အဆိုတော်တစ်ဦးတည်းရဲ့ ရုပ်ပုံတက်တူးအများဆုံးရှိခြင်းအတွက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့ ပေါ့ပ်တေးဂီတ ပရိသတ်တစ်ဦး

 948

Pika (NP News) - မေ ၂၉

အမေရိကန်ကနိုင်ငံက ပေါ့ပ်တေးဂီတ အမျိုးသမီးပရိသတ်တစ်ဦးသည် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ပေါ့ပ်ဂီတဘုရင်မအဖြစ်တင်စားခံထားရသော မက်ဒေါနား၏ ရုပ်ပုံတက်တူး(၁၈)ခုကို ထိုးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။

ပေါ့ဂီတဘုရင်မအဖြစ် တင်စားခံထားရသော မက်ဒေါနားကို ဂုဏ်ပြုသည့်အနေဖြင့် ၎င်း၏ ရုပ်ပုံတက်တူး(၁၈)ခုကို ထိုးခဲ့ခြင်းဖြစ်ကြောင်း တာရာဘယ်ရီက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ် Topeka မြို့တွင် နေထိုင်သော တာရာဘယ်ရီသည် ခန္ဓာကိုယ်ပေါ်တွင် အဆိုတော်တစ်ဦးတည်း၏ ရုပ်ပုံတက်တူးအများဆုံးရှိခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။ တာရာဘယ်ရီသည် ခန္ဓာကိုယ်ပေါ်တွင် နာမည်ကျော်ရက်ပ်ပါအဆိုတော် Eminem ၏ ရုပ်ပုံတက်တူး (၁၅)ခုကိုထိုးခဲ့သော ဗြိတိန်အမျိုးသမီး နစ်ကီပက်တာဆန်၏ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ မက်ဒေါနားက တက်တူးထိုးထားသည့် ၎င်း၏ပရိသတ်များကို သီချင်းဗီဒီယိုတစ်ခုတွင် ပါဝင်စေရန်အတွက် ရှာဖွေနေသည်ဟု ကြားခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် မက်ဒေါနား၏ ပထမဆုံးရုပ်ပုံတက်တူးကို ထိုးခဲ့ခြင်းဖြစ်ကြောင်း တာရာဘယ်ရီက ပြောကြားခဲ့သည်။

တာရာဘယ်ရီက 'နာမည်ကျော်ရက်ပ်ပါအဆိုတော် Eminem ရဲ့ ရုပ်ပုံတက်တူး(၁၅)ခုကို ထိုးထားတဲ့ အမျိုးသမီးက ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့တယ်လို့ ကြားလိုက်ရတဲ့အချိန်မှာ ကျွန်မမှာ မက်ဒေါနားရဲ့ ရုပ်ပုံတက်တူး(၂)ခုထိုးပြီးနေပါပြီ။ အဲဒီညမှာပဲ ဒီဂင်းနစ်စံချိန်ကို ရအောင်ယူမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့ပြီး တက်တူးဆရာကို ဖုန်းဆက်ခဲ့တာပါ။ သူကလည်း ကျွန်မကို ဆက်လုပ်ဖို့ အားပေးခဲ့တာပါ။ လူအတော်များများက ကျွန်မရဲ့ လက်မောင်းတွေမှာ ထိုးထားတဲ့ တက်တူးတွေကို ဓါတ်ပုံ ဒါမှမဟုတ် ဗီဒီယိုရိုက်လို့ရလားလို့ မေးခဲ့ကြပါတယ်။ အဲဒီလိုစကားတွေကြားခဲ့ရတဲ့အတွက် ကျွန်မတကယ်ကိုဝမ်းသာပါတယ်။ ဒီတက်တူးတွေထိုးဖို့အတွက် ပိုက်ဆံတွေချေးတာမျိုး၊ အပေးအယူလုပ်တာမျိုးတွေ လုပ်ခဲ့ရပါတယ်"ဟု ပြောဆိုခဲ့သည်။ ထို့ပြင် မက်ဒေါနား၏ ရုပ်ပုံတက်တူး(၁၈)ခု၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၉၈၀၀)ကျော်ရှိကြောင်း တာရာဘယ်ရီက ခန့်မှန်းပြောဆိုခဲ့သည်။

zawgyi version
အဆိုေတာ္တစ္ဦးတည္းရဲ႕ ႐ုပ္ပုံတက္တူးအမ်ားဆုံးရွိျခင္းအတြက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ေပါ့ပ္ေတးဂီတ ပရိသတ္တစ္ဦး
Pika (NP News) - ေမ ၂၉

