တေးဂီတ application "Spotify" ဝန်ဆောင်မှုအသစ်တွေ ထပ်တိုးလာခြင်းနဲ့အတူ စျေးတက်လာ

 89

ရောင်နီ (NP News) - သြဂုတ် ၂၆
ကမ္ဘာကျော် တေးဂီတ application Spotify ဟာ သုံးစွဲသူ ၁ ဘီလီယံအတွက် ဝန်ဆောင်မှု အသစ်တွေ ထပ်တိုးပြီးနောက် လစဉ်၊ နှစ်စဉ် ကျသင့်ငွေကိုလည်း ဈေးနှုန်း တိုးမြှင့်တင်သွားမယ်လို့ Financial Times မှ တေးဂီတ ထုတ်လွှင့်မှုဝန်ဆောင်မှုပေးသူ တွဲဖက်ဥက္ကဌ၊စီးပွားရေးအရာရှိချုပ် အဲလက်နော်စတန်က တနင်္ဂနွေနေ့ (ဩဂုတ်လ ၂၄ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီဟာ အမြတ်အစွန်း မြှင့်တင်ဖို့ မျှော်မှန်းထားတာကြောင့် အချို့ စျေးကွက်တွေမှာ ပရီမီယံအဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ လစဉ် ကျသင့်ငွေကို တိုးမြှင့်သွားမယ်လို့ သြဂုတ်လအစောပိုင်းကတည်းက ပြောကြားခဲ့တာပါ။ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိက နဲ့ အာရှပစိဖိတ်ဒေသ အပါအဝင် စျေးကွက်တွေမှာ ယူရို ၁၀.၉၉ မှ ယူရို ၁၁.၉၉ (S$18) အထိ ဈေးနှုန်းတွေ မြင့်တက်သွားမယ်လို့ ၎င်းက ဆိုပါတယ်။ "စျေးနှုန်းတိုးမြှင့်ခြင်းနဲ့ စျေးနှုန်းချိန်ညှိခြင်းဟာ စီးပွားရေးရဲ့တစိတ်တစ်ပိုင်းဖြစ်ပြီး အားလုံးနားလည် သဘောပေါက်စေလိုပါတယ်" လို့ မစ္စတာနော်စတန် က ဆိုပါတယ်။
Spotify ဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း ကုန်ကျစရိတ်လျှော့ချဖို့ ကြိုးပမ်းမှုအနေနဲ့ စျေးနှုန်းတွေ တိုးမြှင့်ခဲ့ဖူး တာကြောင့် အခုတစ်ခေါက်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Zawgyi Version:
တေးဂီတ application "Spotify" ဝန်ဆောင်မှုအသစ်တွေ ထပ်တိုးလာခြင်းနဲ့အတူ ဈေးတက်လာ
ကုမ္ပဏီဟာ အမြတ်အစွန်း မြှင့်တင်ဖို့ မျှော်မှန်းထားတာကြောင့် အချို့ ဈေးကွက်တွေမှာ ပရီမီယံအဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ လစဉ် ကျသင့်ငွေကို တိုးမြှင့်သွားမယ်လို့ သြဂုတ်လအစောပိုင်းကတည်းက ပြောကြားခဲ့တာပါ။ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပ၊ လက်တင်အမေရိက နဲ့ အာရှပစိဖိတ်ဒေသ အပါအဝင် ဈေးကွက်တွေမှာ ယူရို ၁၀.၉၉ မှ ယူရို ၁၁.၉၉ (S$18) အထိ ဈေးနှုန်းတွေ မြင့်တက်သွားမယ်လို့ ၎င်းက ဆိုပါတယ်။ "ဈေးနှုန်းတိုးမြှင့်ခြင်းနဲ့ ဈေးနှုန်းချိန်ညှိခြင်းဟာ စီးပွားရေးရဲ့တစိတ်တစ်ပိုင်းဖြစ်ပြီး အားလုံးနားလည် သဘောပေါက်စေလိုပါတယ်" လို့ မစ္စတာနော်စတန် က ဆိုပါတယ်။
Spotify ဟာ ပြီးခဲ့တဲ့နှစ်တွေကလည်း ကုန်ကျစရိတ်လျှော့ချဖို့ ကြိုးပမ်းမှုအနေနဲ့ ဈေးနှုန်းတွေ တိုးမြှင့်ခဲ့ဖူး တာကြောင့် အခုတစ်ခေါက်မှာတော့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Related news

© 2021. All rights reserved.