါတယ်။ ယူကီဂျွန်ရဲ့ သတို့သမီးလောင်းဟာ အနုပညာ အသိုင်းအဝိုင်းက မဟုတ်တာကြောင့် ၎င်းတို့ရဲ့မိသားစုများ၊ ဆွေမျိုးများ၊ ရင်းနှီးသူများနဲ့သာ သီးသန့်မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ မင်္ဂလာသတင်းစကားကို ယူကီဂျွန်ရဲ့လက်ရေးစာနဲ Instagram မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

"တစ်သက်လုံး လက်တွဲဖော်ရှာလာခဲ့ပြီး လက်လျှော့လိုက်တော့မယ့်ဆဲဆဲအချိန်မှာ နွေးထွေးကြင်နာတတ်တဲ့သူနဲ့ တွေ့ခဲ့ပါပြီ။ ဒါကြောင့် ဒီလူနဲ့လက်ထပ်ပြီး ဘဝသစ်ကိုစဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ အသိပေးရေးသားထားတာ ဖြစ်ပါတယ်။

ယူကီဂျွန်ဟာ ၁၉၇၆ ခုနှစ်က မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ်ကတည်းက အနုပညာလောကထဲကို "Richard III” ပြဇာတ်နဲ့ ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ “The Penthouse” ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်း အမျိုးမျိုးမှာ ဗီလိန်ဇာတ်ရုပ်နဲ့ ပရိသတ် ချစ်ခင်အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။

Zawgyi Version;
ဂ်ဴဒန္းထယ္အျဖစ္ နာမည္ႀကီးသူ ယူကီဂြၽန္ ခ်စ္သူမိန္းကေလးနဲ႔ လက္ထပ္ေတာ့မယ့္အေၾကာင္း အသိေပးလာ
ေရာင္နီ (NP News) - ေမ ၁၃

"The Escape of the Seven: Resurrection” “Penthouse” ဒရာမာေတြနဲ႔ နာမည္ေက်ာ္ၾကားလာတဲ့ မင္းသား ယူကီဂြၽန္ဟာ သူ႔ရဲ႕မဂၤလာသတင္းနဲ႔ပတ္သက္ၿပီး ပရိသတ္ကို အသိေပးလာခဲ့ပါတယ္။

ယူကီဂြၽန္ဟာ ၎ လာမယ့္ ဒီဇင္ဘာလမွာ မဂၤလာေဆာင္လက္ထပ္ေတာ့မယ့္အေၾကာင္း ေမလ ၁၃ ရက္ေန႔က ၎ရဲ႕ ေအဂ်င္စီ "Your Entertainment" မွ အတည္ျပဳခဲ့ပါတယ္။ ယူကီဂြၽန္ရဲ႕ သတို႔သမီးေလာင္းဟာ အႏုပညာ အသိုင္းအဝိုင္းက မဟုတ္တာေၾကာင့္ ၎တို႔ရဲ႕မိသားစုမ်ား၊ ေဆြမ်ိဳးမ်ား၊ ရင္းႏွီးသူမ်ားနဲ႔သာ သီးသန႔္မဂၤလာပြဲ က်င္းပဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။ အဆိုပါ မဂၤလာသတင္းစကားကို ယူကီဂြၽန္ရဲ႕လက္ေရးစာနဲ Instagram မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။

"တစ္သက္လုံး လက္တြဲေဖာ္ရွာလာခဲ့ၿပီး လက္ေလွ်ာ့လိုက္ေတာ့မယ့္ဆဲဆဲအခ်ိန္မွာ ေႏြးေထြးၾကင္နာတတ္တဲ့သူနဲ႔ ေတြ႕ခဲ့ပါၿပီ။ ဒါေၾကာင့္ ဒီလူနဲ႔လက္ထပ္ၿပီး ဘဝသစ္ကိုစဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ အသိေပးေရးသားထားတာ ျဖစ္ပါတယ္။

ယူကီဂြၽန္ဟာ ၁၉၇၆ ခုႏွစ္က ေမြးဖြားခဲ့ၿပီး ၁၉၉၅ ခုႏွစ္ကတည္းက အႏုပညာေလာကထဲကို "Richard III” ျပဇာတ္နဲ႔ ပြဲဦးထြက္ခဲ့တာျဖစ္ပါတယ္။ “The Penthouse” ဇာတ္လမ္းတြဲအပါအဝင္ ဇာတ္လမ္း အမ်ိဳးမ်ိဳးမွာ ဗီလိန္ဇာတ္႐ုပ္နဲ႔ ပရိသတ္ ခ်စ္ခင္အားေပးမႈကို ရရွိထားသူ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.