အေမရိကန္ကႏိုင္ငံက ေပါ့ပ္ေတးဂီတ အမ်ိဳးသမီးပရိသတ္တစ္ဦးသည္ ၎၏ခႏၶာကိုယ္ေပၚတြင္ ေပါ့ပ္ဂီတဘုရင္မအျဖစ္တင္စားခံထားရေသာ မက္ေဒါနား၏ ႐ုပ္ပုံတက္တူး(၁၈)ခုကို ထိုးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ေပါ့ဂီတဘုရင္မအျဖစ္ တင္စားခံထားရေသာ မက္ေဒါနားကို ဂုဏ္ျပဳသည့္အေနျဖင့္ ၎၏ ႐ုပ္ပုံတက္တူး(၁၈)ခုကို ထိုးခဲ့ျခင္းျဖစ္ေၾကာင္း တာရာဘယ္ရီက ေျပာၾကားခဲ့သည္။ အေမရိကန္ႏိုင္ငံ ကန္းဆက္ျပည္နယ္ Topeka ၿမိဳ႕တြင္ ေနထိုင္ေသာ တာရာဘယ္ရီသည္ ခႏၶာကိုယ္ေပၚတြင္ အဆိုေတာ္တစ္ဦးတည္း၏ ႐ုပ္ပုံတက္တူးအမ်ားဆုံးရွိျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္သည္။ တာရာဘယ္ရီသည္ ခႏၶာကိုယ္ေပၚတြင္ နာမည္ေက်ာ္ရက္ပ္ပါအဆိုေတာ္ Eminem ၏ ႐ုပ္ပုံတက္တူး (၁၅)ခုကိုထိုးခဲ့ေသာ ၿဗိတိန္အမ်ိဳးသမီး နစ္ကီပက္တာဆန္၏ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ မက္ေဒါနားက တက္တူးထိုးထားသည့္ ၎၏ပရိသတ္မ်ားကို သီခ်င္းဗီဒီယိုတစ္ခုတြင္ ပါဝင္ေစရန္အတြက္ ရွာေဖြေနသည္ဟု ၾကားခဲ့ရၿပီးေနာက္ ၂၀၁၆ ခုႏွစ္တြင္ မက္ေဒါနား၏ ပထမဆုံး႐ုပ္ပုံတက္တူးကို ထိုးခဲ့ျခင္းျဖစ္ေၾကာင္း တာရာဘယ္ရီက ေျပာၾကားခဲ့သည္။

တာရာဘယ္ရီက 'နာမည္ေက်ာ္ရက္ပ္ပါအဆိုေတာ္ Eminem ရဲ႕ ႐ုပ္ပုံတက္တူး(၁၅)ခုကို ထိုးထားတဲ့ အမ်ိဳးသမီးက ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့တယ္လို႔ ၾကားလိုက္ရတဲ့အခ်ိန္မွာ ကြၽန္မမွာ မက္ေဒါနားရဲ႕ ႐ုပ္ပုံတက္တူး(၂)ခုထိုးၿပီးေနပါၿပီ။ အဲဒီညမွာပဲ ဒီဂင္းနစ္စံခ်ိန္ကို ရေအာင္ယူမယ္လို႔ ကြၽန္မဆုံးျဖတ္ခဲ့ၿပီး တက္တူးဆရာကို ဖုန္းဆက္ခဲ့တာပါ။ သူကလည္း ကြၽန္မကို ဆက္လုပ္ဖို႔ အားေပးခဲ့တာပါ။ လူအေတာ္မ်ားမ်ားက ကြၽန္မရဲ႕ လက္ေမာင္းေတြမွာ ထိုးထားတဲ့ တက္တူးေတြကို ဓါတ္ပုံ ဒါမွမဟုတ္ ဗီဒီယို႐ိုက္လို႔ရလားလို႔ ေမးခဲ့ၾကပါတယ္။ အဲဒီလိုစကားေတြၾကားခဲ့ရတဲ့အတြက္ ကြၽန္မတကယ္ကိုဝမ္းသာပါတယ္။ ဒီတက္တူးေတြထိုးဖို႔အတြက္ ပိုက္ဆံေတြေခ်းတာမ်ိဳး၊ အေပးအယူလုပ္တာမ်ိဳးေတြ လုပ္ခဲ့ရပါတယ္"ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ မက္ေဒါနား၏ ႐ုပ္ပုံတက္တူး(၁၈)ခု၏ စုစုေပါင္းတန္ဖိုးမွာ အေမရိကန္ေဒၚလာ(၉၈၀၀)ေက်ာ္ရွိေၾကာင္း တာရာဘယ္ရီက ခန႔္မွန္းေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.